ဧဇရမှတ်စာ ၄
(င) ဗိမာန်တော်တည်ဆောက်ရန် ဆန့်ကျင်ကြခြင်း (အခန်း ၄)
၁။ ကုရုမင်းလက်ထက် (၄:၁–၅)
၄:၁–၃ အငယ် ၁တွင်ပါရှိသည့် အဖျက်သမားယုဒနှင့် ဗင်္ယာမိန်အမျိုးများမှာ ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံကြရာတွင် မပါဝင်ဘဲ၊ အခြားတိုင်းပြည်သို့ ထွက်ပြေးသော မျိုးမစစ်သူများဖြစ်သည်။ ထိုသူများသည် ရောက်လေရာအရပ်၌ အိမ်ထောင်ကျ၍ သွေးနှောသဖြင့် ယုဒလူမျိုးအစစ်ဟုမယူဆနိုင်။ ယေရုဗာဗေလ လက်ထက်တွင် ပြည်တော်ပြန်ဝင်လာကြပြီး ဗိမာန်တော်ဆောက်ကူလို ဟန်ဆောင်ကြသည်။ ယေဟောဝါဘုရားကို ကိုးကွယ်မည်ဟု ဆိုကြသော်လည်း စိတ်သဘော အရင်းတွင်မူ ရုပ်တုဘုရားတုများသာ ရှိကြသည်။ သို့ကြောင့် ဣသရေလလူကြီးသူကြီးများက သူတို့ ကမ်းလှမ်းချက်ကို ပယ်ချကြသည်။
၄:၄၊ ၅၊ ၂၄ ထိုနည်းလမ်းဖြင့် ဝင်ရောက်၍ မရသောအခါ မျိုးမစစ်ကပြားများသည် နည်းဗျူဟာ ပြောင်းလဲကြသည်။ ပထမဦးစွာ ယုဒလူများအား စိတ်ပျက်အားလျော့အောင် ပြုလုပ်ကြသည်။ ဗိမာန်တော်ဆောက်လုပ်ခြင်းအား နှောင့်ယှက်ကြသည်။ ရှေ့နေရှေ့ရပ်အတိုင်ပင်ခံ ငှါးရမ်း၍ ဥပဒေကြောင်းလမ်းအရ ဝင်ကြသည်။ ဗိမာန်တော် ဆောက်လုပ်ခြင်းကို ကဖျက်ကရက် ပြုကြသည်။
အပိုဒ်ငယ် ၂၄သည် ဖြစ်စဉ်အကြောင်းအရာ အရ အငယ် ၄၊၅ နှင့် ဆက်စပ်သည်။ ထိုသို့ အဖျက်အမှောင့် သမားများကြောင့် ဒါရိမင်းနန်းစံ ဒုတိယနှစ်တိုင်အောင် တိုးလို့တန်းလန်းဖြင့် လုပ်ငန်းရပ်ဆိုင်းရသည်။
၂။ အာရွှေရုမင်းလက်ထက် (၄:၆)
၄:၆ အငယ် ၆တွင်ပါရှိသည့် အာရွှေရုလက်ထက်ပေးစာသည် ယုဒလူများ၏ ဗိမာန်တော်ဆောက်လုပ်ခြင်းအား ခြိမ်းခြောက်စာဖြစ်သည်။ ငယ် ၇-၂၃ တွင်ပါရှိသည့် ပေးစာသည် အာတဇေရဇ်မင်းလက်ထက်တွင် ဖြစ်၍ မြို့တော်နှင့် မြို့ရိုးပြန်လည်တည်ဆောက်ခြင်းအား ဖျက်လိုဖျက်ဆီးလုပ်သည့်စာဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းဆိုင်းငံ့ရပြန်သည်။
၃။အာတဇေရဇ်မင်းလက်ထက် (၄:၇–၂၃)
၄:၇–၂၃ အာရွှေရုမင်း(ငယ်၆) နှင့် အာတဇေရဇ်မင်း (ငယ် ၇) တို့၏ ရှေးကျသော ဒါရိမင်းလက်ထက်တွင် ဗိမာန်တော်ဆောက်လုပ်ခြင်းလက်စသတ်ကြသည်။ ငယ်၆-၂၃ တွင်ပါရှိသည့် ပေးစာသည် ဗိမာန်တော်ဆောက်လုပ်ပြီးစီးမှ ပစ်စာဖြစ်သည်။ ဗိမာန်တော်ပြီးစီးပြီဖြစ်၍ မြို့ရိုးခံတပ်ခိုင်ခံအောင် ဆောက်လုပ်ဖို့ စီမံကိန်း ရေးဆွဲကြသည်။ သို့သော်အများပြည်တူနည်းတူ ပါဝင်အားထုတ်ခြင်းမပြုဘဲ၊ အဖျက်အမှောက်လုပ်ငန်းလုပ်ကြုသည်။
၄:၆–၆:၈ ကိုဟေဗြဲဘာသာဖြင့် မရေးဘဲ၊ အာရမိတ်ဘာသာဖြင့် မူရင်းကျမ်းတွင် ရေးထားသည်။ ထိုခေတ်ကာလ၌ ပါရှားအရာရှိမင်း၏ ရုံးသုံးစကားဖြစ်သည်။