ဧဇရမှတ်စာ ၇

၂။ ဧဇရလက်ထက်တွင် ပြည်တော်ပြန်ဝင်လာကြခြင်း (အခန်း ၁၀)

(က) အာတဇေရဇ်၏မင်းစေတနာ သဒ္ဒါတရား (အခန်း၇)

: အခန်း ၆နှင့်၇ကြား ကာလတွင် နှစ်ပေါင်း (၅၈)နှစ်ကြာသည်။ (နိဒါန်းတွင် ဧဇရ၊ နေဟမိနှင့် ဧသတာတို့၏ နန်းစဉ်ကာလကို ကြည့်ပါ)။ ထိုကာလတွင် ဒါရိမင်းကို အာရွှေရုက လုပ်ကြံသည်။ နန်းစံကာလအကြောင်းကို ဧသတာဝတ္ထုတွင် မှတ်တမ်းတင်ထားသည်။ အာရွှေရုမင်းနောက်တွင် အာတဇေရဇ်မင်း (Longimanus)နန်းဆက်ခံသည်(ငယ် ၁)။

ဧဇရ၏ ဆွေစဉ်မျိုးဆက်စာရင်းကို ငယ် ၁-၅ တွင် လိုရင်းတိုရှင်း ရေးထားသည်။ ထိုအကြောင်းကို G.Cambell Morganကဤသို့ရေးထားသည်။

ဘုရားသခင်၏ အလိုတော်ဖြင့် ပေါ်ထွန်းလာသောသူဖြစ်သည့်အတိုင်း ဗျာဒိတ်ရူပါရုံ အထွေအထူးရရှိခြင်းမရှိဘဲ၊ တမျိုးတဖုံထူးခြားစွာပေါ်ထွန်းသည်။ ရှေးထုံးနည်းနာမျိုးကိုလည်း နှံ့စပ်၍ ကျွမ်းကျင်စွာ အသုံးချနိုင်သည်။သို့ဖြင့် ဧဇရသည် အုတ်မြစ်ပန္နက်အသစ်ဖြစ်လာသည်။ ဥပဒေရေးရာ ဓမ္မထုံးတမ်းစဉ်လာသာမက ပြင်ပလောက၌လည်း ကျွမ်းကျင်လိမ္မာသူဖြစ်သည်။ သူ၏အရည်အချင်း ပြည့်ဝတောက်ပြောင်ပုံကိုလည်း အခန်းငယ်(၁၀)တွင် တစေ့တစောင်း တွေ့ရှိနိုင်သည်။ “တရားတော်ကို ရှာဖွေ စီရင်ထုံးဖွဲ့သွန်သင်သည်။၁၀

 :၁၀ ထူးခြားပြောင်မြောက်သော ကိုယ်ရည်ကိုယ်သွေး ရှိသည့်အတိုင်း မောရှေစီရင်ထုံးကိုလည်း နှံ့စပ်ကျွမ်းကျင်သည်။ ဧဇရသည် ဟင်းလေးအိုးစာအုပ်ကြီးဟု ခေါ်ထိုက်သူဖြစ်သည်။ ဆာလံ(၁)မှ ပထမအခန်းငယ်(၃)ခုသည် ဧဇရကို ဖွဲ့ဆိုခြင်းဖြစ်သည်။၁၁ အဘယ်ကြောင့်ဆိုသော် နေ့ညဉ့်မပျက်ဘုရားသခင်၏  တရားတော်ကို ဆင်ခြင်မွေ့လျော်သည်။ ဘုရားသခင်၏အမှုတော်ထမ်းဆောင်ရာ၌ပျော်ရွင်သည်။ အမျက်တော် ထွက်စဉ်  ဆိုးညစ်သော ဘုရင်များကိုသုံး၍ ယုဒလူများအား ပြည်ပသို့ ဖမ်းဆီးခေါ်ဆောင်ခိုင်းသော်လည်း၊ ဧဇရကို အသုံးပြု၍ ယေရုရှလင်သို့ ပြန်လည်ခေါ်ဆောင်လာသည်။

 :၁၁၂၆ ပါရှားဘုရင် အာတဇေရဇ်က ယဇ်ပုရောဟိတ် ဧဇရသို့ ပေးစာကို မှတ်တမ်းတင်ထားသည်။ ယေရုရှလင်သို့ လိုက်ပါလိုသူများ လိုက်လံစည်းရုံးသည်။ သို့သော် မောရှေ၏ ပညတ်တရားများကို လိုက်နာစောင့်ထိန်းရမည်။ ရှင်ဘုရင်နှင့် မှူးမတ်ကြီးများ စေတနာ အလှူငွေထည့်ဝင်ကြသည်။ ထိုအလှူငွေများကို ဗိမာန်တော် ပြုပြင်မွမ်းမံစရိတ်အဖြစ် သုံးကြသည်။ ငွေ၊ ဂျုံဆန်၊ ဝိုင်၊ ဆီ၊ ဆား အစရှိသည့် လှူဖွယ်ဝတ္ထုများ အမြောက်အမြားရရှိကြသည်။ နောက်ဆုံ:အမယ်(၄)မျိုးသည် ယုဒထုံးစံအရ ပူဇော်သက္ကာပြုရာ ဘောဇဉ်များဖြစ်သည်။ ဗိမာန်တော်သို့ စနစ်တကျပေး လှူ၍ စီမံခန့်ခွဲကြသည်။ အလှူ ဘဏ္ဍာပမာဏများပြားလှသဖြင့်ဧဇရက ကရုဖရက်မြစ်အနောက်ဘက်ကမ်းဒေသ အုပ်စိုးဖို့ အစိုးရမင်းနှင့် တရားသူကြီးများ ခန့်အပ်သည်။ တရားသူကြီးဆိုသည်မှာ ဘုရားသခင်၏ပညတ်တရားများ သွန်သင်ပေးဖို့ ဖြစ်သည်။

 :၂၇၂၈ ဗိမာန်တော်ကို တင့်တယ်အောင် ရှင်ဘုရင်၏ စိတ်နှလုံးကို သိမ်မွေ့စေသော ဘုရားသခင်၏နာမတော်ကို ချီးမွမ်းကြသည်။ ဧဇရသည် ခွန်အားသတ္တိအစွမ်းပေးသော ဘုရားကို ထောမနာပြုသည်။ ဘုရားသခင်က အစွမ်းသတ္တိပေးသည့် အတိုင်း ဧဇရသည် ဣသရေလခေါင်းဆောင်များကို စုဝေး၍ ယေရုရှလင်သို့ ပြည်တော်ဝင်သည်။၁၂

Previous Article
Next Article