ဧဇရမှတ်စာ ၉

(​) သွေးနှောအိမ်ထောင်ပြုခြင်းနှင့် ဧဇရ၏ဆုတောင်းချက်(အခန်း )

 : ယေရုရှလင်တွင်ဧဇရမနေခဲ့ရသည့် ကာလရှည်အတွင်း၌ အုပ်စိုးသူမှူးကြီး၊ မတ်ရာများနှင့် ပြည်သူများသည် ယုဒအမျိုးမဟုတ်သော အခြားလူမျိုးများနှင့် သွေးနှောအိမ်ထောင်ပြုကြကြောင်း ရပ်ရွာလူကြီးများက လာရောက်တိုင်တန်းကြသည်။ ဣသရေလများ သမိုင်းကြောင်းတွင် ဘုရားသခင်၏ အရေးယူအပြစ်ပေးခြင်းသည်လည်း ထိုအချက်ပါဝင်သည်။ ထွ ၃၄:၁၆၊ တရား ၇:၃တွင် ဘုရားသခင်ကို စင်ကြယ်စွာပြုရမည်ဟု တရားတော်အတိအလင်းပြဌာန်းထားသည်။ ရွေးကောက်တော်မူထားသော လူမျိုးများအား အခြားလောကများနှင့် ရောနှောပြွမ်းတီး၍ ဒုစရိုက်လောကထဲတွင် မနေစေချင်။ တသီးတသန့် ဖြစ်စေချင်သည်။

 : ထိုသို့ သွေးနှောထိမ်းမြားကြခြင်း သတင်းကြားသိသောအခါ ဧဇရသည် အံသြထိတ်လန့်သွားသည်။ စိတ်နှလုံးမချမ်းမြေ့သောကြောင့် နေဝင်မိုးချုပ်တိုင်အောင် တရားဆင်ခြင်သည်။ ဝတ်ရုံကို စုတ်ဖြဲ၍ မုတ်ဆိတ်ကျင်စွယ်များကို ဆွဲနုတ်ပစ်သည်။ ဧည့်ပရိသတ်များက အသက်ပင် မှန်မှန် မရှူရဲ ၊ မျက်လုံးအဝိုင်းသားဖြင့်ကြည့်နေကြသည်။

:၁၅ ညဦးယံ ပူဇော်ချိန်တွင် ဧဇရသည် ဒူး​ထောက်လျက် ဣသရေလူမျိုးများ၏ အပြစ်ကို ယေဟောဝါဘုရားသခင်ထံ အော်ဟစ်တောင်းပန်သည်။ ပြည်သူများ၏အပြစ်ကို သူပြုသောဒုစရိုက်အပြစ်ခံယူသည်။ ပြည်သူပြည်သားများကဲ့သို့ နစ်ဝင်နေသောဆူး  ကို ယခုဘဲ ဆွဲနုတ်ပေးသောဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းပါသည်ဟု ဆင့်ခါဆင့်ခါ တောင်းလျှောက်သည်။ အငယ် ၈၌ပါရှိသော စို့ကို အချို့က ဘေးကင်းလုံခြုံခြင်းဟု ယူဆ၍ အချို့က ဘုရားသခင်အား မှီခိုခြင်းဟုဆိုသည်။ Ironside ကမူ ခရစ်တော်ကိုရည်ညွှန်းသည်ဟု ဆိုသည်။

ဆူး(NKJV ကျမ်းစာမူတွင် စို့ )သည် ဟေရှာယ၏ ပရောဖက်ပြုချက်”မြဲသောအရပ်၌ တံစို့” ဖြစ်သည်မှာ သေချာသည်။ ယေရှုခရစ်တော်ပေါ်သို့ ယေဟောဝါဘုရားသခင်၏ ဘုန်းတန်ခိုးစွဲတည်ခြင်း ဖြစ်သည် (ဟေရှာ ၂၂:၂၁-၂၅)၁၅

သွေးနှောထိမ်းမြား အိမ်ထောင်ပြုခြင်းသည် ဘုရားသခင်ရှေ့တော်၌ လုံ:ဝမသင့်လျော်ဟု ဧဇရကအတိအလင်း ရှုတ်ချသည်။ ဘုရားသခင်ရှေ့မှာ အပြစ်ဝန်ခံခြင်းမှတစ်ပါး စကားကြောရှည်စရာမရှိ။

Previous Article
Next Article