ဇာခရိအနာဂတ္တိကျမ်း ၇
၄။ ဗေသလယုဒများ အစာရှောင်ခြင်းမေးခွန်း (အခန်း ၇–၈)
(က) အစာရှောင်ခြင်းအကြောင်းမေးခွန်း (၇:၁–၃)
အခန်း ၇နှင့်၈သည် အခန်းနှစ်ခုအဖြစ်ခွဲခြားသော်လည်း အခန်းနှစ်ခုစလုံးသည် အစာရှောင်ခြင်း အကြောင်းဖြစ်သည်။ ဗေသလမှကိုယ်စားလှယ်များ (NKJV Marg)၈သည် ယေရုရှလင်မြို့ပျက်သုဉ်းခြင်း နှစ်ပတ်လည်အခါသမယရောက်လေတိုင်း ခြိုးခြံကျင့်ကြံလေ့ရှိသော အစာရှောင်ခြင်းကို ဆက်လက်ဆောင်တည် ရန် လိုမလို လာရောက်မေးမြန်းကြသည်။ သူတို့သည် နှစ်ပေါင်း(၇၀)လုံးလုံး ထိုသို့အစာရှောင်လာခဲ့ကြပြီး ဖြစ်သည်။
(ခ) ပထမနှုတ်ကပတ်တော် (၇:၄–၇)
အဓိပ္ပါယ်- အစာရှောင်ခြင်းမှာ ဘုရားသခင်၏အကြံအစည်မဟုတ်။ သူတို့သဘောဆန္ဒအတိုင်း ကောင်းသည်ဟု ထင်၍ လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားအလိုရှိသည်မှာ ထုံးတမ်းဓလေ့ မဟုတ်ဘဲ စစ်မှန်ခြင်း တရားသာ ဖြစ်သည်။
အထက်ပါမေးခွန်းကို (၇:၄-၇။ ၇:၈-၁၄၊ ၈:၁-၁၇။ ၈:၁၈-၂၃)တို့တွင် ပုံစံလေးမျိုးဖြင့် အဖြေပေးထား သည်။ ပထမဗျာဒိတ်မှာ ပဉ္စမလနှင့် သတ္တမလ အစာရှောင်ခြင်းနှစ်ခုစလုံးသည် ဘုရားသခင်က ပြဋ္ဌာန်းပေးခြင်း မဟုတ်။ သူတို့သဘောအတိုင်း အစာရှောင်ခြင်းဖြစ်သည်။ ဘုရားသခင်အတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ၊ မိမိတို့ အတွက်သာ ရည်ရွယ်သည်။ ယေရုရှလင်မပျက်သုဉ်းမီကပင် ရှေးပရောဖက်များက ဘုရားသခင်သည် ဓလေ့ထုံး တမ်းထက် ဖြောင့်မတ်ခြင်းကိုသာ လိုလားတော်မူကြောင်း သတိပေးခဲ့ကြပြီးဖြစ်သည်။
(ဂ) ဒုတိယနှုတ်ကပတ်တော် (၇:၈–၁၄)
အဓိပ္ပါယ်- လူများသည် တရားမျှတစွာမကျင့်၊ ဖြောင့်မတ်ခြင်းနှင့် ကရုဏာတရားမရှိကြသောကြောင့် အပြစ်စီရင်ခြင်းခံကြမည်။
ဒုတိယနှုတ်ကပတ်တော်တွင် အဘယ်ကြောင့် တရားစီရင်မည့်အကြောင်း ရှင်းပြထားသည်။ လူမျိုးများ အား မျှတခြင်းတရား၊ မေတ္တာတရား၊ ကရုဏာတရားထားကြဖို့ သွန်သင်သော်လည်း လိုက်နာခြင်းမရှိကြ။ တရားတော်ကို နင်းခြေပစ်ကြသည်။ ထိုသို့ မနာခံ ငြင်းဆန်ကြသောကြောင့် သူတို့ဆုတောင်းသံများကိုလည်း ဘုရားရှင်က နားမညောင်း၊ အမျက်တော်သင့်၍ ထိုလူမျိုးအား ဖရိုဖရဲအရပ်ရပ်ကွဲလွင့်စေသည်။ ထိုအရပ်ဒေသကို လည်း ကန္တာရ လွင်တီးခေါင်ဖြစ်စေသည်။ တနည်းအားဖြင့် သူတို့၏အစာရှောင်ဆုတောင်းခြင်းသည် မနာခံခြင်း နှင့် အပြစ်ကျူးလွန်ကြောင်း အထုပ်ဖြေခြင်းဖြစ်သည်။ ထိုအကြောင်းကို William Kellyက ဤသို့ သတိပေး ထားသည်။
မည်သို့ပင်ဆိုစေ၊ အမိန့်ပြန်တမ်းအားဖြင့် ဖြောင့်မတ်သော အသက်တာကို အစားမထိုးနိုင်ပါ။ ဘုရား အမြင်၌ ၎င်းတွင် ယုံကြည်ခြင်း ချို့တဲ့နေသည်။၉