အာမုတ်အနာဂတ္တိကျမ်း ၈

() နွေအသီးများထည့်ထားသောခြင်းတောင်း (အခန်း၈)

: နွေသစ်သီးထည့်ထားသောခြင်းတောင်းဆိုသည်မှာ ဣသရေလများ တရားစီရင်ခြင်းခံရဖို့ အချိန်တန်ကြောင်း ရည်ညွှန်းသည်။ ဘုရားသခင်ကနည်းနည်းမှ သက်ညှာမည်မဟုတ်။ လူချမ်းသာများက ဆင်းရဲသားများအား ခေါင်းပုံဖြတ်ကြသည်။ ချမ်းသာကြွယ်ဝမှုကို မတင်းတိမ်နိုင်ကြ။ လိုချင်လောဘဇောတိုက်ကြသည်။ ရလေလိုလေအိုတစ္ဆောဖြစ်သည်။ အလေးတင်းတောင်းအခြင်အတွယ်မမှန်မကန် သုံးကြသဖြင့် သူတို့စီးပွားကို ဖျက်ဆီးပစ်မည်။

          :၁၂ ဤကျမ်းပိုဒ်သည် အရေးယူအပြစ်ပေးသည့် အနေဖြင့် ထိုအရပ်ဒေသတွင် မြေငလျင်ကြီး လှုပ်မည်။ ကမ္ဘာပြင်တစ်ခုလုံးနေ့လည်နေ့ခင်းတွင် မှောင်မိုက်ကျရောက်မည်။ အိမ်တိုင်းအိမ်တိုင်း ပရိဒေဝတောက်လောင်ကြမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ငမ်းငမ်းတက်ကြားနာလိုကြလိမ့်မည်။ သို့သော် အလှမ်းဝေးလေပြီ။ မိုးခေါင်၍ အငတ်ဘေးကပ်သင့်ကြမည်။

:၁၃၁၄ ဆွဲဆောင်မှုကောင်းသော ဣသရေလသမီးပျိုငယ်မောင်မယ်များသည် မှားယွင်းသော ဘုရားငယ်များ ကိုးကွယ်မှုကြောင့် ငတ်မွတ်ဆင်းရဲကြမည်။ လူများသည် မိမိတို့ကိုးကွယ်သော ဘုရားများ ထံမှ အကူအပံ့တောင်းဆိုကြသော်လည်း အချည်းနှီး ဖြစ်ကြမည်။

Previous Article
Next Article