အာမုတ်အနာဂတ္တိကျမ်း ၇

၃။ တရားစီရင်ခြင်းနီးကပ်လာကြောင်း နိမိတ်လက္ခဏာ (::၁၀)

(က) ကျိုင်းကောင်ကပ်ဘေးကျခြင်း(:)

အပိုဒ်ငယ် ၁ မှ ၉ အထိ အာမုတ်က သူ့လူများအား နိမိတ်လက္ခဏာ (၃)ခုပေးထားသည်။ ပထမဆုံးအချက်မှာ အာရှုရိဘုရင် ပူလမင်းလက်ထက်၌ ကျရောက်သကဲ့သို့ ကျိုင်းကောင် ကပ်ဆိုး ကျရောက်လာမည်။ အာမုတ်၏ ဆုတောင်းခြင်းဖြင့် ထိုအပြစ်စီရင်ခြင်းအား ဘေးဖယ်ပေးသည်။

() မီးလောင်ခြင်း (:)

ဒုတိယနိမိတ်လက္ခဏာမှာ တိဂလတ်ပိလေသာမင်း လက်ထက်တွင် မီးလောင်ကျွမ်းကသဲ့သို့ မီးဘေးသင့်ကြမည်။ သို့သော် ထိုမီးငြိမ်းသတ်ရန် ယာကုပ်သည် အသက်အရွယ် ငယ်သေးသောကြောင့် ထိုကပ်ဆိုးမှ ချမ်းသာရာရကြမည်။

() ချိန်သီးကြိုး (:)

တတိယနယ်နိမိတ်လက္ခခဏာမှာ Shalmaneser မင်း ရှမာရိကို ဖျက်ဆီးမည့်အကြောင်းဖြစ်သည်။ ချိန်သီးဆိုသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်စွာစီရင်ခြင်း အကြောင်းဖြစ်သည်။ ဣသရေလ လူမျိုးအပေါ် သက်ညှာမည်မဟုတ်။ ဘေးရန်ဖယ်ရှားပေးမည်မဟုတ်ဟု အတိအလင်းကျေညာထားသည်။

() စကားညှပ်၊ ခြိမ်းခြောက်ခြင်းမဟုတ်ကြောင်း အာမုတ်ငြင်းဆိုခြင်း (:၁၀၁၇)

:၁၀၁၃ ရုပ်တုဝါဒီ ဗေသလယဇ်ပုရောဟိတ် အာမဇိက ဗေသလ ဘုရင့်နေပြည်တော်တွင် ပရောဖက်မပြုရန် တားမြစ်သည်။ မိမိနေရပ်ဌာနေယုဒပြည်သို့ ပြန်ခိုင်းသည်။

          :၁၄၁၇ အာမုတ်က သူသည်ဘုရားသခင် စေလွှတ်သောပြောခိုင်းသည့်အတိုင်း ဟောပြောခြင်းဖြစ်၍ နှုတ်ပိတ်မနေနိုင်ဟုဆိုသည်။ သူသည်ပရောဖက်မဟုတ်။ ပရောဖက်မျိုးရိုးလည်းမဟုတ်။ ဘုရားသခင်ပြောခိုင်းသော စကားကိုပြောခြင်းသက်သက် ဖြစ်သည်။ သို့ကြောင့် အာမုတ်က ပရောဖက်အာဇိ၊ ဇနီးနှင့်သားသမီးများ ထိုအရပ်ဒေသတွင် ကြမ္မာဆိုး ငင်မည့်အကြောင်း ပြတ်ပြတ်သားသားဆက်လက်ဟောပြောသည်။

Previous Article
Next Article