ဒံယေလအနာဂတ္တိကျမ်း ၁

၁။ ဒံယေလနှင့်အဖော်တို့၏ခိုင်မြဲသောယုံကြည်မှု (အခန်း )

၁:၁-၇ ယောယကိမ်မင်း ယေရုရှလင်တွင် နန်းစံ (၃) နှစ်ပြည့်သောနှစ်တွင် ဗာဗုလုန်ဘုရင်နေဗုခပ်နေဇာသည် စစ်သည်ဗိုလ်ပါ အလုံးအရင်းဖြင့် လာရောက် ဝိုင်းရံတိုက်ခိုက်သည်။ နေဗုခပ်နေဇာမင်းကြီးက ယုဒလူငယ်လူရွယ်များနှင့် ပညာတတ်များကို သူ့အားခစားလုပ်ကျွေးစေသည်။ ထိုလူငယ်လူရွယ်ပညာတတ်များထဲတွင် ဒံယေလ၊ ဟာနနိ၊ မိရှေလနှင့် အာ‌‌ဇရိတို့လည်း ပါဝင်သည်။ ခါလဒဲနာမည်များမှာ ဗေလတရှာဇာ၊ ရှာဒရက်၊ မေရှက်၊ အဗေဒနဂေါတို့ဖြစ်သည်။ ဘုရင့်အမိန့်အရ ဘုရင့်စားကြွင်းစားကျန်များကို ပွဲတော်တည်ကြရသည်။ ထိုအစားအစာများသည် များသောအားဖြင့် မသန့်ရှင်းသောအစာများဖြစ်သည်။ ဓမ္မဟောင်းပညတ်ချက်များအရဆိုလျှင် ရုပ်တုဆင်းတု ကိုးကွယ်ခြင်းဖြစ်သည်။ စားကြွင်းစားကျန်များသည် ယုဒထုံးစံအရ မစင်ကြယ်။

အပိုဒ်ငယ် ၁ နှင့် ယေ ၂၅:၁ အကြားတွင် ကွာဟချက်တွေ့ရသည်။ ဤကျမ်းပိုဒ်တွင် နေဗုခပ်နေဇာသည် ယေရုရှလင်အား ယောယကိမ် နန်းစံတတိယနှစ်တွင် သိမ်းပိုက်သည်ဟုဆိုိုသည်။ ယေရမိကျမ်းတွင်မူ ယေရောကိမ်နန်းစံ စတုတ္ထနှစ်တွင် နေဗုခပ်နေဇာ ပထမနှစ် နန်းစံသည်ဟု ဆိုထားသည်။ ဤကွာခြားချက်သည် ယုဒလူမျိုးနှင့် ဗာဗုလုန်တို့၏ သမိုင်းမှတ်ချက်ရာကွာခြားချက် ဖြစ်သည်။

၁:၈-၁၂ ဒံယေလသည် ထိုအစားအစာများကို စားသုံးရန် ငြင်းပယ်သည်။ ပွဲတော်ကျစားကောင်းသောက်ဖွယ်များအစား ဟင်းသီးဟင်းရွက်နှင့် ရေကို သာပေးရန် တောင်းဆိုသည်။  စားတော်ကဲ အာရှပေနတ် Ashpenaz သည် (ယုဒထုံးစံနှင့် ယုဒဘုရားမသိသူ)ထို စကားကြားသောအခါ အံ့သြတုန်လှုပ်မိသည်။ အကယ်၍ ထိုတောင်းဆိုသည့်အတိုင်း မလုပ်ပေးလျှင် တခုခု ဖြစ်မည်စိုးရိမ်သည်။ သို့ကြောင့် တောင်းဆိုသည့်အတိုင်း လိုလေသေးမရှိရအောင် လုပ်ပေးသည်။

၁:၁၃-၂၁ ဟင်းသီးဟင်းရွယ်သက်သတ်လွတ်စားရသောအခါ သက်သတ်လွတ်စားသောသူများနှင့် မျက်နှာယှဉ်ကြည့်ရန် တောင်းဆိုသည့်အတိုင်း ဆယ်ရက်လွန်မြောက်သောအခါ ဒံယေလတို့အဖွဲ့သည် အသားစားသူများထက် ဆယ်ဆအဆင်းလှကြောင်း တွေ့ရသည်။ သို့ကြောင့် သူတို့အကျင့်ကို ဘုရင်က အသိအမှတ်ပြုသည်။ ဘုရားသခင်က အသိဉာဏ်ပညာ၊ အထူးထူးသော သိပ္ပံအတတ်ပညာ၊ ထိုးထွင်းနားလည်နိုင်သော ဉာဏ်သတ္တိတို့ကို ပေးသနားတော်မူသည်။

Previous Article
Next Article