ယေရမိအနာဂတ္တိကျမ်း ၄၉

() အမ္မုန်အမျိုး (၄၉:)

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး နောက်ပိုင်းတွင်အမ္မုန် လူမျိုးသည် ရုဘင်နှင့်ဂဒဲနယ်ကိုပိုင်ဆိုင်ကြသည်။  ထိုလူမျိုးသည် မာနထောင် လွှားခြင်း၊ မိမိကိုယ်ကို အားကိုး ယုံကြည်လွန်းခြင်းအတွက် တရားစီ ရင်ခြင်းခံရသည်။ သို့သော် မျိုးတုံးမျိုးကန်းခြင်းသို့ မရောက်ရ။

  ()ဧဒုံအမျိုး (၄၉:၂၂)

ဧဒုံလူမျိုးသည် ဉာဏ်ပညာ ထက်မြတ်သောကြောင့် မာန တတ် ကြသည်။ မိမိကိုယ်ကို ကျောက်ကြားတို့၌ နေ၍ တောင်ထပ်ကို ခိုလှုံသူဟု ထင်မှတ်ကြသည်။ သို့သော် ထိုဉာဏ်ပညာမာနကို ဘုရား သခင်က အသိအမှတ်မပြု။  Williamn က အပိုဒ်ငယ် ၁၂ အစ ပိုင်း သည် ဣသရေလလူမျိုး၊နောက်ပိုင်းသည် ဧဒုံလူမျိုးဖြစ်သည်။ ဘုရားသခင်သည် သူ့သားသမီးများကို ဆုံးမတော်မူလျှင် ဘုရားသားသမီး မဟုတ်သူများကို မည်မျှ အရေးယူမည်နည်း” ဟု ကောက်ချက်ချထားသည်။ ဧဒုံလူမျိုး ပြန်လည်းပေါ်ပေါက် ထွန်းကားမည့်အကြောင်း ကတိတော်မတွေ့ရပါ။

() ဒမာသက်အမျိုး (၄၉:၂၃၂၇)

ဒမာသက်(ဆီးရီးယား) များသည်လည်း ပြားပြားဝပ်ပျက်စီးကြမည်။ လူငယ်လူရွယ်များလမ်းမပေါ်တွင် ပျက်စီးကြ၍ စစ်သားများသည်လည်း ပျက်စီ:ခြင်းခံရမည်။  ဒမာသက်မြို့လည်း မီးလောင်မည်။  အပိုဒ်ငယ် (၂၅)တွင် ပါရှိသည့်မြို့သည် ဘုရားသခင်ကိုယ်တိုင်ထက် ဘုရားသခင်၏မြို့များကို ဆိုလိုဟန်ရှိသည်ဟု “M”ကျမ်းမူနှင့်”MKJV” ကျမ်းမူတို့က ဆိုထားသည်။၄၁

()ကေဒါနှင့်ဟာဇော်အမျိုး (၄၉:၂၈၃၃)

          ၄၉:၂၈၂၉ ကေဒါမျိုး(အာရေဗျ) ကိုလည်း ဗာဗုလုန်သားများက တိုက်ခိုက်အနိုင်ယူမည်။

          ၄၉:၃၀၃၃ ဟာဇော်လူမျိုးကလည်း ခုခံတွန်းလှန်ခြင်းမပြုနိုင်။  နေဗု ခပ်နေဇာမင်းသည် မိမိအိမ်ကဲ့သို့ ဟာဇော်အမျိုးပြည်သို့ ဝင်ရောက်၍ရှိ သမျှ ပစ္စည်းကို သိမ်းပိုက်မည်။ ဟာဇော်ပြည်သည် ခြောက်သယောင်းထ အထီးကျန်မည်။

          ()ဧလံအမျိုး (၄၉:၃၄၃၉)

          ဧလံလူမျိုး (ပါရှန်း) များသည် ကမ္ဘာအနှံ့သို့ ပျံ့နှံ့ကွဲလွင့်ကြမည်။  သို့သော် တစ်နေ့သောအခါ ဘုရားသခင်က ပြန်လည်စုစည်းမည်။   ဧလံအမျိုး တွင်ရာဇပလ္လင်တည်မည်။ ဘုရားသခင်က တရားတော်နှင့်အညီ စီရင်အုပ် စိုးမည်။

Previous Article
Next Article