ယေရမိအနာဂတ္တိကျမ်း ၄၃

()ယေရမိနှင့်အဲဂုတ္တုရှိလက်တဆုပ်စာကြွင်းကျန်သူများ(အခန်း၄၃၊၄၄)

၄၃: ဗာရုတ်နှင့် ယောဟနန်တို့က ယေရမိစကားကို မယုံ။ ပရောဖက်ပြုချက် မဟုတ် မုသာစကား ဖြစ်သည်ဟု စွပ်စွဲကာ လူများကို အဲဂုတ္တုပြည်သို့ ခေါ်ဆောင်သွားကြသည်။ ယေရမိသည်လည်း ပါသွားသည်။

၄၃:၁၃ အဲဂုတ္တုပြည် တာပနက်အရပ်ဒေသသို့ ရောက်ရှိကြသောအခါ ဘုရားသခင်က ယေရမိအား ဖာရော့ဘုရင်၏ အိမ်တော်ဝနားတွင် ကျောက်တစ်တုံး မြှုပ်ထားခိုင်းသည်။ ထို့နောက် ဗာဗုလုန်ရှင်ဘုရင် နေဗုပ်ခနေဇာအား အဲဂုတ္တုပြည်ကို တိုက်ခိုက်သိမ်းပိုက်စေပြီ။ မြှုပ်ထားသော ကျောက်ပေါ်တွင် ရာဇပလ္လင်တည်စေသည်။ ထိုသို့ ပြုလုပ်ရခြင်း၏ အတိတ်ကောင်း နိမိတ်ကောင်းကြောင့် ငတ်မွတ်ဆင်းရဲခြင်း၊ ရောဂါဘယဆိုး  ကပ်သင့်ခြင်း၊ ဓားဘေး၊ လှံဘေးသင့်ခြင်းမှ ကင်းဝေးကြသည်။ အဲဂုတ္တုတို့၏ ရုပ်တုဆင်းတု၊ ဘုရားကြီး၊ ဘုရားငယ်များမှာ မီးရှို့ဖျက်ဆီးခြင်း ခံကြရ သည်။

Previous Article
Next Article