ယေရမိအနာဂတ္တိကျမ်း ၂၈
(စ) မိစ္ဆာပရောဖက် ဟာနနိသေခြင်း (အခန်း၂၈)
၂၈:၁–၉ အာဇုရသား မိစ္ဆာပရောဖက် ဟာနနိ ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး (၂)နှစ်တာ ကြာမည်ဟု ပရောဖက်ပြုသည်။ ထိုပရောဖက်သည် ဖြစ်ချင်သောစိတ်ဖြင့် ဟောပြောခြင်းသာ ဖြစ်သည်။ ဟောထားသည့်အတိုင်း ဖြစ်မလာ။ စစ်မှန်သော ပရောဖက်က ဆင်းရဲဒုက္ခ ခံစားမည့်အကြောင်း ဟော၍ မိစ္ဆာပရောဖက်က ငြိမ်သက်ချမ်းသာမည့်အကြောင်း ပရိသတ်အကြိုက် ဟောသည်။
၂၈:၁၀–၁၇ မိစ္ဆာပရောဖက်ဟာနနိသည် ယေရမိဂုတ်ပေါ်မှ သစ်သားထမ်းပိုးကို ချိုးဖျက်၍ ပရောဖက်ပြုချက်အတု ထုတ်ပြန်သည်။ ယေရမိသည် အဝေးသို့ ထွက်သွားသည် (ငယ်၁၁)။ ထိုအကြောင်းနှင့် ပက်သက်၍ KELLYက ပရောဖက် ယေရမိကို ဤသို့ထောက်ခံရှင်းပြသည်။
ဘုရားသခင်၏ ပရောဖက်များသည် ပြိုင်ဆိုင် အမှိုက်ခံသူများ မဟုတ်။ မြို့ရိုးပမာ ယုံကြည်ခြင်း ခိုင်မာသူ၊ ဘုရင်များ ယဇ်ပုရောဟိတ်နှင့် ပရောဖက်များကို အာခံရှင်းပြရဲသူ၊ ထိုကဲ့သို့သော ပရောဖက်ယေရမိသည် မိစ္ဆာပရောဖက်ဟာနနိ နှင့်အတိုက်အခံမလုပ်လို။
ထိုသို့ အဖက်မလုပ်လိုခြင်းမှာ ရှင်းရှင်းလေး ဖြစ်သည်။ ယေရမိသည် ဘုရားရှင် ဖော်ပြသည့်အတိုင်း သူ့လူများ နောင်တရကြဖို့ မျှော်လင့်သည်။ သူ့လူများသည် ကျေးဇူးတော်အား ကာလရှည်ကြာ ခံစားခဲ့ကြသော်လည်း လက်တွေ့ဘဝတွင် အသိတရား မပြည့်ဝကြ။ ဘုရားသခင်၏ နာမတော်အတုဖြင့် ရောက်လာသူအား လူအများက လွယ်လင့်တကူ တိမ်းညွတ်ကြသောအခါ ယေရမိ နေစရာမရှိ သဖြင့် ရှောင်ဖယ်သည်။ ထိုပရောဖက်နှစ်ပါးအကြား ဘုရားသခင်က တရားစီရင်မည်။ ယေရမိမှန်လျှင် ဟာနနိသည် မိစ္ဆာဆရာဖြစ်မည်။၃၁
နောက်ဆုံးတွင်မူ ဘုရားသခင်က တိုင်းသူပြည်သားများအား နေဗုခ်နေဇာမင်း၏ သံထမ်းပိုး ထမ်းခိုင်းသည်။ ဟာနနိလည်း မိစ္ဆာပရောဖက်မှန်း ထင်ရှားသွားသည်။ ထိုနှစ်တွင် သေမည်ဟု ပရောဖက်ပြုရာ နောက်(၂)လအကြာတွင် တကယ်သေသွားသည်။ (ငယ်၁တွင် ပါရှိသည့် ပဉ္စမလနှင့် ငယ်၁၇တွင် ပါရှိသည့် သတ္တမလတို့ကို ပေါင်းစပ်ယှဉ်ဖတ်ပါ)။