ယေရမိအနာဂတ္တိကျမ်း ၁၂

၁၂: ဘုရားသခင်သည် ဖြောင့်မတ်စင်ကြယ်သူ ဖြစ်ပါလျက် ထိုသို့ အကျင့်ဆိုး စရိုက်ပေါများသော အာနသုတ်သားများအား အဘယ်ကြောင့် ထိုသို့အခွင့်အရေး ပေးပါသနည်း။ ပရောဖက် ဆင်းရဲဒုက္ခရောက်မည့်အရေး အဘယ်ကြောင့် ခွင့်ပြုသနည်းဟု သိချင်သည်။ ဘုရားသခင်က ယေရမိအား ဤထက် ဆိုးဝါးနာကျင်မှု ခံစားရဦးမည်။ မွေခြင်းပေါက်ဖော် ညီအစ်ကိုများ၏ သစ္စာဖောက်မှု ကြုံတွေ့ဦးမည်။ ယခုတွေ့ကြုံသော အန္တရာယ်သည် အကင်းသာ ဖြစ်သည်ဟု ဘုရားရှင်က ဖြေသည်။ ခြေကျင်ခရီးသည်များနှင့် အပြေးပြိုင်နေစဉ် အမောမခံနိုင်လျှင် မြင်းစီးသူများနှင့် ယှဉ်ပြိုင်ရာတွင် မည်သို့ ကြံ့ခိုင်သက်လုံ ရှိနိုင်မည်နည်းဟု   ထပ်ပြောပြသည်။

          ၁၂:၁၄ ဤကျမ်းပိုဒ်များတွင် ယုဒလူများ သဘောပေါက်မည့် ဝေါဟာရစကားလုံး အနီးစပ်ဆုံး ပုံဥပမာအမျိုးမျိုး ပြသထားသည်။ ယုဒများ၏ အထီးကျန်ဘဝသည် မိမိတို့စီမံခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် ထူးခြားသောရွှေလင်းယုန်ကို အခြားငှက်ငယ်များက ဝိုင်းအုံအော်ဟစ် တိုက်ခိုက်လေ့ရှိသည်။ ထိုကဲ့သို့ပင် ဘုရားရှင် ရွေးကောက်ထားသည်။ ရွှေလင်းယုန်ငှက်တည်းဟူသော ယုဒအမျိုးကို တပါးအမျိုးသားများက ဝိုင်းအာကြမည်။ သို့သော် ကြောက်လန့်တုန်လှုပ်စရာ မဟုတ်ပါ။ ထိုတပါးအမျိုးသားများကို ဘုရားသခင်က ဆုံးမမည်။ ယုဒများသည်လည်း မိမိနေရာဌာနေတွင် ဗိုလ်နေမြဲကျားနေမြဲ နေခွင့် ရကြမည်။

          ၁၂:၁၅၁၇ တပါးအမျိုးသားများသည်လည်း ရုပ်တုထံမှ ရှောင်ခွာပြီး ဘုရားသခင်ထံတော်သို့ ချဉ်းကပ်လာလျှင် မိမိတို့နေရပ်ဌာနေ အသီးသီးတွင် စိုးစံခွင့် ရကြမည်။ ဘုရားသခင်၏ လူမျိုးများ ခံစားသော ကောင်းကြီးမင်္ဂလာများ မျှဝေခံစားရမည်။ တစ်နည်းအားဖြင့် မျက်ရည်သုတ်ပေးမည်။

Previous Article
Next Article