ဆာလံကျမ်း ၁၁၇

တပါးအမျိုးသားများက ဘုရားရှင်ချီးမွမ်းခြင်း

သမ္မာကျမ်းစာတအုပ်လုံးတွင် အတိုဆုံးသောအခန်းဖြစ်သည်။ ဘုရားသခင်၏ကရုဏာတော်နှင့် သစ္စာတော်ချီးမွမ်းကြရန် လူမျိုးအပေါင်းတို့အား ဖိတ်ခေါ်ထားသည်။ ဤကျမ်းချက်ကို ရော ၁၅:၁၁တွင် ပြန်လည်ကိုးကားဖော်ပြထားသည်။ မေရှိယသခင်၏ ကရုဏာတော်ကို ဣသရေလလူများက တပါးအမျိုး သားများထံ မျှဝေဖဲ့ပေးသည်ဟု ဆိုသည်။ ကိုယ်တော်သည် ရှေးယခင်က ဘိုးဘေးတို့ထံသို့ ကတိတော် ပြုခဲ့သော လူမျိုးထံသို့သာ ကြွလာသည်မဟုတ်။ တပါးအမျိုးသားများကိုလည်း ကရုဏာတော်သက်မိသည်။

ကျမ်းချက်ကို အထောက်အကူပြုသည့်ကဗျာတိုတပုဒ်ဝေငှချင်သည်။

မိုးကောင်းကင်ပြာမိုးကုတ်စက်ဝိုင်းအရပ်ဆီက

 ဖန်ဆင်းသခင်ချီးမွမ်းသံထွက်ပေါ်လာ

ကယ်တင်သခင် နာမတော်တေးဖွဲ့ဆိုကြစို့

နေရာတိုင်း ဘာသာစကားတိုင်းကျူးရင့်စို့လေ။

ကရုဏာတော်သည် အစဉ်တည်မြဲလို့

စကားတော်သည်သစ္စာတရား

ကမ်းပါးဆုံးတိုင် ကျူးဧကြစေ

နေထွက်မှသည်နေ၀င်သည့်တိုင် သောသောညံ

စေလေ။

Isaac Watts

Previous Article
Next Article