ဆာလံကျမ်း ၇၂

ဆာ ၇၂ မေရှိယသခင်၏ဘုန်းတန်ခိုးအုပ်စိုးခြင်း

          ဤဆာလံသီချင်းကိုသာမန်အားဖြင့် လူ့လောကတွင်သက်ဦးဆံပိုင်ဘုရင်အဖြစ် ရှောလမုန် ဘုရင်အကြောင်းဟု သိမြင်နိုင်သည်။ ထိုထက်မကသခင်ယေရှုခရစ်တော်က အုပ်စိုးမည့်အကြောင်း ကိုကြိုမြင်နိုင်ရသည်။ စစ်မက်ဖြစ်ပွားပြီးလူ့လောကကမ္ဘာမှာ ထိုကဲ့သို့သောအချိန်အခါကြုံတွေ့ခြင်း သည်အံ့သြဘွယ်ရာဖြစ်ပါသည်။ ရွှေခေတ်တခေတ်ဖြစ်ပါသည်။ ဖန်ဆင်းခံကမ္ဘာတွင် ညီးထွားခြင်း ပြီးဆုံး၍ စည်းစိမ်ဉစ္စာကြွယ်ဝခြင်းစီးဆင်းသည်။

          ၇၂: ပထမဆုံးကျမ်းပိုဒ်တွင် ဘုရင်သဉ္ဇာလီဆောင်ထဲမှဆုတောင်းသံကြားရသည်။ Knox က “တရားစီရင်ခြင်းအတတ်အမှုပညာ၊ ပလ္လင်တော်အမွေကို ရှင်ဘုရင်ထံသို့အမွေအဖြစ်ချီးမြှင့်တော် မူပါ” ဟုဆိုသည်။ ဆာ ၇၂ ၏အဓိကစကားလုံး “တော်မူပါ”ဟူသောဝေါဟာရသည် ရွေးနှုတ်ရှင်သခင်က ဆလက်ခံစားမည့်အကြောင်း ဖြစ်သည်။

၇၂: ထိုအိုမင်းသည် ကိုယ်တော်၏လူများကိုဖြောင့်မတ်စွာစီရင်၍ မရှိဆင်းရဲသားများကို တရားမျှတစွာ စီရင်တော်မူမည်၊ အနိုင်ထက်ပြုခြင်းဖိနှိပ်ခြင်းများ ချုပ်ငြိမ်းသွားမည်။ မျက်နှာသာ ပေး၊ စုံစမ်းစစ်ကြောခြင်းမရှိ။ မရှိဆင်းရဲသားများ မျက်နှာငယ်စရာမလို။

၇၂: တောင်ကြီးတောင်ငယ် အသွယ်သွယ်သည်စည်ပင်ဝပြောလျက် လူများအားချမ်းသာ ကြွယ်ဝစေမည်။ သမ္မာကျမ်းစာတွင် တောင်ကုန်းတောင်တန်းများကို အုပ်စိုးသူမင်းများအဖြစ် တင်စားသုံးနှုန်းလေ့ရှိသည်။ ထိုကျမ်းစကားအသုံးအနှုန်းအရ ခရစ်တော်၏နိုင်ငံတော်တွင် တန်းတူအခွင့်အရေး၊ တရားမျှတရေးရှိနေမည်။ နိုင်ငံတော်အစိုးရမင်းမှသည် ဒေသဆိုင်ရာအာဏာ ပိုင်များထိတရားတော်နှင့်အညီ စီရင်အုပ်စိုးကြမည်။

၇၂: လူ့သမိုင်းတလျှောက်တွင် မရှိဆင်းရဲသားများသည် ဖိနှိပ်ခံ၊ ခေါင်းပုံဖြတ်ခံလူတန်းစား ဖြစ်ကြသည်။ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းခံခဲ့ကြရသည်။ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းခံခဲ့ကြရသည်။ အနှစ်တထောင်တိုင်းပြည်တွင် ကိုယ်တော်ဘုရားကိုယ်တိုင် မားမားမတ်မတ်ရပ်တည်လာမည်။ ဆင်းရဲသားများခေါင်းပုံဖြတ်ညှဉ်းပန်းနှိပ်စက်သူများကို ကိုယ်တော်ကိုယ်တိုင်အမှုစစ်၍ အပြစ်ဒဏ်ချမှတ်ပေးမည်။

၇၂: နေနှင့်လကိုမြင်ရသမျှသောခေတ်ကာလအဆက်ဆက်လူသားများက ကိုယ်တော်ကို ချစ်ကြောက်ရိုသေကြမည်။ ကိုယ်တော်ရှိနေရာတိုင်း၌ ပျော်ပါးရွှင်လန်းကြမည်။ ပတ်ကြားအက်များ မိုးနံ့ရ၍စိုပြေသကဲ့သို့၎င်း၊ မိုးမျှော်မြက်ခင်းပင်များ မိုးပွင့်နမ်း၍ ရွှင်လန်းသကဲ့သို့၎င်း စိုပြေကြမည်။

          ၇၂: ကိုယ်တော်သည်မေလခိဇဒက်ဘုရင်ကဲ့သို့ပင် ဖြောင့်မတ်ခြင်းရှင်ဘုရင်နှင့် ငြိမ်သက်ချမ်းမြေ့ခြင်းအရှင်သခင် ဖြစ်သည်။ ကိုယ်တော်အုပ်စိုးသည့်ကာလတွင် တရားမျှတခြင်း၊ ငြိမ်သက်ချမ်းမြေ့ခြင်း လောကပါလတရားများစိုးမိုးနေမည်။ နေကွယ်လပျောက်သည့် ထိရှိနေမည်။ ဖြောင့်မတ်ခြင်းတရားဖြင့် ချမ်းမြေ့ကြမည်ကို သတိပြုပါ။ “ဖြောင့်မတ်ခြင်းတရားသည် ငြိမ်သက် ခြင်းတရားဖြင့် ချမ်းမြေ့ကြသည်ကိုသတိပြုပါ။ “ဖြောင့်မတ်ခြင်းတရားသည် ငြိမ်သက်ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးမူကားထာဝရ ငြိမ်သက်ခြင်းနှင့်လုံခြုံခြင်းပေတည်း” (ဟေရှာ ၃၂:၁၇)။ ကိုယ်တော်သည်ဖြောင့်မတ်တော်မူသောကြောင့် လူသားများအတွက် ကားတိုင်ပေါ်တွင် အသေခံသည်။ ငြိမ်သက်ချမ်းမြေ့မှုထားခဲ့သည်။ ဤစစ်မက်ရေးရာထူပြောသောလူ့လောကကမ္ဘာတွင် စစ်ခိုးစစ်ငွေ့ပျောက်စင်လျက် ကိုယ်တော်၏ဖြောင့်မတ်ခြင်တနေ့ပေါ်ထွန်းလာမည်။

၇၂: ဗြိတိန်နိုင်ငံကောင်းစားစဉ်အခါက နေမဝင်အင်ပါယာဟုဆိုခဲ့သည်။ အရှေ့ကမ္ဘာမှ အနောက်ကမ္ဘာစွန်းတိုင်အောင် အင်္ဂလိပ်လက်အောက်ခံကိုလိုနီနိုင်ငံရှိခဲ့သည်။ ခရစ်တော်၏နိုင်ငံ တော်သည်ထိုမျှမကပါ။ စကြဝဋာတခွင်လုံးတွင်ရှိသည်။ ပြန်လည်ပျောက်ကွယ်နိုင်သောကိုလိုနီနိုင်ငံ မျိုးမဟုတ်ပါ။ လောကတိုင်းနိုင်ငံအားလုံးပါဝင်သည်။ ပင်လယ်ကမ်းတဘက်မှ အခြားကမ်းတဘက် ဉဖရတ်မြစ်မှ ကမ္ဘာစွန်းတိုင်အောင်ကျယ်ပြန့်သည်။

          ၇၂: တောင်ကြိုအုံးကြားရှိ လူမမြင်ဘူးသောတိရစ္ဆာန်များသည်လည်း အထံတော်ရှေ့သို့ ဒူးထောက်ခစားကြမည်။ တလောကလုံးအန်တုလာသော ရန်သူများလည်း အရှုံးပေးလာကြမည်။ မြေမှုန့်ပျောက်ကြမည် ဆိုသည်မှာ မိမိသည်ဘာမှမသိနားမလည်သောသတ္တဝါပါလားဟု ဝန်ခံခြင်းဖြစ်သည်။

၇၂:၁၀၁၁ တပါးအမျိုးသားရှင်ဘုရင်များသည် လက်ဆောင်ပဏ္ဍာအသီးသီးယူဆောင်လာ ၍ယေရုရှလင်မြို့သို့ချီတက်ကြမည်။ ရှင်ဘုရင်တို့၏ဘုရင်ကိုကိုးကွယ်ကြမည်။ စပိန်ဘုရင်မှစ၍ ကမ္ဘာတောင်ဖျားအာရေဗျမင်းများ ရောက်လာကြမည်။ လေယာဉ်ပျံကွင်းသည် ကြက်ပျံမကျ ငှက်ပျံ မကြစည်ကားနေမည်။ ကိုယ်တော်ကိုဖူးမျှော်ဘို့ ကမ္ဘာအရပ်ရပ်မှလူကြီးမင်းများ ရောက်လာကြမည်။

Meyer က “သူဌေးသူကြွယ်များ၏ဘုရင်၊ တေးဂီတတူရိယာပညာရှင်၊ အနုပညာရှင်ပေါင်း စုံတို့ကသိလျှင်သိခြင်း အလုအရက်ရောက်လာကြသည်” ဟုဆိုသည်။

၇၂:၁၂၁၄ အဘယ်ကြောင့်ထိုသို့စုရုံးရောက်လာကြသည့်အကြောင်းစုံရှင်းပြထားသည်။ မရှိဆင်းရဲသားများနှင့်ခွေးဘဝရှိနေသူများက ကယ်တင်ရှင်သခင်လိုအပ်ကြသည်။ ဆင်းရဲငတ်မွတ် ခြင်းနှင့်လူမှုရေးမပြည့်စုံမှုများ ချုပ်ငြိမ်းသွားမည်။ အားနဲသူများနှင့်ဘဝအဆင်မပြေသူများ အထံတော်သို့စုစည်းကြမည်။ ဒုက္ခပြဿနာပေါင်းစုံပြေလည်သွားကြမည်။ မတရားမှုမှ ကယ်တင်၍ လူဆင်မီမီအသက်ရှင်နိုင်ရေးပြီးပြည့်စုံစေမည်။

          ၇၂:၁၅ သို့ကြောင့် အသက်တော်တည်ပါစေဟုကြွေးကြော်ကြမည်။ ရွှေနှင့်ရှေဘရတနာတို့ကို လက်ဆောင်ပေးကန်တော့ကြမည်။ ကမ္ဘာတဝှမ်းကအသံမစဲဆုတောင်းပွဲ ကျင်းပကြမည်။ ညဉ့်ဦးယံ မှမိုးသောက်ယံတိုင်မအောင်လူများက သာဓုခေါ်ကြမည်။

၇၂:၁၆ လယ်မြေတခွင်လုံးမြေသြဇာကောင်းမွန်သောကြောင့် သီးနှံဖြစ်ထွန်းစည်ပင်သာယာ ကြမည်။ ပုတ်နှင့်စပါးကျီများတွင် စပါးဆန်ရေပြည့်လျှံမည်။ အထွေအထူးထွန်ယက်စရာမလို။ တောင်စောင်း၊ တောင်ခါးပန်းမှစ၍ တောင်ထိပ်တိုင်အောင်စပါးရွှေရည်မှည့်ဝင်းမည်။ ပွဲလမ်းသဘင် ကျင်းပကြမည်။ အပူအပင်မရှိ၊ သောကမရှိ၊ အိမ်မက်လှလှမက်ကြမည်။

၇၂:၁၇ နာမတော်သည် လူကြိုက်များ၍ လူတိုင်းနှုတ်ဖျားမှာတဖွဖွပြောကြမည်။ လူ့ပြည် နတ်ရွာတွင် ရှိနေသရွေ့ နာမတော်သည်လည်းကျော်ကြားနေမည်။ ဘုရားရှင်ကအာဗြဲဟံသို့ ကတိတော်ပြုခဲ့သည့်အတိုင်း လူသားများသည်ကောင်းချီးမင်္ဂလာခံစားကြမည်။ မင်္ဂလာရှိတော်မူစေ သတည်းဟုချီးမွမ်းကြသည်။

၇၂:၁၈၁၉ ကောင်းချီးသြဘာပေးခြင်းဖြင့်ဆာလံသီချင်းကိုအပြီးသတ်သည်။ သခင်ယေရှု၏ ဘုန်းတန်ခိုးအားနုဘော်တို့သည် ဘုရားရှင်ထောမနာပြုရာဖြစ်သည်။ ထိုကဲ့သို့သောအံ့ဖွယ်အလှူ တော်ကိုမည်သူမှမပြုနိုင်။ ဘုန်းတန်ခိုးကြီးမြတ်တော်မူသော နိစ္စထာဝရတည်သည်။ တကမ္ဘာလုံး ချီးမွမ်းရာဖြစ်သည်။

၇၂:၂၀ ယေရှဲ၏သားဒါဝိဒ်၏ဆုတောင်းခန်းပြီးဆုံးသွားသည်။ သို့သော်တခန်းရပ်ပြီးဆုံး ခြင်းသာဖြစ်သည်။ ဆာလံတအုပ်လုံးဆုတောင်းခန်းလာဦးမည်။ ဆာလံဒုတိယပိုင်း၏အပြီးသတ် ဆုတောင်းခြင်းသာဖြစ်သည်။ ဆုတောင်းခန်းကို ယေရှုသခင်ကောင်းကြီးပေးခြင်းအကြောင်းဖြင့် အဆုံးသတ်သည်။ ဒါဝိဒ်၏ဆုတောင်းခြင်းတောက်ခံသမိုင်းကြောင်းကို (၂ရာ ၂၃:၁-၄)တွင် ရေးထားသည်။ မေရှိယသခင်အလ္လင်တော်ပေါ်တွင် စိုးစံ၍နိုင်ငံတော်တည်ထောင်သောအခါ ဒါဝိဒ်၏ ဆုတောင်းလည်းပြည့်စုံသွားမည်။

Previous Article
Next Article