ရာဇဝင်ချုပ်ပထမစောင် ၆

၄။လေဝိ (အခန်း၆)

          :၅၃ ယာကုပ်၏ တတိယသားစဉ်မြေးဆက်များ အကြောင်းဖြစ်သည်။ အပိုဒ်ငယ် ၁-၁၅ နှင့် ၄၉-၅၃ တွင် ယာကုပ်အမျိုး၌ အထင်ရှားဆုံးသော မျိုးနွယ်စု အာရုန် အမျိုး ဟုဆိုသည်။ ယဇ်ပုရောဟိတ်ကြီးအရိုက်အရာကို အာရုန်နှင့်သားများသို့ အပ်နှင်းထားပြီးဖြစ်သည်။ ထို့ကြောင့် အာရုန်ဘဝမှ ဖမ်းဆီးခံကြရသည့် ကာလထိ ယဇ်ပုရောဟိတ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည်။

ဧလကာန၏သားရှမွေလ (အငယ် ၂၇၊၂၈) သည် ရှောလုဘုရင်မဖြစ်ခင်ကာလတွင် နောက်ဆုံးတရားသူကြီးနှင့် ပရောဖက်ဖြစ်သည်။ သူ၏ အမှုတော်ထမ်းဆောင်ပုံကို ဓမ္မရာဇဝင် ပထမစောင်တွင် မှတ်တမ်းတင်ထားသည်။

လေဝိ တွင် ဂေရရှုံ၊ ကောဟတ်နှင့် မေရာရိ ဟူေသာ သားသုံးပါးရှိသည်။ သားစဉ်ဘောင်ဆက်ကို အငယ် ၁၆-၃၀ တွင်ရေးမှတ်ထားသည်။ အငယ် ၃၁-၄၈ တွင် မျိုးရိုးစဉ်ဆက် (၃) ဆက်တွေ့ရမည်။ ကောဟပ်အမျိုးမှ ဟေမန် (ငယ် ၃၃-၃၈)၊ ဂေရရှုံ အမျိုးမှ အာသပ် (ငယ် ၃၉-၄၃)၊ မေရာရေအမျိုးမှ ဧသန် (ငယ် ၄၄-၄၇)တို့ တွေ့ရမည်။ ထိုသူများသည် ဘုရားသခင်ရှေ့တွင် တေးဂီတဖြင့်ချီးမွမ်းပူဇော် ဖို့ရန် ဒါဝိဒ်မင်းရွေးချယ်ခန့်အပ်သော ဂီတ ဆရာဝိဓိုရ်များဖြစ်သည်။

:၅၄၈၁ ဤအခန်း၏ အဓိကသင်ခန်းစာမှာ အခြားလူမျိုးနွယ်ထဲတွင်ရှိသော လေဝိအမျိုး၏ မြို့ကြီးများ ဖြစ်သည်။ ထိုသို့အခြားလူများအကြားတွင် ရှိနေခြင်းသည် ဘုရားသခင်၏ အမိန့်တော်ဖြစ်သည် (တော ၃၅:၁-၈)။ ဘုရားသခင်က မောရှေသို့ မိန့်ဆိုထားခဲ့ချက်ကို ယောရှုက အကောင်အထည်ဖော်ကျင့် သုံးခြင်းဖြစ်သည် (ယောရှု ၂၁)။

Previous Article
Next Article