ရာဇဝင်ချုပ်ပထမစောင် ၅

၃။ယော်ဒန်မြစ်အရှေ့ဘက်ကမ်းရှိ ရုဗင်၊ ဂဒ်နှင့် မနာရှေလူတဝက် (အခန်း၅)

          အခန်း(၅)တွင် ယောဒန်မြစ်တဘက်ကမ်းရှိ လူများ၏ကံကြမ္မာကို အတိုချုံး၍ ရေးသားထားသည်။ ထိုသူများသည်လက်တွဲညီညာစွာ ဟာဂရိ (ဣသမေလ)ရန်ကို တွန်းလှန်တိုက်ခိုက်ကြသည် (ငယ် ၁၀၊၁၉-၂၂)။ တိုက်ခိုက်ရေးအင်အား ၇၆၀ မျှသာရှိသော်လည်း အင်အားပမာဏ အဆမတန်ကြီးမားသော ရန်သူကို နှိမ်နှင်းအောင်မြင်သည်။ ထိုသို့အောင်စည်အောင်မောင်းတံခွန် လွှင့်နိုင်ခြင်းမှာ ထာဝရဘုရားသခင်ကို အားကိုယုံကြည်ခြင်း (ငယ် ၂၀) ကြောင့်ဖြစ်၍ ဘုရားသခင်ကလည်း ယုံကြည်အားကိုးသူတိုင်းကို အောင်မြင်စေသည် (ငယ် ၂၁)။

သို့သော်လည်း ပတ်ဝန်းကျင် လွှမ်းမိုးမှုကို ကာလကြာရှည်မတောင့်ခံနိုင်ကြ။ ဘုရားသခင်ကို ကျောခိုင်း၍ ဒေသခံလူ များ၏ ရုပ်တုဘုရားတုကို ရောယောင်ကိုးကွယ်လာကြသည် (ငယ် ၂၅) ဣသမေလတို့ကို မကာကွယ် နိုင်မှန်းသိ လျက်နှင့် ထိုရုပ်တုဘုရားတုနောက်သို့ လမ်းမှားလိုက်ကြသည်။ ထို့ကြောင့် မှတ်သားနာကျင်အောင် ဘုရားသခင်က အာရှုရိမင်းလက်ထဲသို့ အပ်နှံ၍ ကျွန်ခံစေသည်။

Previous Article
Next Article