ဓမ္မရာဇဝင်ပဋ္ဌမစောင် ၁၀

၂။ ရှောလုအုပ်စိုးမင်းမူခြင်း (အခန်း ၁၀၊၁၅)

(က) ဆီလူးခြင်းနှင့်အတည်ပြုခြင်း (အခန်း ၁၀၊၁၁)

          ၁၀: ရှမွေလက ရှောလု၏ ဦးခေါင်းပေါ်တွင် ဆီလောင်းဘိသိက်ပေးခြင်းဖြင့် ဣသရေလဘုရင် အဖြစ် ခန့်အပ်သည်။ ယဇ်ပုရောဟိတ်မင်းအဖြစ်သို့ ခန့်အပ်သည်။ ယဇ်ပုရောဟိတ်မင်းအဖြစ်သို့ ခန့်အပ်သည့်အခါ ဆီလူးဘိသိက်ပေးရသည့် (ဝတ် ၈:၁၂) နည်းတူ ဣသရေလတို့၏ ပထမဦးဆုံး ဘုရင်မင်းမြတ်ကိုလည်း ဆီလူးဘိသိက်ပေး၍ ခန့်အပ်ရသည်။ နောက်မှ အများပြည်သူရှေ့တွင် မင်းခန်း၊မင်းနားဖြင့် နန်းတက်ပွဲကျင်းပသည်။ ရှောလုဣသရေလဘုရင်ဖြစ်မည့်အကြောင်း လက္ခဏာ သုံးခုတွေ့ရသည်။ (၁) ရာခေလသင်္ချိုင်းနားအရောက်တွင် လူနှစ်ယောက်က ဖခင်၏မြည်းတွေ့ပြီးဖြစ်ကြောင်း ပြောပြသည်။ (၂) တာဗော်လွင်ပြင်သို့ ရောက်သောအခါ ဆိတ်သူငယ်သုံးကောင်နှင့်လူ၊ မုန့်သုံးလုံးနှင့်လူ၊ စပျစ်ရည်ဗူးနှင့်လူဟူသော လူသုံးယောက်တွေ့ရမည်။ (၃) ထိုမှတဆင့် ဘုရားသခင်တောင်တော်သို့ ရောက်သောအခါ ပရောဖက်အပေါင်းက တယော၊ ပတ်သာ၊ ပုလွေ၊ စောင်းတီးလျက် ဆီးကြိုကြသည်။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်ဆင်းသက်လာပြီး ပရောဖက်ပြုကြသည်။

၁၀: ရှောလုသည် ရှမွေလနိမိတ်ဖတ်သည့်အတိုင်းပင် ဖြစ်စဉ်သုံးခုစလုံးကြုံတွေ့သည်။ ထို့နောက် ဂိလဂါလတောင်သို့ သွားနှင့်ပြီး ယဇ်ပူဇော်ရန် ရှမွေလအား (၇)ရက်စောင့်ဆိုင်းသည်။ ဂိလဂါလတောင်ဖြစ်စဉ်ကို ၁၃:၇-၁၅တွင် တွေ့နိုင်သည်။

အပိုဒ်ငယ်(၉)သည် ရှောလုချက်ချင်း အသက်တာပြောင်းလဲသွားသည်ဟု မဆိုလို။ သူ့ဇာတိအသွေးအသားနှင့် မကင်းစင်ကြောင်း နှောင်းပိုင်းဘဝဖြစ်စဉ်တွင်တွေ့ရမည်။ ဘုရားသခင်၏ ဗျာဒိတ် စကားအတိုင်း ရှင်ဘုရင်အဖြစ် ချီးမြှောက်ကြသော်လည်း ပုဂ္ဂိုလ်ရေးအရ ဘုရားတရားမသိ၊ ဘုရားသခင်၏ ကယ်တင်ချီးမြှောက်ပုံကိုနားမလည်။ တစ်နည်းအားဖြင့် ဘုရားသခင်က အသုံးပြုချင်သော ဘုရားသခင်၏ လူဖြစ်သော်လည်း စစ်မှန်သော ယုံကြည်သူမဟုတ်။

၁၀:၁၀၁၆ ခရီးဦးကြိုသော ပရောဖက်များနှင့်အတူ ရှောလုပျော်မွေ့ကြောင်း တွေ့ကြသောအခါ ရပ်သူရွာသားများ အံ့ဩကြသည်။ ကြားသားမိုးကြိုးရှောလု ပရောဖက်အဖြစ်ဆိုးဟု ပြောစမှတ်ပြုကြသည်။ တညဉ့်တာပျောက်ကြသည့်အကြောင်းကို ရှောလု၏ ဦးလေးက မေးမြန်းသောအခါ မြည်းရှာမတွေ့ကြသဖြင့် ရှမွေလထံ သွားရောက်မေးမြန်းကြပုံကို ပြောပြသည်။ သို့သော် ဘုရင်ဖြစ်မည့်အကြောင်းကိုမူ ထိန်ချန်ထားသည်။

၁၀:၁၇၁၉ ထိုအချိန်တွင် ရှမွေလက နန်းတက်ပွဲသဘင်ကျင်းပရန် မိဇပါအရပ်ပြည်သူအပေါင်းအား စုစည်းထားသည်။ ဘိသိက်မင်္ဂလာဩဘာမချီးမြှင့်မီ၊ ဘုရားသခင်က ဣသရေလလူတို့အား အဲဂုတ္တုပြည်မှ ခေါ်ထုတ်ခဲ့ပုံ၊ ကွယ်ကာစောင့်ရှောက်လာခဲ့သော်လည်း ဣသရေလလူတို့က ရှင်ဘုရင်အရာမှ ဖယ်ရှားကြပုံ၊ ဘုရားသခင်ကို ဘေးဖယ်၍ လူသားရှင်ဘုရင်တောင်းဆိုကြပုံတို့ကို ရှင်းပြသတိပေးခဲ့သည်။ ရှောလုသည် ထိုအဖြစ်မျိုးကြုံရမည်ဟု တစ်သက်နှင့်တစ်ခါ အိပ်မက်မမက်ဖူးသဖြင့် စိုးရိမ်ကြောက်လန့်နေသည်။ ထိုသို့ စိုးရိမ်သည့်အကြောင်းကို Matthew Henry က ဤသို့ထောက်ပြသည်။

() သူကိုယ်တိုင်က ထိုမျှကြီးမာသောအမျိုးသားခေါင်းဆောင်အဖြစ် မထိုက်တန်ဟု နားလည်သည်။ () ဆွေမျိုးသားချင်းများက မကျေနပ်၍ မနာလိုဖြစ်ကြမည်စိုးရိမ်သည်။ () ဣသရေလသားများက ဘုရားသခင်ကို ဘေးဖယ်၍ လူသားရှင်ဘုရင်တောင်းဆိုကြခြင်းသည် ဘုရားသခင်၏ အမျက်ဒေါသဖြစ်စေသည်ဟူသော ရှမွေလ၏ စကားကိုကြားသိသောကြောင့် လိပ်ပြာမသန့်။ () ထို့အပြင် လတ်တလောတွင် ဣသရေလတို့ထက် ဖိလိတ္တိတို့က အင်အားကြီးသည်။ အမ္မုန်ရန်ကလည်း ခြိမ်းခြောက်နေသည်။ သို့ကြောင့် မရဲဘဲနှင့်ကျွဲပြစီးရတော့မည်။ လေမုန်တိုင်းကြားမှာ ရွက်လွှင့်တော့မည့်လှေငယ်ဖြစ်နေသည်။

၁၀:၂၀၂၇ ရှောလုအားရှင်ဘုရင်အဖြစ် ပရိသတ်ရှေ့တွင် ဗိုလ်ရှုခံသည်။ ရှမွေလက ရှောလုအား ဣသရေလရှင်ဘုရင်ဖြစ်ကြောင်း ထုတ်ပြန်သည့်အခါ ပရိသတ်အပေါင်းက “ရှင်ဘုရင်ကြီး အသက်ရာကျော်ရှည်ပါစေ”ဟု ကြွေးကြော်ကြသည်။ ရှမွေလက ရှင်ဘုရင်းကြီးရှေ့မှောက်တွင် မင်းကျင့်တရားများကို ဟောပြောပြီး အခမ်းအနားရုပ်သိမ်းကြသည်။ ထောက်ခံသူပြည်သူများက ရှောလုအား ဂိဗာစံအိမ်တော်သို့ ပို့ဆောင်ကြသည်။ ရှောလု၏ ငယ်ကျိုးငယ်နာကို သိသော ငယ်ပေါင်းကြီးဖော်များက မခန့်လေးစားလုပ်ကြသော်လည်း ရှောလုသည် ဘုရင်ပီပီရာဇဣန္ဒြေမပျက် မသိကျိုးနွံပြုလိုက်သည်။

Previous Article
Next Article