တရားဟောရာကျမ်း ၂၆

() ရိုးရာဓလေ့နှင့်တရားတင်အတည်ပြုခြင်း (အခန်း ၂၆)

၁။ အဦးသီးဓလေ့ထုံးစံ (၂၆:၁၁)

          ၂၆:၁၁ ဣသရေလတို့သည် ကတိတော်မြေပေါ်တွင် အခြေတကျနေထိုင်ကြပြီးသောအခါ ဘုရားသခင်ပြုပေးတော်မူသော ကောင်းကြီးမင်္ဂလာများကို ပြန်လည်အောက်မေ့ ရေတွက်ခြင်းအထိမ်းအမှတ် အဖြစ် အဦးသီးသောအသီးများကို ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာကြရသည်။ ဣသရေလဘိုးအေ ယာကုပ်သို့ ပြုထားသော ကျေးဇူးတော်ပြုခဲ့သည့်အတိုင်း ကျေးဇူးသိသူများအား ကောင်းကြီးမင်္ဂလာ ဆထက်တန်ဖိုး သွန်းလောင်းမည်။ ဘုန်းတန်ခိုးရှင်ဘုရားသခင်သည် ဣသရေလတို့အား အဲဂုတ္တုပြည် ကျေးကျွန်ဘဝမှ ပျားရည်နှင့် နို့စီးဆင်းရာပြည်တော်သို့ ရွေးထုတ်ခေါ်ဆောင်လာခဲ့သည်။ ထိုအကြောင်းကို Phillip Keller က ဤသို့စာပန်းချီချယ်ထားသည်။

သမ္မာကျမ်းစာတွင် ဣသရေလတို့အား ခက်ခဲစွာဖော်ထုတ်၍ ပျားရည်နှင့် နိုးစီးဆင်းရာကတိတော်မြေသို့ ဦးဆောင်ခေါ်ထုတ်ပို့ဆောင်သည်။ ထိုအဖြစ်အပျက်သည် အဆင်းသာမဟုတ်။ အချင်းနှင့်ပြည့်စုံသည်။ လယ်သမားများ နားလည်နိုင်အောင် အခြေခံသဘာတကျကျပျားရည်စီးဆင်းရာ” “နို့ရည်စိမ့်ထွက်ရာဟု သုံးနှုန်းထားသည်။ ဆိုလိုသည်မှာ နွေဦးရာသီတွင် စိမ့်စမ်းရေထွက်သော မြက်ခင်းလွင်ပြင်သည် စိမ်းစိုပြေလွင်သည်။ သတ္တဝါလောကမှ ပျားပိတုန်းများသည် ဝတ်ရည်စုတ်ယူ၍ သကာရည်ထုတ်လုပ်ကြသည်။ ထိုသို့ပင် ဩကာသခွင်တပြင်လုံး မျက်စိပသာဒရအောင် စိမ်းလန်းစိုပြေနေသကဲ့သို့ သတ္တလောကကလည်း ချိုမြိန်ဆုံးသောပျားသကာ စိမ်းချောင်းထုတ်လုပ်နေသည်။ ဘုရားသခင်ပေးသော ကတိတော်မြေသည် မြင်ရသူအဖို့ စိတ်နှလုံးရွှင်ပြုံးကြည်နူးစရာဖြစ်၍ အောင်မြင်သောလူ့ဘဝအသက်တာ ရရှိကြရမည်။၁၈

၂။ တတိယနှစ်ဆယ်ဘို့တစ်ဘို့ (၂၆:၁၂၁၅)

          ၂၆:၁၂၁၅ အထက်ကျမ်းပိုဒ်တွင် အဦးသီးသောအသီးလှူဒါန်းပူဇော်ကြပြီးသကာလ ဒုတိယဆယ်ဘို့တစ်ဘို့ ခေါ်ဆယ်ဘို့တစ်ဘို့ပွဲတော်ပြုလုပ်ရသည်။ လေဝိအမျိုးသားများ၊ ဧည့်သည်အာဂန္တုများ၊ မိဘမဲ့နှင့်မုဆိုးမများသို့ တတိယနှစ်တိုင်း ပေးလှူကြရသည်။ ဤဆယ်ဘို့တစ်ဘို့ အလှူကို မိမိတို့အရပ်ဒေသရှိ သက်ဆိုင်သူများသို့ ပေးလှူရသည်။ ထိုသို့ ပေးလှူပြီးလျှင် ဘုရားသခင်ရှေ့တော်တွင် မိန့်တော်မူထားသော ဆယ်ဘို့တစ်ဘို့ ပေးလှူပြီးကြောင်း ဝန်ခံရသည်။

၃။ ပညတ်တရားများတရားဝင်အတည်ပြုခြင်း (၂၆:၁၆၁၉)

          ၂၆:၁၆၁၉ ဣသရေလလူများက ဘုရားသခင်နှင့်အတူ လျှောက်လှမ်းမည်ဟု သဘောတူဝန်ခံပြီးသောအခါ ဘုရားသခင်ကလည်း ရွေးကောက်တော်မူထားသော လူမျိုးကို ပြန်လည် အသိအမှတ်ပြု၍ ကတိတော်ပြည့်စုံစေသည်။ အခြားတိုင်းနိုင်ငံသားများထက် ချီးမြှောက်သည်။ ထိုလူမျိုးနှင့်အတူ ဘုရားရှင်ရှိတော်မူသောကြောင့် စင်ကြယ်သောလူမျိုးဖြစ်ကြရသည်။ ထူးကဲစွာပျော်ရွှင်ကြရသည်။ ယေဟောဝါဘုရား၏ ရတနာဖြစ်ကြသောကြောင့် အခြားကမ္ဘာ့လူသားများထက် ထူးခြားကြသည်။ နာခံခြင်းအတွက် ဘုရားရှင်အသိအမှတ်ပြုခြင်းဖြစ်သည်။

Previous Article
Next Article