တောလည်ရာကျမ်း ၁၈

() လေဝိအမျိုးသို့ အမိန့်ညွှန်ကြားချက် (အခန်း ၁၈၁၉)

       ၁၈:၁-၇ အခန်း ၁၈သည် အခန်း ၁၇မှ နောက်ဆုံးကျမ်းပိုဒ်ငယ်(၂)ခုနှင့် ဆက်စပ်သည်။ ပရိသတ်တဲတော်ကို ကြောက်လန့်နေသော လူထုပရိသတ်များသို့ တဲတောနှင့် ပတ်သက်သည့် အမိန့်ညွှန်ကြားချက်ထပ်မံ ထုတ်ပြန်သည်။ အကယ်၍ဤညွှန်ကြားချက်ကို နာခံလျှင် ဘုရားသခင်၏ အမျက်ဒေါသအား စိုးရိမ်စရာမလို။ အပိုဒ်ငယ် ၁ကို နှစ်ပိုင်းခွဲခြားနားလည်နိုင်သည်။ သင်နှင့်သင်၏သားမြေး အဆွေအမျိုးဆိုသည်မှာ ယဇ်ပုရောဟိတ်များ အပါအဝင် လေဝိအမျိုးသားလုံးကို ရည်ညွှန်းသည်။ သန့်ရှင်းရာ ဌာနတော်နှင့်ဆိုင်သောအပြစ် ဆိုသည်မှာ ယဇ်ပုရောဟိတ်အမှုအရာ မှားယွင်းလျှင် ကြုံတွေ့ခံစားရမည့် အပြစ်ဒဏ်ဖြစ်သည်။ လေဝိအမျိုးသားများသည် ယဇ်ပုရောဟိတ်ကို အထောက်အမ ကူရသော်လည်း ပရိသတ်စုဝေးရာတဲတော်တွင် ယဇ်ပုရောဟိတ်အမှုအရာ ဦးစီးလုပ်ဆောင်ခွင့် မရှိ။ အကယ်၍ လုပ်မှားလျှင် သေရသည်။

၁၈:၂၀ ယဇ်ပုရောဟိတ်များသည် ပူဇော်သက္ကာများမှ ပွဲတော်ကျများအား ဝေစုရပိုင်ခွင့်ရှိကြသည်။ (ငယ် ၈-၁၁)။ ပထမဆုံးသော အသီး၏ အဆီ၊ ဝိုင်၊ ဂျုံမုယောနှင့်သစ်သီး (ငယ် ၁၂-၁၃)၊ ဘုရားသခင်သို့ လှူဒါန်းသောအရာများ (ငယ် ၁၄)နှင့် ပထမဆုံး မွေးသောအကောင်များကိုလည်း ရယူပိုင်ခွင့် သတ်မှတ်ပြဌာန်းထားသည်။ သားဦးနှင့် မစင်ကြယ်သော တိရစ္ဆာန်များ ရွေးနှုတ်ခများကိုလည်း ရယူပိုင်ခွင့် ရှိကြသည်။ ပထမဆုံးမွေးသော တိရစ္ဆာန်များကို ဘုရားသခင်ထံသို့ ပူဇော်လေ့ရှိသည်။ ထိုတိရစ္ဆာန်ကို ပြန်ရွေးယူလျှင် ရွေးနှုတ်လျှင် ရွေးနှုတ်ခကို ယဇ်ပုရောဟိတ်ထံသို့ ပေးအပ်ရသည်(ငယ် ၁၇-၁၉)။ ပဋိညာဉ်ဆား(ငယ် ၁၉) ဆိုသည်မှာ ဆုတ်ယုတ်ခြင်းမရှိ၊ အမြဲတမ်း ခိုင်မြဲခြင်း အမှတ်သင်္ကေတဖြစ်သည်။ လယ်ကွက်ကိုမူရယူခြင်းမရှိရ။ အဘယ်ကြောင့်ဆိုသော် မြေကွက်မူလပိုင်ရှင်သည် ဘုရားသခင်ဖြစ်သည် (ငယ် ၂၀)။

၁၈:၂၁၃၂ လေဝိအမျိုးသားများသည် လူထုထံမှ ဆယ်ဘို့တစ်ဘို့ ခံယူရပိုင်ခွင့်ရှိကြသည်။ ထိုဆယ်ဘို့တစ်ဘို့ထဲမှ ဆယ်ဘို့တစ်ဘို့ကို ယဇ်ပုရောဟိတ်ထံသို့ ဆက်ကပ်ပေးလှူရသည်။ ဆယ်ဘို့တစ်ဘို့သည် ဘုရားသခင်ထံသို့ မဖြစ်မနေ ပေးလှူရသည်။

Previous Article
Next Article