ထွက်မြောက်ရာကျမ်း ၃၂

() ရုပ်တုဆင်းတုကိုးကွယ်မှုရှုံ့ချခြင်း (အခန်း ၃၂၊၃၃)

၁။ ရွှေနွားရုပ် (၃၂:၁၀)

          ၃၂:၁၀ သိနာတောင်ပေါ်တွင် မောရှေကာလ အတန်ကြာသောအခါ လူထုပရိသတ်က အာရုန်အား ရုပ်တုပြုလုပ်ကိုးကွယ်ဖို့ မေးမြန်း တိုက်တွန်းကြသည်။ ဘုရားသခင်တားမြစ်ပိတ်ပင်သော ရုပ်တုကိုးကွယ်ခြင်း တမင်ဖောက်ဖျက်ကြသည် (ထွ ၂၀:၄)၊ ရွှေနားကွင်း၊ ရွှေလက်ကောက်များကို အရည်ကြို၍ ရွှေနွားရုပ်ပုံသွန်းလာင်းကြသည်။ ထိုနောက် ရွှေနွားရုပ်ပြုလုပ်ခြင်း အထိမ်းအမှတ်ဖြင့် ကိုးကွယ်ကြသည် (ငယ်၅)။ အဲဂုတ္တုပြည်မှ ထွက်ခွာကြစဉ် ဘုရားသခင်ကောင်းကြီးပေးထားသောရွှေများကို အရုပ်အဖြစ် ဖန်တီးကြသည် (၁၂:၃၅-၃၆)။ ဘုရားပေးသောကောင်းကြီးမင်္ဂလာများကို မခံယူတတ်ကြသောကြောင့် ကျိန်ခြင်းအမင်္ဂလာဖြစ်စေကြသည်။ အချိန်ကုန်၊ လူပန်းအချည်းအနှီးအလုပ်၊ အပြစ်ဒုစရိုက်ဖြစ်စေကြသည်။ ထိုသို့လူထုပရိသတ်ဖြစ်ချင်တိုင်းဖြစ်နေသည်။ ထိုလူပရိသတ်သည် ဖြစ်ချင်တိုင်းဖြစ်ပျက် နေကြသည်ကို ဘုရားသခင်က မောရှေအား ကြောင်းကြားလိုက်သည် (ငယ် ၇-၈)။ ထိုလူအပေါင်းကို ဖျက်သိမ်းပစ်မည့်အကြောင်း ရာဇသံပေးခိုင်းလိုက်သည် (ငယ် ၉၊ ၁၀)။

၂။ မောရှေအမျက်ဒေါသထွက်ခြင်း (၃၂:၁၁၃၅)

          ၃၂:၁၁၁၃ မောရှေသည် သမ္မာကျမ်းစာအတိုင်း မားမားမတ်မတ် ရပ်တည်သူဖြစ်သည်။ မောရှေ၏ ရပ်တည်မှုခိုင်မာပုံကိုလေ့လာကြည့်ကြရအောင်။ ထိုလူအပေါင်းသည် ဘုရားသခင်၏ လူများဖြစ်သည် (ငယ် ၁၁၊၁၂)။ အဲဂုတ္တုပြည်ကျွန်ဘဝမှ ရွေးထုတ်၍ ကွယ်ကာစောင့်ရှောက်လာခဲ့သည် (ငယ်၁၁)။ အကယ်၍ ဘုရားသခင်ကသာ သူ့လူများအား ကွယ်ကာစောင့်ရှောက်ခြင်း မပြုလျှင် အဲဂုတ္တုသားများ၏ နင်းပြားဘဝခံနေရမည် (ငယ်၁၂)။ ဘုရားသခင်သည် သူ့လူများ ဘိုးဘေးလက်ထက်တွင် ပြုထားသည့် ကတိတော်ကို စောင့်ထိန်းသည် (ငယ် ၁၃)။

၁၃:၁၄ ဘုရားသခင်သည် သူ့လူများအား အပြစ်ဒဏ်ပေးမည်ဟုဆိုသည်။ သို့သော်လည်း မောရှေ၏ ကြားခံဆုတောင်းခြင်းကြောင့် အမျက်တော်ရွေ့သွားသည်။ သူ့လူများ၏ ဆိုးသွမ်းဖောက်ပြန်မှုကို မမြင်ရက်။ ဆိုးသွမ်းဖောက်ပြန်သော အမျိုးဖြစ်၍ နောင်ကြဉ်လိမ္မာခြင်း မရှိကြသေးပေ။

          ၃၂:၁၅၂၀ ဘုရားသခင်၏ သတင်းစကားပြောကြားချက်အရ မောရှေသည် ဘုရားလက်ညှိုးတော်ဖြင့် ညွှန်ပြရေးထားသော ကျောက်ပြားနှစ်ချပ်ကို ကိုင်ဆောင်၍ တောင်အောက်သို့ ဆင်းသွားသည်။ လမ်းတစ်ဝက်တွင် ယောရှုကမောရှေအား တောင်ခြေ၌လူထုပရိသတ် ဆူညံသံကြားရသည်ဟု သတင်းပို့သည်။ ထိုအသံသည် စစ်ပွဲအောင်ပွဲခံသံမျိုးမဟုတ်သကဲ့သို့ စစ်ရှုံး၍ ငိုယိုသံမျိုးမဟုတ်။ ရုပ်တုဆင်းတု ဘုရားတုပြုလုပ် အောင်ပွဲခံသံဖြစ်သည်။ လူအပေါင်းတို့ ရူးကြောင်မူးကြောင်ကခုန်ကြသည်။ ထိုအဖြစ်အပျက်ကို မြင်သောအခါ မောရှေသည် အလွန်အမင်းဒေါသပေါက်ကွဲသည်။ ရွှေနွားရုပ်ကို မီးရှို့အမှုန့်ကြိတ်ပစ်၍ အမှုန့်များကို ရေထဲသို့ဝဲပစ်သည် (ငယ် ၂၀)။ ထိုသို့ စတိပြတ်အစဖျောက်သုတ်သင်ချေမှုန်းခြင်းမပြုလျှင် အပြစ်ဒုစရိုက်အငွေ့အသက်က ပြန်လည် ပတ်သက်လာနိုင်သည်။ ပဋိညာဉ်ကျောက်ပြားနှစ်ချပ်ကိုလည်း ကိုင်ပေါက်ပစ်သည်။

၃၂:၂၁၂၄ ထိုအဖြစ်အပျက်ကို မောရှေက အာရုန်အား မေးမြန်းသောအခါ အာရုန်က ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။ ပရိတ်သတ်များ ထုတ်ပေးသောရွှေကို မီးထဲထည့်ရာ ရွှေနွားရုပ်ထွက် ပေါ်လာသည်ဟု ဆိုသည် (ငယ် ၂၄)။ မောရှေ၏ ကြားဝင် စေ့စပ်ဖြန်ဖြေချက်အရ ဘုရားရှင်သည် အာရုန်ကို အသက်ချမ်းသာခွင့်ပေးလိုက်သည် (တရား ၉:၁၉၊၂၀)။

၃၂:၂၅၂၉ ဣသရေလတို့ ပတ်ဝန်းကျင်မှာ ရန်သူများရှိနေသည်။ မောရှေက ဘုရားသခင်ဘက်၌ သစ္စာရှိသူများအား ခေါ်ထုတ်ရာ လေဝိအမျိုးသားများထွက်လာကြသည်။ ဓါးဆွဲကိုင်၍လိုက်ခုတ်ကြရာ တပ်ပြင်ရှိ လူပေါင်းသုံးထောင် သေကြသည်။ ထာဝရဘုရားဘက်၌ ရပ်တည်သူများသည် ဓါးဒဏ်ရာ ရရှိခြင်းမရှိကြ။ ပင်တေကုတ္တေနေ့တွင်လည်း လူပေါင်းသုံးထောင်ကယ်တင်ခြင်းရရှိကြသည်ကို သတိပြုပါ။ သစ္စာရှိသော လေဝိအမျိုးသားသူရဲကောင်းများသည် ဘုရားသခင်က ယဇ်ပုရောဟိတ်များအဖြစ် ရွေးချယ်ခန့်အပ်သည် (ငယ် ၂၉ ကြည့်)။

၃၂:၃၀၃၅ မောရှေသည် ပရိသတ်များ၏ မိုက်မှားမှုကို ဘုရားသခင်ထံဝန်ချ တောင်းပန်ဖို့ တောင်ပေါ်သို့ တဖန်ပြန်တက်သည် (ငယ် ၃၀-၃၂)။ ဘုရားရှင်က အဖြေနှစ်ခုပေးထားသည်။ ပထမအချက်မှာ နွားရုပ်ပြုလုပ်သူများကို အရေးယူအပြစ်ဒဏ်ပေးသည်။ (ပလိပ်ရောဂါသင့်စေသည် ငယ် ၃၅)။ ဒုတိယအနေဖြင့် ပရိသတ်အား ကတိတော်မြေသို့ ခေါ်ဆောင်သွားရန် မောရှေရှေ့မှ ဘုရားသခင်၏ ကောင်းကင်တမန်စေလွှတ်မည်။ ကိုယ်တော်၏ စီရင်တော်မူသော စာရင်း အကျွန်ုပ်နာမကို ချေတော်မူပါ ဆိုသည်မှာ မောရှေက သူ့အသက်ကို ရုပ်သိမ်းခိုင်းခြင်းဖြစ်သည်။၃၀ ပရိသတ်များအတွက် မောရှေ၏ အသက် ပေးလှူစတေးဝံ့ပုံကို (ငယ် ၃၂)တွင် တွေ့ရသည်။ ဘုရားရှင်က မောရှေ၏ အသက်ကိုခွင့်လွှတ်သည်။ သို့သော် အချစ်ဆုံးသားတော်၏ အသက်ကိုမူ လူသားများအတွက် ပေးလှူခွင့်ပြုသည်။ ဤနေရာတွင် သူ့လူများအတွက် မောရှေ၏ အသက်ပေးလှူခြင်းသည် ခရစ်တော်ဘုရားပုံစံဖြစ်သည်။

Previous Article
Next Article