ထွက်မြောက်ရာကျမ်း ၁၆
(ခ) အပြစ်ဒုစရိုက်ကန္တာရတော (အခန်း ၁၆)
၁၆:၁–၁၉ အရှေ့တောင်ဘက်သို့ ခရီးနှင်ကြခြင်းသည် အပြစ်ဒုစရိုက်ကန္တာရတောထဲသို့၁၆ တိုးဝင်ခြင်းနှင့် တူပေသည်။ အဲဂုတ္တုပြည်တွင် ကျွန်ဘဝဖြင့် နေခဲ့ကြစဉ်တွင်ပင်လျှင် ဝလင်စွာ စားသောက်ခဲ့ကြသည်။ အမဲသားမြင်ရဘူးသေးသည်ဟု မောရှေအား အပြစ်တင်စကားဆိုကြသည်။ ထိုအခါ ဘုရားသခင်က ညဉ့်ဦးချိန်တွင် အမဲသားအစားငုံး၊ နံနက်ခင်းတွင်မန္နမုန့်များကို ချပေးသည်။ ငုံးသားအကြောင်းကို ဤကျမ်းချက်နှင့် တော ၁၁:၃၁တွင် (၂)ကြိမ်သာတွေ့ရသည်။ မန္နမုန့်ကို တောက်လျှောက်တွေ့ရသည်။ မန္န ဆိုသည်မှာ “ဒါဘာလဲ” ဟု အနက်ရသည်။ ဘုရားသခင်ပေးသော အံ့ဘွယ်ရာ အစားအစာဖြစ်သည်။ မန္နမုန့်သည် မုန့်ပြားဝိုင်းဖြစ်၍ ချိုသည် (ငယ် ၃၁)။ နှိမ့်ချခြင်း၊ ပြည့်စုံခြင်း၊ စင်ကြယ်ခြင်းရှိ၍ ခရစ်တော်၏ ချိုမြိန်ခြင်း၊ ဘုရားသခင်၏ မုန့်ဖြစ်သည် (ယော ၆:၄၈-၅၁)။ ထိုမုန့်များသည် နံနက်စောစောတွင် နှင်းပွင့်များနှင့် အပြိုင်မိုးပေါ်မှ ကျလာသည်။ ခရစ်တော်ဘုရားက သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဝင်ရောက်လာသည်။ ဣသရေလများသည် တစ်ယောက်လျှင် တစ်နေ့စာ တဩမဲစီ ကောက်ယူရသည်။ တစ်ဩမဲသည် သုံးချပ်နှင့် ညီသည်။ ထိုအရေအတွက်သည် ပိုလည်းမပို၊ လိုလည်းမလိုသော လုံလောက်မျှတသည့်အရေအတွက် ဖြစ်သည်။ ထိုကဲ့သို့ပင် ယုံကြည်သူများသည်လည်း ခရစ်တော်ဘုရားက နေ့စဉ် အခြေခံလိုအပ်ချက် အစားအစာကို ဖြည့်ဆည်းပေးနေပါသည်။ (၂ကော ၈:၁၅)။ နေထွက်၍ ရာသီဥတုမပူမီ မန္နမုန့်ကို ကောက်ရပါသည်။ ထိုကဲ့သို့ပင် ယနေ့ ယုံကြည်သူများသည်လည်း အရွယ်မလွန်မီ၊ အချိန်ရှိခိုက် သခင်ယေရှုထံ အရောက်လာသင့်သည်။ ပထမ (၆)ရက်တွင် နေ့စဉ် မန္နမုန့်ချပေးသော်လည်း သတ္တမနေ့တွင်ကား ချပေးခြင်းမရှိ။
၁၆:၂၀–၃၁ ဆဋ္ဌမနေ့တွင်မူ ခါတိုင်းကောက်ယူသော မန္နမုန့်၏ နှစ်ဆကောက်ယူခိုင်းသည်။ နောက်တစ်နေ့ ဥပုသ်နေ့ အတွက်ပါ ကောက်ယူခိုင်းခြင်းဖြစ်သည်။ အခြားနေ့ရက်များတွင် တဩမဲထက် ပိုကောက်၍ သိမ်းဆည်းထားသော မုန့်များသည် ပုပ်သိုး၍လောက်တက်လေ့ရှိသော်လည်း ခြောက်ရက်မြောက်နေ့တွင် ကောက်ယူသိမ်းဆည်းသော မုန့်သည် မပုပ်သိုး။ မန္နမုန့်သည် နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိသည်။ ပျားရည်နှင့်ရောသော မုန့်ကြွပ်ကဲ့သို့အရသာ ရှိသည်။ ခြောက်ရက်နေ့တွင် ကောက်သောမုန့်ကို ဖုတ်၍ တစ်မျိုး၊ ကင်၍တဖုံ၊ ကြော်၍တစ်နည်း စိတ်ကြိုက်ပြုပြင်စားသုံးနိုင်ကြသည်။
၁၆:၃၂–၃၄ အချို့မန္နမုန့်များကို သားစဉ်မြေးဆက် နောင်လာနောက်သားများ တွေ့မြင်စေရန် အမှတ်တရ သိမ်းဆည်းခွင့်ပြုသည် (ဟေဗြဲ ၉:၄)။ ဘုရားသခင်သည် ဖန်ဆင်းခြင်း ပြီးဆုံး၍ သတ္တမနေ့ရက်တွင် အနားယူသည် (က ၂:၂)။ သို့သော် လူများကိုလည်းထိုသို့ အနားယူဖို့ အမိန့်မပေးပါ။ ဣသရေလလူများအား ဥပုသ်နေ့ စောင်းထိန်းဖို့ရန်သာ မှာကြားသည်။ ကြာလာသောအခါ အထိုအချက်သည် ပညတ်တော်ဆယ်ပါးတွင် ပါဝင်လာသည် (၂၀:၉-၁၁) ထိုပညတ်တရားသည် ဘုရားသခင်နှင့် ဣသရေလလူများ အကြား သိနာတောင်ပေါ်တွင် ပြုလုပ်သည့် သဘောတူညီချက် (၃၁:၁၃) ဖြစ်သည်။ အဲဂုတ္တုကျွန်ဘဝမှ လွတ်မြောက်ခြင်းအား အပတ်စဉ် သတိရစေဖို့ အထိမ်းအမှတ် (တရား ၅:၁၅)လည်း ဖြစ်သည်။ တစ်ပါးအမျိုးသားများအား ဥပုသ်နေ့စောင်းထိန်းဖို့ ညွှန်ကြားချက်မရှိပါ။ ပညတ်တော်ဆယ်ပါးမှ (၉)ပါးကို ဓမ္မသစ်ကျမ်းတွင် အသင်းတော်များဖြောင့်မတ်သန့်ရှင်းစေဖို့ တကျော့ပြန်လည်ဖော်ပြထားသည်။ ဥပုသ်နေ့အကြောင်း ပညတ်ချက်တစ်ခုကိုမူ ချန်လှပ်ထားသည်။ ထို့ကြောင့် ခုနှစ်ရက်တစ်ပတ်မှာ တစ်ရက် အနားယူရသည်ဟုသာ ယေဘူယျအားဖြင့် နားလည်ခံယူရသည်။ ယနေ့ယုံကြည်သူ ခရစ်ယာန်များအတွက် ရက်သတ္တပတ် ပထမနေ့သည် ဘုရားသခင်၏ နေ့ရက်ဖြစ်သည်။ ထိုနေ့ရက်သည် တရားဝင်အမိန့် ပြန်တမ်းအားဖြင့် ပြဌာန်းထားခြင်းမဟုတ်သော်လည်း တစ်ပတ်တာလုံးတွင် ကာယခွန်အား၊ ဝိညာဉ်အားအင် ကုန်ခမ်းခဲ့သမျှ ပြန်လည်ဖြည့်ဆည်းရသော ကျေးဇူးတော်အခွင့်အရေး နေ့ရက်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အား ချီးမွမ်းကိုးကွယ်သည့် နေ့ရက်ဖြစ်သင့်သည်။
ကျမ်းစာဆိုသည်မှာ ပဋိညာဉ်သေတ္တာဖြစ်သည်။ ယခင်ကျမ်းပိုဒ်များတွင် ပဋိညာဉ်ဟု သုံးသည်။ အဓိကအားဖြင့် ပညတ်တရားများဖြစ်သည်။ အထူးသဖြင့် ပညတ်တော်ဆယ်ပါးဟု အလွယ်တကူမှတ် ယူကြသည်။
၁၆:၃၅–၃၆ နှစ်ပေါင်း(၄၀)ကာလပတ်လုံး မန္နမုန့်စားကြသည်ဆိုခြင်းမှာ ကန္တာရခရီး တစ်လျှောက်လုံးတွင် ထိုမန္နမုန့်ဖြင့် အသက်ရှင်ကြသည်ဟု ဆိုလိုသည်။ ခါနာန်နယ်စပ်ဂိလဂါလ အရပ်ဒေသသို့ ရောက်ချိန်ထိ မန္နမုန့်စားကြသည် (ယောရှု ၅:၁၂)။