ထွက်မြောက်ရာကျမ်း ၂

၂။ မောရှေမွေးဖွားခြင်း၊ ကယ်တင်ခံရခြင်းနှင့် ပညာရည်နို့စို့ခြင်း (အခန်း )

          : အပိုဒ်ငယ် ၁ တွင် ပါရှိသော လေဝိအမျိုးသားမှာ အမရံ ဖြစ်၍ လေဝိအမျိုးသမီးမှာ ယောခေဗက် (၆:၂၀)ဖြစ်သည်။ မောရှေ၏ မိဘများသည် ယဇ်ပုရောဟိတ်အမျိုးအနွယ် လေဝိအမျိုးဖြစ်ကြသည်။ မောရှေ၏ မိဘများသည် မွေးကင်းစသား မောရှေအား ()လတိုင်တိုင် ယုံကြည်ခြင်းဖြင့် ဝှက်ထားကြသည် (ဟေဗြဲ ၁၁:၂၃)။ ထိုသို့ဝှက်ထားကြခြင်းမှာ ဘုရားသခင်ထံတော်မှ တစ်စုံတစ်ခု ဗျာဒိတ်ရယူကြပေမည်။ အဘယ်ကြောင့်ဆိုသော် ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ တည်သည်။

: ယောခေဗက် ပြုလုပ်သော ပုခက်သည် နောဧသင်္ဘောကဲ့သို့ ဖြစ်၍ ခရစ်တော်ကို ပုံဆောင်ကြသည်။ မောရှေ၏ နှမသည် မိရိအံဖြစ်သည်။ ဤအခန်းတွင် ထူးခြားဆန်းပြားစွာ တိုက်ဆိုင်မှုများ တွေ့ရမည်။ ဥပမာအားဖြင့် ဖာရောမင်း၏သမီးတော် ရေချိုးဆိပ်တွင် ရေချိုးခြင်း၊ ထိုရေချိုးဆိပ်နား အရောက်တွင် မောရှေကလေးငိုခြင်း၊ ဖာရောသမီးတော်က မောရှေ၏မိခင်အား ကလေးထိန်းအဖြစ် ခေါ်ယူခြင်းတို့တွေ့ရမည်။ ထိုကိစ္စများသည် ထန်းသီးကြွေခိုက် ကျီးနင်းခိုက်မဟုတ်ပါ။ အကြံအစည်တော် ဖြစ်သည်။

:၁၀ အပိုဒ်(၉)သည် ခရစ်ယာန်မိဘများ၏ ဝတ္တရားကြီးမားပုံကို မီးမောင်းထိုးပြသည်။ ထိုရေထဲမှ ကယ်တင်လာသော သားငယ်ကို ဖာရောသမီးတော်က အဲဂုတ္တုဘာသာဖြင့် မောရှေဟု နာမည်ပေးလိုက်သည်။ ကလေး သို့မဟုတ် သားလေးဟု အနက်ရသည်။ ဟေဗြဲဘာသာစကားဖြင့် ဆယ်ယူခြင်းဟု အဓိပ္ပါယ်ရသည်။ ထိုအကြောင်းကို Mackintoshက ဤသို့ရှင်းပြသည်။

မကောင်းသောစိတ်ထားရှိသူသည် ကိုယ့်ဓါးနှင့် ကိုယ်ဒုက္ခပြန်ရောက်သည်။ ဖာရောမင်းသည် ရက်စက်ကြမ်းကြုတ်စွာ ဟေဗြဲများကို ဆက်ဆံသော်လည်း ဘုရားရှင်က သူ့ကို ပြန်လည်အသုံးချသည်။ မောရှေကို ကယ်တင်ကျွေးမွေးစေသည်။ စာတန်၏ လက်နက်ကို ဘုရားသခင်၏ တန်းခိုးအဖြစ်သို့ ပြောင်းလဲ ပေးလိုက်သည်။

            :၁၁၁၂ သူ့လူမျိုးထံသို့ အလည်အပတ်ရောက်ချိန်တွင် အသက်(၄၀)အရွယ်ရှိသည်။ (တ ၇:၂၃)။ အဲဂုတ္တုသားကို သတ်၍ အလောင်းဖျောက်ခြင်းသည် ကောင်းသောအမှုအရာမဟုတ်။ သို့သော်လည်း ဘဝလမ်းက​ပြောင်း အလှည့်အပြောင်း ဖြစ်စေသည်။ တစ်နေ့သောအခါ ဘုရားသခင်က မောရှေအား သူ့လူမျိုးများ ကယ်တင်စေဖို့ အသုံးပြုမည်။ သို့သော် အချိန်မကျရောက်သေး။ မောရှေ၏စိတ်ထဲတွင် မျိုးချစ်စိတ်ဓာတ် ကိန်းအောင်းပြင်းပြသည်မှာ သေချာသည်။ ပထမဦးစွာ နှစ်ပေါင်း(၄၀)တိတိ အချိန်ကုန်ခဲ့သည်။ ထိုကာလသည် ဘုရားသခင်ကျောင်းတော်၌ ပညာရည်သင်အံချိန်ဖြစ်သည်။ မောရှေ၏ လူများသည် အဲဂုတ္တုပြည်တွင် နှစ်ပေါင်း(၄၀၀)ခန့် ကျွန်ခံနေကြကြောင်း(က ၁၅:၁၃) မောရှေသိလာသည်။ ထို့ကြောင့် နှစ်ပေါင်း (၄၀၀)နှင့် ညီသောရင့်ကျက်မှု သင်ခန်းစာရရှိသွားသည်။ ထို့ထက်ရင့်ကျက်သော အသက်တာ သင်အံရဦးမည်။ သူ့လူများကိုလည်း ပိုမိုရင့်ကျက်စေချင်သည်။ ဘုရားသခင်၏ အစီအမံတော်များသည် လိုလေသေး မရှိဟာကွက်မတွေ့။ အသေးစိတ်မှစ၍ ပြည့်စုံသည်။ အသေအချာပြင်ဆင်ထားသည်။ ထို့ကြောင့် ကမန်းကတန်း ထလုပ်စရာမလို။ ကသီလင်တနိုင်စရာ အကြောင်းမရှိ။ ဉာဏ်ပညာတော်နှင့် ပြည့်စုံသော ဘုရားသခင်၏ စီမံချက်သည် အချိန်အခါနှင့်ကိုက်ညီ။

:၁၃၁၅ နောက်နေ့ လျှောက်လည်စဉ်တွင် ဟေဗြဲလူနှစ်ဦးတို့ ထွေးလုံးသတ်ပုတ်နေကြသည်ကို တွေ့သဖြင့် အချင်းချင်း ရန်မဖြစ်ကြရန် ဖြန်ဖြေသည်။ သိုသော် ထိုနှစ်ယောက်က မောရှေ၏ ဆရာလုပ်ခြင်းကို လက်မခံကြ။ အဲဂုတ္တုသားကို သတ်ပစ်သကဲ့သို့ ငါတို့ကို သတ်ဦးမှာလားဟု ပြန်ပြောကြသောအခါ မောရှေ လန့်ဖြန့်သွားသည်။ မည်သူမှမသိဟု ထင်ခဲ့သော လူသတ်မှုသည် သိသူရှိနေပြီ။ ဗူးပေါက်တစ်ရာ ပိတ်စို့နိုင်သော်လည်း ပါးစပ်တစ်ပေါက်စို့ရန်မလွယ်။ ထို့ကြောင့် အဲဂုတ္တုပြည်မှာ မနေရဲတော့ပါ။ သိနာတောင်ခြေ၊ အာရေဗျနယ်စပ်ရှိ မိဒျန်အရပ်သို့ ထွက်ပြေးသွားသည်။

          :၁၆၂၂ မိဒျန်ပြည် ရေတွင်းနားတွင် ခြေကုန်လက်ပန်းကျ၍ နားနေစဉ် မိဒျန်ယဇ်ပုရောဟိတ်၏ သမီးခုနစ်ဖော်သည် ထိုရေတွင်းမှ ရေကို ခပ်၍ ဆိတ်သိုးများကို ရေတိုက်ကျွေးကြသည်။ မိဒျန်ယဇ်ပုရောဟိတ် အမည်မှာယေသရော (၃:၁) နှင့် ရွေလ (၂:၁၈) ဟု နာမည်နှစ်မျိုးရှိသည်။ (တော ၁၀:၂၉၊ NKJV Marg., LXX) တွင် ပါရှိသော ရွေလနှင့် အတူတူဖြစ်သည်။ မိဒျန်လူမျိုးသည် ဟေဗြဲတို့အဖို့ လူမျိုးခြား (က ၂၅:၂) ဖြစ်သည်။ ယေသရော၏ သမီးဇိပေါရနှင့် မောရှေတို့အကြောင်း ပါကြ၍ဂေရရှုံ (သူစိမ်း) ဟူသောသား ထွန်းကားလာကြသည်။

:၂၃၂၅ ဘုရားသခင်သည် ဟေဗြဲလူမျိုးအား ရွေးကောက်တော်မူသော လူမျိုးအဖြစ် နဂိုကတည်းက သတ်မှတ်ပြီးဖြစ်သည်။ ဖရောဘုရင် သစ်တက်လာသောအခါ ဘုရားသခင်သည် သူ့လူများ၏ ဆင်းရဲညည်းတွား သံများကို ကြားတော်မူသည်။ ထို့ကြောင့် သူ့လူမျိုးတော်အား ဦးစီးဦးဆောင်မည့်ခေါင်းဆောင် အစေခံတော် စီရင်ခွဲခန့်သည်။ လူမျိုးတော်သည် ဖန်ဆင်းစကပင် တန်ခိုးရှိသူများ အပြစ်စီရင်ထားပြီးဖြစ်သည်။

Previous Article
Next Article