ကမ္ဘာဦးကျမ်း ၄၈

၁၀။ ယောသပ်၏ သားများအပေါ် ယာကုပ်၏ကောင်းကြီးမင်္ဂလာ (အခန်း ၄၈)

          ၄၈: ဖခင်နာမကျန်းဖြစ်ကြောင်းသိသောအခါ ယောသပ်သည် သားမနာရှဲနှင့် ဧဖရိမ်ကို ခေါ်၍ ဖခင်ထံသွားကြသည်။ သေပွဲဝင်နေသော ယာကုပ်သည် အားယူ၍ အိပ်ယာမှ ထကာ မြေး()ယောက်ကို စကားပြောသည်။ ထိုသို့အဖိုး၏ ကောင်းကြီးမင်္ဂလာခံကြရသောကြောင့် နောင်တွင် ခါနာန်ပြည်အား မျိုးနွယ်စုအလိုက် မြေယာခွဲဝေကြသောအခါ ယောသပ်၏ သားများသည် ကောင်းကြီးမင်္ဂလာ(၂)ဆ ခံစားကြသည်။ ယောသပ်လည်း မွေးရာပါ အခွင့်အရေး ကောင်ကြီးမင်္ဂလာခံစားသည်။ ယောသပ်၏ သား(၂)ယောက်သည် ယာကုပ်က သူ့သားများဖြစ်ရမည်ဟု ဆိုသည်မှာ သားမှာအချစ် မြေးမှာအနှစ် ချစ်စကားဖြစ်သည်။ ထိုသားနှစ်ယောက်အား ယာကုပ်၏ သားဖြစ်ရသည့်အကြောင်းကို အပိုဒ်ငယ်(၇)တွင် ရှင်းပြထားသည်။ အချစ်ဆုံးဇနီး ရာခေလ သေဆုံးသွားသောကြောင့် ရာခေလ၏ သွေးပါသောမြေးများအား မိန်းမအလွမ်းပြေအချစ်ပိုခြင်းဖြစ်သည်။

၄၈:၂၂ သို့ဖြင့်ယာကုပ်သည် ယောသပ်၏သား။ သူ့မြေးများသို့ လက်နှစ်ဘက်ဆန့်တန်း၍ ကောင်းကြီးပေးသည်။ အကြီးကောင်ကို ညာဖက်လက် အငယ်ကောင်ကို ဘယ်ဘက်လက်ဖြင့် ကောင်းကြီးပေးရမည်ဖြစ်သော်လည်း ယောသပ်က စနစ်တကျ စီစဉ်အပ်နှံထားသည့်အတိုင်း မလုပ်ဘဲ လက်နှစ်ဘက်ကို ကြက်ခြေခတ်၍ အငယ်ကောင် ဧဖရိမ်ကို ညာလက်အကြီးကောင် မနာရှဲကို ဘယ်လက်ဖြင့် လက်တင်ကောင်းကြီးပေးသည်။ ယောသပ်က ပြင်ဆင်ပေးသော်လည်း ယာကုပ်က လက်မခံ။ ယာကုပ်သည် အိုမင်းရွယ်လွန်၍ အမြင်အားမကောင်းသော်လည်း စိတ်အာရုံကြည်လင်သည်။ ထို့ကြောင့် အာရုံပေါ်သည့်အတိုင်း မြေးငယ်ကို လက်ယာလက်ဖြင့် ကောင်းကြီးပေးသည်။ ဖခင်က ထိုသို့အငယ်ကောင်ကို ဦးစားပေးခြင်းအား နားမလည်ခဲ့။ သို့သော် ကာလကြာသောအခါ သဘောပေါက်လာသည်။ အဘယ်ကြောင့်ဆိုသော် အနာဂတ်အတွက် ဘုရားသခင်က အသိဉာဏ်ပေးခြင်း ဖြစ်သည်။ ယာကုပ်က သူ့သားမြေးများသည် နောက်တစ်နေ့တွင် ကတိတော်မြေသို့ စိုးစံရမည်ဟု ယုံကြည်စွဲလန်းသည်။ ယာကုပ်သည် အာမောရိ လူများ လက်ထဲမှ သိမ်းပိုက်ရရှိသော မြေအား သားအကြီးများသို့မပေးဘဲ၊ ယောသပ်သို့ အမွေပေးခဲ့သည်။ ထိုမြေသည် ယာကုပ်ရေတွင်းဟု နောင်တွင် နာမည်တွင်သော မြေနေရာဖြစ်နိုင်သည်။ (ယော ၄:၅)

Previous Article
Next Article