Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဓမ္မရာဇဝင်စတုတ္ထစောင် ၂၅

    ၂၅:၁–၇                  ဇေဒကိမင်း၏ အဲဂုတ္တုသားများ အားကိုးမှုသည် ဗာဗုလုန်တပ်အား ယေရုရှလင်မြို့သို့ ဖိတ်ခေါ်ခြင်းဖြစ်သည်။ နေဗုပ်ခနေဇာက (၁၈) လ လုံးလုံး ယေရုရှလင်မြို့ကို ဝိုင်းရံပိတ်ဆို့ထားသဖြင့် မြို့သူမြို့သားများ ငတ်မွတ်ကြသည်။ ဇေဒကိမင်းနှင့်အပေါင်းပါ များသည် ညချမ်းချိန်တွင် မြို့ရိုးဖောက်၍ ပင်လယ်သေနားရှိတော်ကြီးထဲသို့ ထွက်ပြေးကြသည်။ ခါလဒဲစစ်သားများက လိုက်လံဖမ်းဆီးမိ၍ ရိဗလရှိ နေဗုခပ်နေဇာထံသို့ ပို့ဆောင်ကြသည်။ ဇေဒကိမင်းရှေ့မှောက်တွင် သူ့သားများကို သတ်ပစ်ပြီးနောက် ဇေဒကိမင်း၏...

  • ရာဇဝင်ချုပ်ပထမစောင် နိဒါန်း

    နိဒါန်း “ရာဇဝင်ချုပ်သည် အခြားအကြောင်းအရာများနှင့်မတူဘဲ သီးသန့်ခိုင်ခံ့ပြီး ကျက်သရေလည်းရှိသည်။ အဘယ်ကြောင့်ဆိုသော်ဖြစ်ခြင်း၊ ပျက်ခြင်းသင်္ခါရတရား အလယ်မှာ မပျက်စီးနိုင်သော ဘုရားသခင်၏ နိစ္စတရားတွေ့ရှိရသည်။ မျက်မှောက်ကာလတွင်လည်း ထိုနည်းအတိုင်းဖြစ်သည်။ ခရစ်ယာန်အသိုင်းအဝန်းထဲ၌ ပျက်စီးခြင်းခြစားခြင်းရှိလာသော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်သည်မပျက်စီးနိုင်။ တရားတော်ရှာဖွေသူများသည် အမှုတော်၌ မွေ့လျော်သဖြင့် ဘဝငြိမ်သက်ချမ်းမြေ့ကြသည်။” William Kelly ၁။စံတော်မီဝိသေသလက္ခဏာ           မူရင်းဟေဗြဲသမ္မာကျမ်းစာတွင် ရာဇဝင်ချုပ်သည် အကြီးမားဆုံးကျမ်းဖြစ်သည်။ ဟေဗြဲဘာသာ စကားအားဖြင့်...

  • ရာဇဝင်ချုပ်ပထမစောင် ၁

    ၁။မျိုးရိုးစဉ်လာ (အခန်း ၁–၉)           ပထမပိုင်းအခန်း (၉)ခုကို မျိုးရိုးစဉ်လာဇယား သို့မဟုတ် မိသားစုဆင်းသက်လာပုံ ဟုခေါ်နိုင်သည်။ ယုဒလူမျိုးများ ဆင်းသက်လာပုံ မျိုးရိုးစဉ်သည် အရေးကြီးသည်။ ဖမ်းဆီးခေါ်ဆောင်ရာမှ ပြန်လည်လွတ်မြောက် လာသောအခါ တော်ဝင်မျိုးရိုးနှင့် ယဇ်ပုရောဟိတ်အနွယ်သည် အရေးကြီးသောအခန်း ကဏ္ဍမှ ပါလာသည်။ ဤအခန်းများတွင် အခြားကျမ်းစာများ၌ ပါရှိသည့် အမည်နာမများကွဲပြားသည်ကိုလည်း တွေ့ရမည်။ ထိုသို့ဖြစ်ရခြင်းမှာ အချို့လူများသည် နာမည်တခုမကရှိကြသည်။...