Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ကမ္ဘာဦးကျမ်း ၃၃

    ၃၃:၁–၁၁ ဧသောနှင့် တွေ့ခါနီးလေလေ၊ ယာကုပ်သည် ပိုမိုစိတ်ချောက်ခြားလာသည်။ ထို့ကြောင့် အသက်ချမ်းသာရာ ချမ်းသာကြောင်း မာယာနည်းပိရိယာယ်အမျိုးမျိုး အကွက်ကြိုတင် စီစည်ထားသည် ရှေ့မှာ ကြိုလွှတ်သော ဇနီးသားများလွတ်မြောက်၍ ကိုယ်တိုင် ဧသောနှင့် ကြုံဆုံသောအခါ ယာကုပ်သည် အစ်ကိုဧသောရှေ့တွင် (၇)ကြိမ်တိုင်တိုင် မြေကြီးပေါ်တွင် ပျပ်ဝပ်၍ ဦးချသည်။ အစ်ကိုဧသောက နှစ်လရှည်ကြာ ခွဲခွာသော တစ်အူတုံဆင်း ညီငယ်အား တွေ့သောအခါ ဖက်လှဲတကင်း...

  • ကမ္ဘာဦးကျမ်း ၃၄

    ၇။ ရှေခင်တွင် အပြစ်ဒုစရိုက် (အခန်း ၃၄)           ၃၄:၁–၁၂ ဤအခန်းတွင် ဘုရားသခင်၏ နာမတော်မြွတ်ဆိုခြင်း မတွေ့ရပါ။ ရှေခင်အရပ်မှာ ယာကုပ်မိသားစု ရှိနေကြစဉ် ယာကုပ်၏ လှပကျော့ရှင်းသော သမီးပျိုဒိနသည် ဘုရားတရားမသိသော ဒေသခံလူများနှင့် ပေါင်းသင်းသည်။ ထိုသို့ လျှောက်လည်စည် ဟာမော်မင်း၏သား ရှေခင် ကကြိုက်နှစ်သက်သဖြင့် အတင်းခေါ်ဆောင်၍ လင်မယားကဲ့သို့ ဆက်ဆံသည်။ အချစ်ကြီးချစ်နေသဖြင့် ထိမ်းမြားလက်ထပ်ဖို့ချော့မော့သည်။...

  • ကမ္ဘာဦးကျမ်း ၃၅

    ၈။ ဗေသေလသို့ပြန်လာခြင်း (အခန်း ၃၅)           ၃၅:၁–၈ လွန်ခဲ့သော အနှစ်(၃၀)က ယာကုပ်သို့ ပြုခဲ့သည့်ကတိတော် (၂၈:၂၀-၂၂) ပြည့်စုံမည့်အကြောင်းဖြင့် အခန်းကြီး(၃၅)ကို ကုလားကာဖွင့်လှစ်သည်။ ယခင် အခန်းကြီး(၃၄)သည် ဣသရေလအများဖခင်ကြီး ယာကုပ်အား အခြားတစ်နေရာသို့ ပြောင်းရွှေ့စေမည့်အကြောင်း ဘုရားသခင်၏ အကြံတော်ဖြစ်နိုင်သည်။ အခန်းကြီး(၃၄)တွင် နာမတော်တစ်ခါမှ မပါရှိသော်လည်း ဤအခန်းတွင် ဘုရားသခင်၏ စေခိုင်းသည့်အတိုင်း ယာကုပ် မိသားစု...