Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ရာဇဝင်ချုပ်ပထမစောင် ၁၄

    ၁၄:၁–၂                  ဣသရေလအမျိုးသားလုံး၏ အရှင်အဖြစ် ဒါဝိဒ်မင်းအုပ်စိုးသောအခါ တုရုဘုရင် ဟိရံမင်း က ဒါဝိဒ်မင်းအား  နန်းတော်ဆောက်လုပ်ရန် လက်မှုပညာသည်များနှင့် ကုန်ကြမ်းပစ္စည်းများ ကူညီသည်။ ထိုမင်းနှစ်ပါးသည် ထိုကာလမှစ၍ ကာလရှည်ကြာမိတ်ကောင်းဆွေမွန် ဖြစ်လာကြရာ သားတော်ရှောလမုန်မင်းတိုင်အောင် တည်တံ့သွားသည်။ ၁၄:၃–၇         တဖန် ဒါဝိဒ်မင်း သည် မိဖုရားအများအပြား ကောက်ယူပြန်သည်။ မိန်းမအများအပြားယူခြင်းကို တရား ၁၇:၁၇ တွင် တားမြစ်ထားပြီးဖြစ်သည်။...

  • ရာဇဝင်ချုပ်ပထမစောင် ၁၅

    ၁၅:၁–၃                  နောက်ထပ် (၃)လခန့် ကြာသောအခါ ဒါဝိဒ် သည် ပဋိညာဉ်သေတ္တာအား ယေရုရှလင်မြို့ သို့သယ်ဆောင်ရန်ကြိုတင်ပြင်ဆင်သည်။ ပထမဦးစွာ ပဋိညာဉ်သေတ္တာတော် စံမြန်းဖို့ရာ တဲ့တော်ပြင်ဆင်သည်။ အဘယ်ကြောင့်ဆိုသော် ဝိထုံးနည်းနာနှင့် ညီရသည်။ ထိုတဲတော်သည် ဣသရေလတို့ အဲဂုတ္တုပြည်မှထွက်လာကြစဉ် လမ်းခရီးမှာ ဆောက်လုပ်သောတဲတော်ပုံစံအတိုင်း ဖြစ်သည် (ထွ ၂၆)။ ပဋိညာဉ်သေတ္တာသည် ဒါဝိဒ်၏ တဲတော်တွင်ပရိဘောဂသဖွယ် ဖြစ်နေသည်။ ယဇ်ပလ္လင်သည်လည်း ဂေဗြုန်...

  • ရာဇဝင်ချုပ်ပထမစောင် ၁၆

    ၁၆:၁–၃                  တဲတော်သို့ ပဋိညာဉ်သေတ္တာ စံမြန်းသည်နှင့် တပြိုင်နက် ယဇ်ပူဇော်ကြသည်။ အမြင့်ဆုံး ပူဇော်သက္ကာဖြစ်သော မီးရှို့ယဇ်ပူဇော် ကြသည် (ဝတ်နှင့် ယှဉ်ဖတ်)။ ယဇ်ကောင်တခုလုံး မီးလောင်ပြာကျရာ ဘုရားသခင်လက်ခံသော မွှေးနံ့သာပူဇော်သက္ကာ ဖြစ် သည်။ ထို့အပြင် မိဿဟာယပူဇော်သက္ကာ လည်းပူဇော်ကြသည်။ ယဇ်ကောင်အဆီနှင့် ကျောက်ကပ်များကို မီးရှို့ရာ ယဇ်ပလ္လင်ပေါ်တွင် ဘုရားသခင်ထံသို့ မီးရှို့ပူဇော်ရသည်။ မိဿဟာယယဇ်သည် ဘုရားသခင်နှင့် ကောင်းမှုကုသိုလ်တို့...