Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ရာဇဝင်ချုပ်ပထမစောင် ၁၇

    (ဂ) ဗိမာန်တော်တည်ဆောက်လိုခြင်းဆန္ဒနှင့် ဘုရားသခင်၏ အဖြေစကား (အခန်း၁၇)           အခန်းကြီး (၁၇) ကို ဒါဝိဒ်က ဘုရားသခင်အိမ်တော်တည်ဆောက်လိုခြင်းဆန္ဒ (အခန်း၁-၂)၊ ဒါဝိဒ်၏ အိမ်တော်ဆောက်လိုခြင်းအပေါ် ဘုရားသခင်၏ သဘောတော် (ငယ် ၃-၁၅)၊ ဒါဝိဒ်၏ လျှောက်လဲဆုတောင်းချက် (ငယ် ၁၆-၂၇) ဟူ၍ (၃)ပိုင်းလေ့လာနိုင်သည်။ ထိုသို့လေ့လာရာတွင် ဓမ္မရာဇဝင် ဒုတိယစောင်နှင့်ယှဉ်၍ လေ့လာရပါမည်။ ၁၇:၁–၄        ...

  • ရာဇဝင်ချုပ်ပထမစောင် ၁၈

    (ဃ)ဒါဝိဒ်၏အော်နိုင်မှုများ           (အခန်း ၁၈–၂၀)           ပဋိညာဉ်သေတ္တာတော်အား ယေရုရှလင်သို့ မပင့်ဆောင်မီအကြောင်းကို အခန်း၁၃-၁၇ တွင်း ရှင်းပြပြီး ဒါဝိဒ်မင်းနန်းစံပြီး နောက် သမိုင်းဖြစ်စဉ်များကို အခန်း၁၈-၂၀ တွင်မှတ်တမ်း တင်ထားပါသည်။ ဣသရေလတိုင်းပြည် မထူထောင်မီ သူတလူငါတမင်း ပုန်ကန်သောင်းကျန်းခဲ့ကြသော အိမ်နီးချင်းနိုင်ငံများသည် ဘုရားသခင်စီရင်ခန့်အပ်ထားသော ဒါဝိဒ်မင်းနန်းစံချိန်မှစ၍ ငြိမ်ဝပ်ပိပြားကြသည်။ နာခံခြင်းမရှိ၊ ကလန်ကဆန်ပြုခဲသူများသည် ခေါင်းငုံ့လျက် ဒါဝိဒ်မင်းထံ အခွန်အကောက်ဆက်သကြသည်။...

  • ရာဇဝင်ချုပ်ပထမစောင် ၁၉

    ၁၉:၁–၄                  အမ္မုန်ဘုရင် နာဟတ်သည် ရှောလုမင်းလက်ထက်တွင် ဣသရေလနိုင်ငံအား ဆန့်ကျင်တိုက်ခိုက်ခဲ့သည် (၁ရာ ၁၁ကိုကြည့်၂)။ နာဟတ်မင်းသည် ရှောလုက ဒါဝိဒ်မင်းအားနှိပ်ကွပ်စဉ် ဒါဝိဒ်ကို ကူညီစောင့်ရှောက်သူဖြစ်သည်။ နာဟတ်ကွယ်လွန်ကြောင်းသိရသော သား ဟာနုန်အား နှစ်သိမ့်အားပေးရန် ဒါဝိဒ်မင်းက သံတမန်များ စေလွှတ်သည်။ သို့သော ဟာနုန်သည် သံရေး တမန်ရေး နားမလည်သော အကြံပေးအရာရှိများ၏ အခါတော်ပေးချက်ဖြင့် ဧည့်သည်တော်များကို မဖွယ်မရာမယဉ်မကျေး ဆက်ဆံခဲ့သည်။...