Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
၂။ယောဘ၏တုန့်ပြန်စကား (အခန်း ၁၆၊၁၇) ၁၆:၁-၅ ဧလိဖတ်၏စကားများကိုတခွန်းမကျန် ယောဘတုန့်ပြန်ချေဖျက်သည်။ “ရေနစ်သူဝါးကူထိုး” သူများဟုတုန့်ပြန်ချေပသည်။ အကယ်၍ယောဘ နေရာတွင် ဧလိဖတ်တို့နေမည်ဆိုလျှင် ယောဘသည် ဧလိဖတ်တို့စကားမျိုးပြောမည်မဟုတ်။ နှစ်သိမ့်အားပေးစကားပြောမည်။ ၁၆:၆-၁၄ သို့သော် ယခုကာလတွင် ဘုရားသခင်က ယောဘအား ဘုရားတရားမသိသောသူများဖြင့် ချီနှောင်ပြီး မခံမရပ်အောင် ထိုးဆွနေပြီ။ ခန္ဓာ ကိုယ်အနာရောဂါအပေါ်သို့ စိတ်ညစ်ခြင်းထပ်ပေးနေပြီ။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာသလား။ မြေနှိမ့်မှာ စိုက်ချင်ကြသလား။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ယောဘဝတ္ထု
-
၁၇း၁-၁၂ ယောဘ၏အသက်ဝိညာဉ် ချုပ်တော့မည်။ သချိုင်းကုန်းရောက်လုပြီ။ သူငယ်ချင်းများ၏ အားပေးမှုများသည်လည်း ချစ်ရာမရောက်၊ နှစ်ရာရောက်သည်။ ခွန်အားရစရာ မျှော်လင့်ချက်မရှိ။ ဘုရားသခင်က သူ့အား စံနမူနာပုံစံအဖြစ် ထားတော်မူသည်။ ဖြောင့်မတ်သောသူများက သူ့ဘဝ၏ အကျိုးအကြောင်းကို မည်ကဲ့သို့မှတ်ချက်ပြုကြမည်နည်း။ အဓမ္မလူများကမူ အပြစ်တင်စကားသာဆိုကြသည်။ သူ့မိတ်ဆွေသုံးဦးတွင်လည်းပညာရှိသူ တစ်ယောက်တလေမှ မတွေ့မမြင်။ ၁၇း၁၃-၁၆ ယောဘအတွက် တွယ်တာစရာ။ သံယောဇဉ်မပြတ်နိုင်စရာ လူ့လောကမှာမရှိ၊ မှောင်မိုက်သောသချိုင်း။ အုတ်ဂူကိုသာ...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ယောဘဝတ္ထု
-
၃။ ဗိလဒတ်၏ဒုတိယစကား (အခန်း ၁၈) ၁၈:၁-၄ ရှုအာအမျိူးသားဗိလဒတ်က ယောဘနှင့်သူကိုယ်တိုင် အလေးအနက်စကားပစ်ထည့်သည်။ သူ့စကားများသည် အခြားမိတ်ဆွေနှစ်ဦးထက် လိုရင်းတိုရှင်းရောက်သည်။သူ့မိတ်ဆွေ ယောဘ၏ အတော်မသတ်နိုင်သော ပြောမဆုံးပေါင်တောသုံးတောင်စကားကို အပြီးသတ်ဖို့ ပြတ်ပြတ် သားသား ပြောခြင်းဖြစ်သည်။ ၁၈:၅-၂၁ လူဆိုးများသည်မိမိခင်းထားသော ဒုစရိုက်ထောင်ချောက်တွင် ပြန်မိသည်ဟု စကားကျော့သည်။ သို့ဖြင် အပြစ်ဒုစရိုက်သမားများ အကုသိုလ်ဝဋ်လည်ပုံကို တခုခြင်းရှင်းပြသည်။ မတရားသူ၊ သူယုတ်မာများသည် မိမိတို့ပြုမှားခဲ့သောအပြစ်များကြောင့်...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ယောဘဝတ္ထု