Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ယောဘဝတ္ထု ၁၉

    ၄။ ယောဘ၏တုန့်ပြန်ချက် (အခန်း ၁၉) ၁၉:၁-၂၂ ယောဘက သူ့မိတ်ဆွေများအား တုန့်ပြန်ချေပသည်။ သူ့မိတ်ဆွေများသည် ဆန်ကောလောက်ဇောက်မနက်သော အသိဥာဏ်ပညာဖြင့် သူ့အားအပြစ်တင်ကြသည်မှာရှက်စရာဖြစ်သည်ဟုဆိုသည်။ ဘုရားသခင်က သူ့အပြစ်ကိုစီရင်သည်ဟုဆိုစေတော့။ ဆွေမျိုးဉာတိများနှင့် ကျွန်များက ထိုသို့မမြင်အပ်။ သူ့ခန္တာကိုယ်သည် သေခြင်းကိုသာမျှော်လင့်နေပါသည်။ ဘုရားသခင်နှင့်မိတ်ဆွေများက လည်းသူ့ကို မသနားမညှာတာကြပါ။ ၁၉:၂၃-၂၄ သူ့၏တုန့်ပြန်ချေပစကားများကို မော်ကွန်းတည်ကျန်ရစ်အောင်ခဲပြားမှာပေါ်မှာကညစ်နှင့် အက္ခရာတင်လျက်ကျောက်စာထိုးလျှက်မြဲပါစေဟုတ်ကျိန်ဆိုသည်။ သို့ဖြင့်နောင်လာနောင်သားများကတရားနှင့်ယှဉ်သောသစ္စာကိုမြင်တွေ့ကြနိုင်မည်။ ၁၉:၂၅-၂၇ သေလွန်သော်လည်း တနေ့...

  • ယောဘဝတ္ထု ၂၀

    ၅။ ဇောဖာ၏ဒုတိယစကား (အခန်း ၂၀) ၂ဝး၁-၁၉ ဇောဖာသည် ယောဘ၏စကားကိုနားမဝင်။ မသိချင်ယောင်ဆောင်သည်။ ထို့အပြင် မိမိ ကိုယ်ကို အထင်ကြီးမာနတတ်သူများသည် ထာဝရ ပျက်စီးကြလိမ့်မည်ဟု ဆုံးမသည်။သူ့သားသမီးများသည်လည်း သူတောင်းစားထံမှ လက်ဖြန့်ခံစားရမည်။ ငယ်ရွယ်နုပျိုစဉ်က ခွန်အားအစွမ်းမာနများ သည်လည်း ခမ်းခြောက်ကုန်မည်။ လူ့ဘဝမှာ ပျော်ရွှင်ဂုဏ်ယူရသော မာန်မာနများသည် မျက်စိ တမှတ်လျှပ်တပြတ်တွင်ပျောက်ကွယ်သွားနိုင်သည်။ ၂ဝး၂၀-၂၉ မတရားသောသူများအပေါ်သို့ဘေးဒုက္ခအစုလိုက်အပြုံလိုက်ကျရောက်စမြဲဖြစ်သည်။ အစားဆင်းရဲခြင်း၊ စိတ်ဖိစီးခြင်၊...

  • ယောဘဝတ္ထု ၂၁

    ၆။ ယောဘ၏ဒုတိယကြိမ်ချေပချက် (အခန်း ၂၁) ၂၁:၁-၂၂ ယောဘကသူ့စကားအား အလေးထားနားဆင်ကြရန် ကြိုတင်သတိပေးလိုက်သည်။ သူ့စကားများသည် သူ့သဘောသဘာဝအား ဆန့်ကျင်ခြင်းမဟုတ်ပါ။ လူ့အသိတရားနှိုးထစေဖို့ဖြစ်သည်။ လူယုတ်မာများ၊ ဘုရားတရားမသိသူများသည် လည်းကြွယ်ဝချမ်းသာ၍ တနေ့တခြားဒီရေအလား ဥစ္စာစီးပွားတိုးတက်ကြသည်။ မှန်ပါသည်၊ ဘေးရန်မခ၊ ဒုက္ခမရောက်ကြပါ။ ဘုရားတရားမသိသော်လည်း ဘဝအဆင်ပြေနေကြပါသည်။ ထိုဘုရားတရားမသိသူများ၏ လူ့ဘဝ လူ့လောကစည်းစိမ်အောင်မြင်ကြ ပုံကို မကြာခဏတွေးတော်ဆင်ခြင်မိပါသည်။ သူတို့ဘဝ လွင့်ပါးမည့်အချိန်မည်သို့ဆိုနိုင်သနည်။ ထိုသူ၏သားသမီးအတွက်...