Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ယောဘဝတ္ထု ၃၁

    ၃၁:၁-၁၂ ယောဘသည် လှပသောမဒီကညာများကို မျက်စိအရသာခံ၍ လှည့်မကြည့်ပါ၊ အရာရာကို မြင်နေသော ဘုရားသခင်၏ မျက်လုံးတော်ကို စိုးရိမ်သည်။ ကောက်ကျစ်လိမ်ညာခြင်းမပြု မုသားစကားမဆို ဘုရားသခင်၏ဂုဏ်အင်ကို ဖြောင့်မတ်စွာလိုက်ကျင့်သည်။ ဖြောင့်မတ်ခြင်းတရားတော် လမ်းမှမသွေ တနည်းအားဖြင့် သူကြဲခဲ့သောမျိုးစေ့များ မရိတ်သိမ်းရ အိမ်နီးနားချင်းအမျိုးသမီးများကို လည်း တပ်မက်စိတ်ဖြင့် မပြစ်မှား။ သူ့မိန်းမသည်လည်း သူများလင်နှင့်မနေ။ သူပိုင်ဆိုင်ရာမိသားစုသည်လည်း ယောဘကဲ့သို့ ဖြောင့်မတ်ကြပါလျှက် ကံတူအကျိုးမပေးကြ။ ၃၁:၁၃-၁၇...

  • ယောဘဝတ္ထု ၃၂

    ၃။ဧလိဟုကြားဝင်ခြင်း (အခန်း ၃၂-၃၇) (က)ယောဘ၏မိတ်ဆွေသုံးဦးသို့ဧလိဟုစကား (အခန်း၃၂) ၃၂:၁-၆ ယောဘနှင့်သူ့မိတ်ဆွေသုံးဦး၏အပြန်အလှန်စကားဆွေးနွေးချက်များ မီးခိုးတိတ်သွားပြီး။ တတိယအချီစကားဇောဖာရောက်ရှိလာကြောင်း ရောက်ရှိလာမည်။ သို့သော် မပြောဖြစ်။ကြားလူ ဖောက်ဝင်လာသောကြောင့်ဖြစ်ပေမည်။ ထိုအခိုက် ပုဇအမျိုးအာရအနွယ်ဝင်ဗာရခေလ၏သားဧလိဟုလူရွယ်သည် ယောဘတို့၏စကား ဖွဲ့ငြင်းခုံသံများကို နားပြင်းကပ်သောကြောင့် စကားဝင်ဖောက်သည်။ ကျမ်းအတတ်ပညာရှင်များက ဧလိဟုကိုယေရှုခရစ်တော် အောင်သွယ်တော်အဖြစ်မြင်ကြသည်။ ယောဘနှင့်သူ့မိတ်ဆွေများ၏စကားရေတင်မရငြင်းခုံချက်များကို အချက်ကျကျ သုတေသနပြုပြီး မိတ်ဖက်ပေါင်းစပ်တည့်မိတ်ပေးသည်။ ခပ်တိုတိုပြောရလျှင် ကြားလူဖြစ်သည်။ လူနှင့်ဘုရားသခင်အကြားငြိမ်းချမ်းပြေလည်အောင် ယေရှုခရစ်တော်...

  • ယောဘဝတ္ထု ၃၃

    (ခ)ယောဘသို့ ဧလိဟုစကား (အခန်း ၂၂) ၃၃:၁-ရ ယောဘက သူ့စကားအား အလေးထားဂရုစိုက်ရန် “အိုးယောဘ” ဟု ချောင်းဟန့်လိုက်သည်။ ယောဘသည် ဘုရားသခင်ရှေ့တွင် ဖြောင့်မတ်မှန်ကန်သူဖြစ်ကြောင်း သူ့ကိုသူ သက်သေထူလိုသည်။ ယောဘနှင့်ဧလိဟုသည် ဘုရားသခင်က ရွံ့ဆေးဖြင့် ဖန်ဆင်းခြင်းဖြစ်၍ ဘုရားသခင်ရှေ့တွင်ဘဝတူများဖြစ်သည်။ ထိုစကားကို စိတ်ဆိုးခြင်းမရှိပဲ ဟုတ်တိုင်းမှန်ရာစကားတုန့်ပြန်ခိုင်းသည်။ နှစ်ယောက်စလုံး စိတ်မဆိုး ဗွေမယူကြေး ရင်းနှီးပွင့် လင်းစွာပြောဆိုဖို့ စကားစိမ်ခေါ်သည်။...