Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ယောဘဝတ္ထု ၃၄

    (ဂ)ယောဘ၏ မိတ်ဆွေများသို့ ဧလိဟု၏ဒုတိယစကား(အခန်း ၃၄) ၃၄:၁-၁၅ ဧလိဟုက ယောဘ၏မိတ်ဆွေများအား ထမင်းဟင်းလျာကောင်းစားခဲ့ဘူးကြကြောင်းအတည်ပြုသည်။ ထိုသို့ပင် ယောဘ၏စကားကိုလည်း မြည်းစမ်းသိရှိခဲ့ကြပြီ။ ယောဘ “ဘုရားသခင်သည် တရားသဖြင့် အမှုတော်မစီရင်သူကဲ့သို့သော လူမှန်အား အနာဆင်းရဲဒုက္ခခံစေခြင်းသည် မတရားပါ” ဟု ဆိုစကားကိုဆင်ခြင်ခိုင်းသည်။ ဘုရားသခင်သည် ဘယ်သောအခါမှ တရားတော်နှင့်အညီစီရင်ခြင်း မပြုသောအချိန်မရှိ။ အကယ်၍ ဘုရားသခင်က မဖန်ဆင်းလျှင်လူသည် မြေမှုန့်ဘဝ၌သာရှိနေမည်။ မစောင့်ရှောက်လျှင်ပျက်စီးချင်တိုင်းပျက်စီကြမည်။ ၃၄:၁၆-၃ဝ...

  • ယောဘဝတ္ထု ၃၅

    (ယ)ယောဘသို့ ဒုတိယမ္ပိစကား (အခန်း ၃၅-၃၇) ၃၅:၁-၈ ဧလိဟု ယောဘအား အပြစ်စကားဆိုသည်။ ယောဘ၏ဖြောင့်မတ်ခြင်းက ဘုရားသခင်၏ အမှုတော်အား ဘာမှမကျိုးမပြုသကဲ့သို့ လူ့အပြစ်ဒုစရိုက်များက ဘုရားသခင်၏ အမှုတော်ကို မထိခိုက်ပါ၊ ဘုရားသခင်ရှေ့မှာ မိမိကိုယ်ကို ဟုတ်မှန်လှပြီဟု မဝါကြွားစကောင်း။ ၃၅:၉-၁၆ တရားမသိသောသူများသည် ဆင်းရဲဒုက္ခရောက်သောအခါ အော်မြည်ညီးတွားကြသော်လည်း တရားမမြင်၊ တိရိစ္ဆာန်များနှင့်ကျေးဌက်များကို ဉာဏ်ပညာပေးသော ဘုရားကိုလည်း မသိကြ။ သို့ကြောင့်...

  • ယောဘဝတ္ထု ၃၆

    ၃၆:၁-၁၂ ဧလိဟု၏ စတုတ္ထစကားဖြစ်သည်။ ဆင်းရဲဒုက္ခနှင့်ပတ်သတ်၍ ဘုရားသခင်၏ သစ္စာတရားကို အကြေအလည်ရှင်းပြသည်။ ဘုရားသခင်သည် မတရားသော ဒုစရိုက်သမားများနှင့် ဖြောင့်မတ်သောသူများကိုလည်း တရားတော်နှင့်အညီ စီရင်ပါသည်(ငယ် ၇-၉)။ ရှင်ဘုရင်သည် ရာဇပလ္လင်ပေါ်တွင်စိုးစံစေ၍ချုပ်နှောင်ခံထိုက်သူများကိုထောင်နန်းစံစေသည်။ဖြောင့်မတ်သူများ မတရားပြုမှုလုပ်လျှင် လမ်းမှန်ကမ်းမှန်ပြန်ရောက်ဖို့ ဘေးဒုက္ခပေး၍ ဆွဲမသည်။ နာခံခြင်းရှိသူများကို ငြိမ်သက်ချမ်းသာခြင်းပေးသည်။ ဘုရားသခင်ကိုပစ်ပယ်၍ ဖောက်ပြန်ကြလျှင် ကိုယ်အားဓါးဖြင့်မွှန်းတတ်ပါသည်။ ၃၆:၁၃-၂၁ ယောဘသည်လည်း အပြစ်ဝန်ခံ၍ နောင်တရလျှင် ဆင်းရဲဒုက္ခ...