Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဆာလံကျမ်း ၁၅၀

    ဆာ ၁၅၀၊ ဘုရားသခင်ကို ချီးမွမ်းလော့။ ဆုံးခန်းတိုင်ရောက်လေပြီ။ ဖန်ဆင်းခံသတ္တဝါများဖြစ်ကြောင်း သိရသည်။ ထိုသို့ဖန်ဆင်းခံသတ္တဝါ များ ဖြစ်ကြရသောကြောင့် ဖန်ဆင်းရှင်ကို ကိုးကွယ်အပ်သည်။ အဘယ်သို့ ကိုးကွယ်ရအံ့နည်း။ ဆာလံဆရာ အဖြေပေးထားသည်။ ဘယ်နေရာ၊ ဘာကြောင့်၊ မည်သို့၊ မည်သူ့ကို ကိုးကွယ်ရမည့်အချက်များဖြင့် ရှင်းပြထားသည်။ ဖန်ဆင်းခြင်းသည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရာဖြစ်သည်။ သို့ကြောင့် လူသည် ဘုရားသခင် ကို အဓိကထားကိုးကွယ်ရသည်။...

  • သုတ္တံကျမ်း နိဒါန်း

    “ဤကျမ်းသည် စာပန်းချီ မဟုတ်သကဲ့သို့ လူ့အပြုအမူ အဘိဓါန်လည်း မဟုတ်ပါ။ ဘဝ အောင်မြင်ရေး သော့ချက် ဖြစ်သည်။ နမူနာ ယူစရာအပြုမူ၊  ဉာဏ်ပညာနှင့်မိုက်မဲခြင်း ခွဲခြားပြသသော စံနှုန်း ဖြစ်သည်။” Derek Kidner ၁။ စံတော်မီ ဝိသေသလက္ခဏာ သုတ္တံကျမ်းစာအုပ်သည် ယနေ့ခေတ်သစ်ကာလ တိုင်အောင် လက်မလွတ်နိုင်သော၊ မရိုးနိုင်သေးသော ခေတ်မီစာအုပ်ဖြစ်၏။ လူ့ဘဝအသက်တာအသီးသီးတွင် ကြုံတွေ့ရင်ဆိုင်နေရသော ပဟေဠိပြဿနာများကို...

  • သုတ္တံကျမ်း ၁

    ၁။ နိဒါန်း (၁:၁– ၇) ၁:၁  ဒါဝိဒ်ဘုရင်၏သား ရှောလမုန်မင်းသည် ဣသရေလဘုရင်များအနက် ပညာရှိဆုံး၊ ချမ်းသာဆုံး၊ အကျော်ကြားဆုံးဘုရင် ဖြစ်သည် (၃ရာ ၃:၁၂၊ ၁၃၊ ၄:၃၀၊ ၃၁)။ ရှောလမုန်၏ သုတ္တံစကား သုံးထောင်အနက် တချို့တဝက်ကို ဤကျမ်းတွင် တွေ့ရှိနိုင်သည်။ အခန်း ၁:၁ မှ ၂၉:၂၇ တွင် ဖော်ပြထားသည်။ ၁:၂–၃...