Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • သုတ္တံကျမ်း ၂

    (ခ) ဉာဏ်ပညာအမျိုးမျိုး (အခန်း ၂)           အခန်း(၂)တွင် ရှောလမုန်က သူ့သားအား ဉာဏ်ပညာလမ်း လျှောက်လှမ်းဖို့ တိုက်တွန်းထားသည်။ ပထမပိုင်း အခန်းငယ် (၄)ခုသည် ဘုရားသခင်အား သိကျွမ်းရမည့်အကြောင်း ဖြစ်သည်။ ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရှာဖွေရမည်။ ဤအခန်း၏ အနှစ်သာရမှာ ဉာဏ်ပညာရှာဖွေသူသည် အမှန်တကယ် ရရှိမည့်အကြောင်း အာမခံချက် ဖြစ်သည်။ အပိုဒ်ငယ်ပေါင်း (၂၂)ခုပါရှိ ဟေဗြဲဗျည်း...

  • သုတ္တံကျမ်း ၃

    (ဂ) ဉာဏ်ပညာဆုလက်ဆောင် (၃:၁–၁၀)           ၃:၁ မိဘတိုင်းက မိမိတို့သားသမီးများကို လိမ္မာရေးခြားရှိပြီး၊ ကောင်းစားစေချင်ကြသည်။ ဉာဏ်ပညာ၏ သွန်သင်ချက်များနှင့် သမ္မာကျမ်းစာများကို မှတ်သားနာယူခြင်းဖြင့်သာ ထို့သို့ လိမ္မာနိုင်သည်။ သို့ကြောင့် ကျမ်းစာသွန်သင်ချက်များနှင့် ပညာရှိဆုံးမစကားများကို မြေဝယ်မကျ ရင်မှာစွဲမှတ်ထားဖို့ သွန်သင်ထားသည်။ ၃:၂ မိဘစကားနားထောင်သူများသည် အနာရောဂါကင်း၍ အသက်တာရှည်ကြသည်။ ဘဝအေးချမ်းလုံခြုံကြသည်။ ဘေးရန်ကင်းရှင်းသည်။ မိဘစကားနာခံလျှင် အဖျားအနာခလုတ်ကန်သင်း၊ ဆူးငြှောင့်နှင့်...

  • သုတ္တံကျမ်း ၄

    (စ) ဉာဏ်ပညာ၏ မိသားစုအမွေအနှစ် (၄:၁–၉)           ၄:၁  ပထမအပိုဒ်ငယ် (၉)ခုတွင် ဖခင်က သားသမီးများသို့ ပေးထားသော အမွေအနှစ်ရတနာများကို ရှင်းပြသည်။ အမွေအနှစ်သည် မိမိ ကြိုးစားအားထုတ်မှုမပါဘဲ ဖခင်၏ ချွေးနှီးစာများ ဖြစ်သည်။ သားသမီးများသည် မိဘစကားကို နာခံရမည့်အကြောင်း သုတ္တံစကား ပြောထားသည်။ ဖခင်၏ နည်းဥပဒေသများကို နားထောင်ရမည်။ ၄:၂ သက်ကြီးစကားက သက်ငယ်များ...