Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
၁၇:၁ တောင်းအပြည့်ထည့်ထားသော မသဒ္ဓါရေစာယဇ်သက္ကာခဲဘွယ်တော်တန်းများကို စားသုံးခြင်းထက် သဒ္ဓါကြည်လင်စွာရသော အစားတလုပ်သည် ပို၍စားကောင်းသည်။ စိတ်နှလုံးခန္ဓာကိုယ်အား ကျန်းမာစေပါသည်။ ၁၇:၂ ပညာရှိသော အစေခံကျေးကျွန်သည် အရှက်ရစေသောသားထက် မျက်နှာရတတ်သည်။ ထိုသုတ္တံစကားအတိုင်းပင် ရှောလမုန်၏ ပညာရှိအစေခံ ယေရောအောင်သည် ဣသရေလလူမျိုးနွယ်(၁၀)စုကို အုပ်စိုး၍ ရှောလမုန်၏သားအရင်း ယေရောဗောင်သည် လူမျိုးနွယ်စု (၂)ခုသာ အုပ်ချုပ်ရသည်။ ပညာရှိသောအစေခံ ကျွန်များသည်လည်း သားများနှင့်တန်းတူ အမွေဆက်ခံခွင့် ရလေ့ရှိကြသည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
သုတ္တံကျမ်း
-
၁၈:၁ ဤသုတ္တံစကားသည် လေးနက်ကျယ်ပြန့်လှသဖြင့် အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကောက်ယူကြသည်။ သူတပါးနှင့်မရောနှောသောသူသည် မိမိစေတနာအလိုရှိသည့်အတိုင်း ရှာဖွေ၍ ပညာရတာနာ အမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။ ထိုသူသည် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ၊ တကိုယ်တော်စူးစမ်းရှာဖွေခြင်းကို ဆိုလိုသည်။ နေရာအနှံ့အပြားတွင် နည်းလမ်းအမျိုးမျိုးဖြင့် အားကြိုးမာန်တက် ပညာရှာစားသူများ ဖြစ်သည်။ R S V ကျမ်းမူနှင့် အနည်းငယ်ကွဲလွဲသည်။ “မိမ်တကိုယ်တည်း ထူးထူးဆန်းဆန်း ပညာရှာဖွေ လေ့လာသူများသည်...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
သုတ္တံကျမ်း
-
၁၉:၁ ဆင်းရဲ၍ ဖြောင့်မတ်သူနှင့် လိမ်လည်တတ်သောလူမိုက် (လူချမ်းသာ ဖြစ်နိုင်သည်)တို့ကို နှိုင်းယှဉ်ပြထားသည်။ ထိုသူနှစ်ဦးတွင် ဆင်းရဲသော်လည်း ဖြောင့်မတ်သူက ပိုမြတ်သည်။ ၁၉:၂ အသိဉာဏ်ပညာမရှိဘဲ၊ ကြိုးစားအားထုတ်ခြင်းသည် အချည်းနှီး ဖြစ်သည်။ ထိုသူသည် ဖြစ်ချင်စိတ်သာရှိသည်။ မည်သို့မည်ပုံ လုပ်ရမှန်းမသိ။ ထို့ကြောင့် လုပ်သမျှသည် အထမမြောက်။ ကဗျာကယာလုပ်ကိုင်ခြင်းသည်လည်း အမှားကြုံရသည်။ မည်သို့လုပ်ရမှန်း အသေအချာမသိ၊ ဘယ်ဘက်သို့လိုက်ရမှန်း မသိဘဲ...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
သုတ္တံကျမ်း