Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဟေရှာယအနာဂတ္တိကျမ်း ၂၃

    ၁၂။ တုရုသားများ (အခန်း၂၃) ၂၃:၁-၅တာရှု (စပိန်ပြည်)မှပြန်လာ၍ကုပရကျွန်းသို့ရောက်သောအခါ တံ ငါများထံမှတုရုမြို့ပျက်စီးသည့်သတင်းစကားကြားရသည်။ လူနေအိမ်ခြေများတစ်ခုမကျန်ပျက်စီးသွားသောကြောင့်ခိုလှုံတည်းခိုစရာနေရာမရှိကြ။ ဗလာကျင်း ဖြစ်သွားကြသည်။ တုရုသားများဘဝမုန်တိုင်းကျသောကြားသိရသောအခါအိမ် နီးနားခြင်းခိတုန်ကုန်သည်များသည်စကားတခွန်းမပြောနိုင်ဘဲရေငုံနှုတ်ပိတ်တိတ်ဆိတ်ကြသည်။ နိုင်းမြစ်ဝှမ်းဒေသအထက်ပိုင်းမှယူဆောင်လာသောအခါ မျိုးစေ့သီးနှံများကိုမည်ကဲ့သို့ရောင်းရတော့မည်နည်း။ တုရုပြည်၏ဗဟိုမြို့ တော် ခိတုန်မြို့သည်အရှက်ကွဲစေပြီ။ လှိုင်းပုတ်သံကြောင့်တမြို့လုံးပြိုကျပျက် စီးရပြီ။ မြို့တော်သူမြို့တော်သားများ၏ငိုကြွေးအော်ဟစ်သံသည်ပဲ့တင်သံ ထပ်နေပြီ။ တုရုမြို့သည်အမွေ့ဆက်ခံမည့်သူမရှိမျိုးကန်းပြီ။ ထိုသတင်းကြောင့်ဖောက်သည်ကြီးအဲဂုတ္တုပြည်သည်လည်းဝမ်းနည်းပက်လက်ကြေကွဲရပြီ။ ၂၃:၆-၉ တာရှု(စပိန်)သားများသည် ဝေးလံသောအရပ်ဒေသ၌ခိုလှုံစရာ ရှာကြမည်။ ရှေးယခင်ကဥစ္စာဓနကြွယ်ဝ၍စည်ပင်ဝပြောခဲ့သောမြို့သည်ယခုအခါတွင်ရပ်​ဝေးမြေခြားသို့ခြေသလုံးအိမ်တိုင်ထူကြပြီ။ အလုပ်လက်မဲ့ဖြစ်နေ ကြပြီ။...

  • ဟေရှာယအနာဂတ္တိကျမ်း ၂၄

    ၁၃။ ကမ္ဘာအဝှန်း(အခန်း၂၄) ၂၄:၁-၃ဘုရားသခင်သည်ဣသရေလမြေကိုစတင်တရားစီရင်မည်ဟုဆို သော်လည်းတချိန်တည်းတပြိုင်တည်းတွင်အရှေ့အနောက်နှင့်ကောင်းကင်နိုင်ငံမှဆိုးညစ်သူများလည်းပါဝင်သည်။ “ကမ္ဘာမြေ”ဟူသောဝေါဟာရကို“တပြည်လုံး”ဟုသုံးထားသည်။ အပိုဒ်ငယ်၂တွင်ပါရှိသည့်ယဇ်ပုရောဟိတ်သည် အပိုဒ်ငယ်၁-၃တွင်ပါရှိသောဣသရေလမြေပေါ်မှလူများကိုဆိုလိုဟန်ရှိသည်။ “တပြည်လုံး”နှင့်“လူများ”ဟူသောစကားလုံးသုံးထားသည်ကိုသတိပြုပါ။ လူ တန်းစားအလွှာစုံနေရာဒေသအနှံ့အပြားတွင်ဘေးဆိုး၊ကပ်ဆိုးကျရောက်ပျက်စီးကြမည်။ ၂၄:၄-၁၃ အပိုဒ်ငယ်တွင်ဖေါ်ပြသည့်“လောက”သည်တရားစီရင်ခြင်း ခံရမည့်နယ်မြေကျယ်ဝန်းပုံကိုဖေါ်ညွှန်းသည်။ ကမ္ဘာအဝှမ်းညစ်နွမ်းစုတ်ပဲ့မှု ကြောင့်ဘုရားသခင်ကလူများသို့ပြုထားသောထာဝရပဋိညာဉ်တရားပျက်စီး သည်။ ဤကတိတော်ကိုအချို့က နောဧသို့ပြုထားသောကတိတော်ဖြစ်သည် (က၉:၁၆)ဟုဆိုကြသည်။ သို့သော်သိရှိထားရန်အချက်မှာဘုရားသခင်၏ပဋိ ညာဉ်ကတိတော်သည်ပျက်ပြယ်ရိုးမရို။ ချို့ယွင်းချက်မရှိ။ အချို့ကမောရှေသို့ပြု ထားသောပဋိညာဉ်တရားဖြစ်သည်ဟုဆိုသည်။ ထိုစကားအရဆိုလျှင် မောရှေ သုံးပြုကတိတော်သည်ဣသရေလများအတွက်ဖြစ်သည်။ ထိုကတိတော်သည် ထာဝရကာလနှင့်ဆိုင်သောကတိတော်မဟုတ်။ The...

  • ဟေရှာယအနာဂတ္တိကျမ်း ၂၅

    (င)တေးကဗျာများအကြောင်း(အခန်း၂၅-၂၇) ၁။ ဣသရေလတို့၏နိုင်ငံတော်ကောင်းကြီးမင်္ဂလာချီးမွမ်းသီချင်း(အခန်း၂၅) ၂၅:၁-၅ အခန်းကြီး-၂၅ကို“သီချင်းများအကြောင်း”ဟုဆိုသည်။ “ဘေး ဒဏ်ကြီးကာလမှရွေးနှုတ်ကယ်တင်သောဣသရေလလူအကြွင်းအကျန်များက ဘုရားသခင်၏ကယ်တင်ခြင်းဆုကျေးဇူးချီးမွမ်းထောပနာပြုခြင်းဖြစ်သည်။ ဘုရားသခင်အား ကျောင်းမှန်ကန်မှန်းသိရှိသွားအောင်ရန်သူမြို့ကြီးများ(အ မည်နာမအတိအကျမဖေါ်ပြပါ)အမှုန့်ကြိတ်ပစ်မည်။ ထိုနေ့ရက်တွင်ဘုရားသ ခင်သည်သူ့လူများအားလိုတရစေမည်။ ၁၅:၆-၉ ဘုရားသခင်သည်ဝိညာဉ်တော်ပြည့်ဝသောပွဲတော်ကိုဇိအုန် တောင်ပေါ်တွင်တည်ခင်းမည်။ မောဟအပြစ်တရားများကိုဖွင့်ချမည်။ စာတန်၏မျက်နှာဖုံးစွပ်များကိုခွာချမည်။ တိုင်းနိုင်ငံသားများမြင်သာအောင်ပြသ မည်။ ဘုရားရှင်သည်မရဏသေခြင်းကိုအောင်မြင်သည်။ (ဘေးဒဏ်ကြီးကာလတွင် သန့်ရှင်းသူများပြန်လည်ထမြောက်ကြမည်)ဝမ်းနည်းကြေကွဲခြင်းမျက် ရည်များဘုရားရှင်ကသုတ်ပေးမည်။ ကျန်ကြွင်းသောယုဒလူများက“ဤအရှင် ကား၊ငါတို့မြော်လင့်သော၊ငါတို့ဘုရားသခင်ပေတည်းငါတို့ကိုကယ်တင်တော်မူ သူ၊ငါတို့မြော်လင့်သောထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးဇူး ကြောင့်ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့”ဟုဆိုကြမည်။