Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
၄။ ဖြောင့်မတ်စင်ကြယ်သောဘုရင်အုပ်စိုးခြင်း(အခန်း၃၂) ၃၂:၁-၈ ပထမပိုင်းအပိုဒ်ငယ်၅-ခုသည်ခရစ်တော်ဘုရားအနှစ်တစ်ထောင် အုပ်စိုးမည့်အကြောင်းဖြစ်သည်။ ခရစ်တော်ဘုရားသည်ဖြောင့်မတ်စင်ကြယ် သောဘုရင်မင်းမြတ်ဖြစ်သည်နှင်အညီတပည့်တော်တဆယ့်နှစ်ပါးနှင့်အတူ အုပ်စိုးမည်(မ၁၉:၂၈ကိုကြည့်) “ထိုမင်းသည်လေလုံ၍မိုးသက်မုန်တိုင်းကွယ် ကာရာအရပ်ဖြစ်မည်”ဆိုခြင်းမှာသခင်ယေရှုသည်အကွယ်အကာ၊လုံခြုံရာ၊ အရိပ်အာဝါသနှင့်အားအင်သစ်ဖြစ်သည်ဟုဆိုလိုသည်။ ပြန်မပြောနားမထောင်၊ထုံထိုင်းသူများ၊နားပိတ်များရှိတော့မည်မဟုတ်။ လူယုတ်များနှင့်လူယုတ်မာ များကိုဘေးဖယ်မည်(အပြစ်ဒဏ်ပေးမည်)။ ပေးကမ်းစွန့်ကြဲတတ်သောသဒ္ဒါ ရှင်များကောင်းကြီးမင်္ဂလာခံစားကြမည်။ အပိုဒ်ငယ်၆-၈သည်ပရောဖက်ဟေ ရှာယလက်ထက်ကအဖြစ်အပျက်များဖြစ်သည်။ ၃၂:၉-၁၅ သို့သော်နိုင်ငံတော်ကားရောက်ရှိပြည့်စုံခြင်းမရှိသေး။ ယုဒအ မျိုးသမီးများသည်ဇိမ်ခံနေကြဆဲသက်တောင့်သက်သာနေကြဆဲ၊ဘဝကျေနပ် နေကြဆဲဖြစ်သည်။ မကြာမီအပြစ်တရားစီရင်ခြင်းရောက်ရှိလာသောအခါ ကောက်ပဲသီးနှံများပျက်စီးမည်။ လူများအသေအပျောက်များမည်။ လူဆိတ်ငြိမ် နေရာပေါများလာမည်။ ခရစ်တော်ဘုရားဒုတိယအကြိမ်ကြွလာသည့်တိုင် အောင်ယုဒများဆင်းရဲဒုက္ခကြုံတွေ့ကြဦးမည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း
-
၅။ အဓမ္မအာရှိုရသားများသို့အမင်္ဂလာ(အခန်း၃၃) ၃၃:၁-၆ အာရှုရိပြည်၏လိမ်ညာလှည့်ဖျားခြင်း၊သူတပါးဖျက်ဆီးခြင်း၊ အကုသိုလ်များတဖန်ဝဋ်လည်လာသည်(ငယ်၁-၂)။ ထိုအခါဘုရားသခင်၏ လူများသည်ဆင်းရဲခြင်း၊ဘေးဒုက္ခမှလွတ်မြောက်ခြင်းကိုချီးမွမ်းကြသည်။ ဘုရားသခင်၏အရေးယူအပြစ်ပေးခြင်းသည်မိုးချုန်းသံကဲ့သို့သံလွန်မြည်ဟီး မည်။ ဣသရေလများဘေးရန်အန္တရာယ်စက်ကွင်းမှလွတ်မြောက်ပြီးနောက် ရန်သူများအပေါ်သို့အရေးယူခြင်းဖြစ်သည်။ ခရစ်တော်ဘုရားသည်သရဖူ ဆောင်းလျက်ဇိအုန်မြို့ကိုတရားသဖြင့်ဆုံးဖြတ်ခြင်း၊ဖြောင့်မတ်စွာစီရင်ခြင်း ပြုတော်မူမည်။ ဉာဏ်နှင့်ပညာကိုကယ်တင်ခြင်းဖြစ်ပေါ်ရာဖြစ်စေမည်။ ထာဝရ ဘုရားကြောက်ရွံ့ခြင်းဘဏ္ဍာရရှိစေမည်။ ၃၃:၇-၉ ဤကျမ်းပိုဒ်များသည်ဟေဇကိမင်းလက်ထက်တွင်သနာခရိပ်ထံ သို့ငြိမ်းချမ်းရေးသံတမန်စေလွှတ်၍ငွေဒင်္ဂါးသုံးရာ၊ရွှေဒင်္ဂါးသုံးဆယ်ဆက်သ ခြင်း(၄ရာ၁၈:၁၃-၁၆)အားပြန်လည်ရည်ညွှန်းသည်။ သို့သော်လည်းထိုသံတ မန်ရေးသည်မအောင်မြင်။ အာရှုရိမင်းသည်ယုဒပြည်တိုက်ခိုက်သိမ်းပိုက်ရန် စစ်ချီပြန်သည်။ ယုဒပြည်သည်ရည်မှန်းချက်သဲထဲရေသွန်ရာရောက်သဖြင့်ရှိုက်ကြီးတငင် ငိုကြွေးကြသည်။ အာရှုရိသည်ကတိတည်သူမဟုတ်။ သစ္စာဖောက်ဖျက်၍ယုဒ ပြည်ကိုတိုက်ခိုက်ပြန်သည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း
-
၆။ တိုင်းနိုင်ငံသားများသို့အမင်္ဂလာ(အခန်း၃၄) ၃၄:၁-၄ အခန်းကြီး(၃၄)တွင်ဘုရားသခင်ကတိုင်းနိုင်ငံတိုင်းအားစက် ဆုတ်ရွံရှာခြင်းအကြောင်းတွေ့ရသည်။ အထူးသဖြင့်ဧဒုံလူမျိုးဖြစ်၍နောက်မှ တိုင်းနိုင်ငံသားအားလုံးကိုပြစ်တင်သည်။ ဘုရားသခင်ကတပါးအမျိုးသား များကိုတရားစီရင်သောအခါမြေကြီးနှင့်ပါသမျှသောလောကဓာတ်တန်ဆာ အားလုံးကြားသိကြမည်။ ခပ်သိမ်းသောကောင်းကင်တန်ဆာများပြုတ်ကျ၍ အသေကောင်တို့၏အသွေးတော်များကိုအရည်ပျော်ဝင်သေမည်။ သင်္ဘော သဖန်းသီမြေပေါ်သို့ပြုတ်ကျသကဲ့သို့ကောင်းကင်ပေါ်ရှိအရာများပြုတ်ကျကြ မည်။ ၃၄:၅-၇ ဘုရားသခင်၏ဓါးတော်“သွေးဆိပ်ပါသောဓါး”သည်ဧဒုံပြည် ပေါ်သို့ကျမည်။ လူအားလုံး(ဆိတ်၊သိုး၊သိုးကောင်ငယ်)များမကျန်၊နွားလားဥ ဿဖနွားကြီးနွားငယ်များအပေါ်သို့ကျရောက်မည်။ ၃၄:၈ ထိုနေ့ရက်သည်ထာဝရဘုရားသခင်ကဒဏ်ပေးရာနေ့ရက်ဖြစ် သည်။ ဒဏ်ပေးရာနေ့ရက်ဟူသောစကားရပ်သည်အရေးကြီးသည်။ လူများကအချင်းချင်းဒဏ်ပေးခြင်းမျိုးမဟုတ်။ ဘုရားသခင်ကမတရားသူများတရားတော် နှင့်အညီအသက်မရှင်သူများပြစ်ဒဏ်စီရင်ခြင်းအမိန့်ချမှတ်သည့်နေ့ရက်ဖြစ် သည်။ (Daily Notes...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း