Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
၇။ ပေါ်ထွန်းလာမည့်နိုင်ငံတော်၏ဘုန်းတန်ခိုး(အခန်း၃၅) ၃၅:၁-၇ ပုန်ကန်ခြားနားသောတိုင်းနိုင်ငံသားများဖျက်ဆီးပစ်ပြီးသောအ ခါကယ်တင်ရှင်သခင်ယေရှုခရစ်တော်၏နိုင်ငံတော်သစ်ပင်ပေါ်ထွန်းလာမည်။ ထိုနေ့ရက်ကာလတွင်ဘုရားသခင်ကိုယ်တော်တိုင်ဘုန်းတန်ခိုးအပြည့်အစုံဖြင့်ယုံ ကြည်သူများနှင့်အတူတကွစိုးစံသဖြင့်ကမ္ဘာမြေထဲမှပဒေသာပင်ထွက်မည်။ သန့်ရှင်းသူများမျက်နှာသာရကောင်းစားရာဖြစ်သည်။ သုံစားမရ၊အရည်အ ချင်းမမှီသောဆိုးညစ်ခြင်းများအားလုံးဖယ်ရှားမည်။ ထွန်ယက်စိုက်ပျိုးမရ သောကန္တာရမြေသည်လည်းမြေဆီလွှာပြည့်ဝလျှက်ပျော်ရွှင်ဖွယ်ရာဖြစ်သွား မည်။ ၃၅:၈-၁၀ မိုင်ပေါင်းရာချီရှည်လျားသောကန္တာရခရီးကြမ်းသည်ဖြောင့် မတ်စင်ကြယ်သောအဝေးပြေးလမ်းမကြီးဖြစ်သွားမည်။ ဘုရားသခင်ရွေးနှုတ် ထားသူများထိုလမ်းပေါ်တွင်လျှောက်လမ်းကြမည်။ ကမ္ဘာအနှံ့အပြားသို့ပြန့်ကြဲ သွားသောဣသရေလများပြန်လည်စုစည်းလာကြပြီးပျော်ရွှင်ခြင်းအောင်ပွဲခံ ကြမည်။ ယုံကြည်ထားသူများသည်ခမည်းတော်ဘုရား၏အိမ်တော်တွင်ယေရှု သခင်နှင့်အတူစိုးစံကြမည်။ အချို့ကျမ်းမူများတွင်ဤသင်ခန်းစာကို“အသင်းတော်၏ကောင်းကြီးမင်္ဂလာ” “ဣသရေလတို့အမင်္ဂလာ”ဟုခေါင်းစဉ်တပ်ကြသည်။ ဤကျမ်းပိုဒ် ၏အဓိကပစ်မှတ်ပရိသတ်သည်ဣသရေလလူမျိုးဖြစ်သည်။ ကောင်းကြီးမင်္ဂ လာလား၊ကျိန်ခြင်းအမင်္ဂလာလား၊အသင်းတော်အကြောင်းသည်နောက်ပိုင်းမှ လိုက်လာမည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း
-
၂။ ခေတ်သမိုင်းကြောင်းပြောင်းလဲခြင်း၊ဟိဇကိမင်း၏အတ္ထုပတ္တိ (အခန်း၃၆-၃၉) အခန်းကြီး၃၆-၃၉အချို့ကျမ်းစာပညာရှင်များက ဟိဇကိမင်း၏အတ္ထုပတ္တိဟုနာမည်ပေးကြသည်။ ဟေရှာယကျမ်းမှသမိုင်းရာဇဝင်ကဏ္ဍဖြစ်သည်။ (၃၈:၉-၂၀)မှလွဲ၍ကျန်ကျမ်းချက်များသည်(၄ရာ၁၈:၁၃-၁၇၊၂၀:၁၉)ပြန် လည်ဖေါ်ပြခြင်းဖြစ်သည်။ (က)အာရှုရိမှ ဟိဇကိကရွေးထုတ်ခြင်း(အခန်း၃၆-၃၇) ၁။ အာရှုရိတို့ဘုရားတရား၌အားနည်းခြင်း(အခန်း၃၆) ၃၆:၁-၃ အခန်းကြီး၃၆မှ ရာဗရှာခသည်(အရက်အိုးသူကြီးအနက်ရသည်၊ သို့သော်လက်တွေ့တွင်မူနိုင်ငံတော်အကြီးအမှူး)အာရှုရိဘုရင်သနာခရိပ်က ဟိဇကိမင်းထံသံတမန်တော်အဖြစ်စေလွှတ်ခြင်းခံရသည်။ ခဝါသည်၏လယ်နား လမ်းမကြီးရှိအထက်ကကန်ပြွန်ဝရပ်၌ဟိဇကိမင်း၏ကိုယ်စလှယ်တော်များ နှင့်တွေ့ဆုံသည်။ ဤနေရာသည်အာဟပ်မင်းကအာရှုရိများထက်ယေဟောဝါ ဘုရားကိုယုံကြည်၍ကွယ်ကာစောင်မဖို့ရန်အလိုငှာရှုရိ-ဧဖရိမ်မဟာမိတ်ပြုကြ သည့်နေရာဖြစ်သည်(၇:၃)။ ၃၆:၄-၁၀ ရာဗရှာစက အဲဂုတ္တုတို့၏ကတိယုံကြည်ခြင်းသည်မိုက်မဲခြင်း ဖြစ်သည်ဟုသတိပေးလိုက်သည်။ အဘယ့်ကြောင့်ဆိုသော်ထိုပြည်သည်အား ကိုးယုံကြည်ရလောက်သည်မဟုတ်။ ထို့ထက်စာ...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း
-
၂။ ဘုရားသခင်က အာရှုရိပြည်ဖျက်ဆီးခြင်း(အခန်း၃၇) ၃၇:၁-၄ ရာဗရှာခ၏စကားကိုကြားသောအခါဟိဇကိမင်းသည်ပူဆွေး ဝမ်းနည်းစွာဖြင့်ဗိမာန်တော်သို့သွားသည်။ ဗိမာန်တော်သို့ရောက်ရှိသောအခါ ပရောဖက်ဟေရှာယသို့“သားဘွားချိန်ရောက်သော်လည်းသားဘွားနိုင်သော ခွန်အားမရှိသည့်ဘဝ”ရောက်နေကြောင်းသတင်းစကားသွားပြောခိုင်းသည်။ ထိုအကြောင်းကိုJ.A.Alexander က“အဆုံးစွန်သောဒေသနာသေရေးရှင် ရေးပြဿနာအရေးပေါ်ဆုံးဖြတ်ရမည့်ကိစ္စ၊အားအင်ပြတ်လပ်၍တစုံတစ်ခုခုမှီ တွယ်ရမည့်အခြေအနေဆိုးဖြစ်သည်”၄၃ဟုဆိုသည်။ ယေဟောဝါဘုရားသခင်က ရာဗရှာခ၏မင်္ဂလာမရှိသောစကားကိုကြားသိ၍သူ့ကိုတဖန်အပြစ်တင်ပါစေ ဟုဟိဇကိမင်းဆိုလိုဟန်ရှိသည်။ ၃၇:၅-၇ ဘုရားသခင်ကပရောဖက်မှတဆင့်အဖြေစကားပြန်ပေးထား သည်။ ဘုရားသခင်ကဝိညာဉ်တော်စေလွှတ်၍ထိုစကားသည်ကောလဟာလ သတင်းအဖြစ်သဘောထားခိုင်းသည်။ ထိုသူများအားမိမိတို့နေရပ်ဌာနေသို့ပြန် သွားခိုင်း၍ဓါးချက်ဖြင့်သေဆုံးခိုင်းသည်။ ၃၇:၈-၁၃ ရာဗရှခသည်ယေရုရှလင်မှထွက်ခွာ၍သနာခရိပ်ထံသို့ပြန် ရောက်သောအခါအနောက်မြောက်အရပ်ဆယ်မိုင်အကွာတွင်လာခိရှနှင့်လိဗန မြို့သားများချဉ်းနင်းဝင်ရောက်လာကြောင်းစစ်သတင်းကြားသိရသည်။ အ ခြားတစ်ဘက်တွင်ယေရုရှလင်ဘေးရန်ကိုစိတ်မအေးနိုင်။ ထိုသို့စိတ်ပူထွေပြား...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း