Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဟေရှာယအနာဂတ္တိကျမ်း ၅၀

    ၂။ တပည့်တော်စင်စစ်မေရှိယ(အခန်း၅၀) ၅၀:၁-၃ ယေဟောဝါဘုရားကဣသရေလလူမျိုးတို့နှစ်ကိုယ်ကြားပြောစ ကားဖြစ်သည်။ ပြောစကားနားမထောင်လျှင် ကွာရှင်းပစ်မည်ဟုသတိပေး သည်။ (သို့သော်ကွာရှင်းခြင်းအလျဉ်းမပြုယေ၃:၈) နမူနာအဖြစ်ခါလဒဲတပါး အမျိုးသားများလက်ထဲသို့ထည့်ခဲ့သည်။ ထိုသို့ပြုခြင်းမှာခေါင်းမာ၍ဒုစရိုက်ပြု ကြသောကြောင့်ဖြစ်သည်။ မည်သည့်တိုင်းနိုင်ငံသားကမှကိုယ်တော်အားလက် ခံကြိုဆိုခြင်းမပြု၊ ခေါ်သံလည်းမထူးကြ။ အစွမ်းတန်ခိုးမရှိဟုထင်မှတ်ကြလေ ရော့သလား။ ပင်လယ်နီနှင့်ယော်ဒန်မြစ်ကိုခမ်းခြောက်စေနိုင်စွမ်းဟုထင်မှား ကြသလား။ ကောင်းကုန်တန်ဆာမထိုက်တန်ဟုထင်ယောင်မှားကြသလား။ ၅၀:၄-၉ မေရှိယသခင်အကြောင်းနောက်တစ်ခုမှာဓမ္မဟောင်းကာလမှ ယေဟောဝါသည်ဓမ္မသစ်ကာလတွင်ယေရှုဖြစ်လာသည်ကို တိုင်းနိုင်ငံသားများသိ ကြားစေချင်သည်။ စစ်မှန်သောတပည့်တော်ဖြစ်သည်နှင့်အညီဘုရားသခင်၏ နှုတ်တော်ထွက်စကားများကိုသာပြန်လည်ဖောက်သည်ချသည်။ နှုတ်ကပတ် တော်အတိုင်းသွန်သင်သည်။...

  • ဟေရှာယအနာဂတ္တိကျမ်း ၅၁

    ၃။ ဖြောင့်မတ်သောသခင်မေရှိယရှင် (၅၁:၁-၅၂:၁၂) ၅၁:၁-၃ ဘုရားသခင်ကိုရှာဖွေသောဣသရေလတိုင်းဘုရားသခင်က ကျောက်ဆောင်(မက်ဆိုပိုတေးယား)မှခေါ်ဆောင်လာပုံကိုမှတ်မိကြပေမည်။  အာဗြဟံ-စာရာတို့အားရင်းနှီးစွာဆက်ဆံ၍ကျေးဇူးပြုခဲ့ပုံကိုသတိရကြပေ မည်။ ကြွယ်ဝချမ်းသာပေးခဲ့ပုံကိုမေ့နိုင်ကြမည်မဟုတ်။ ဇိအုန်တောင်ကိုသစ္စာ ထား၍ကတိတော်ပြုခဲ့ပုံကိုစွဲမှတ်နေကြမည်။ နားထောင်ပါဟုသုံးကြိမ်တိုင်တိုင် ခေါ်သည်ကိုသတိပြုပါ(ငယ်၁၊၄၊၇)။ (၅၁:၇-၁၇၊၅၂:၁)သည်။ သုံးကြိမ်သုံးခါ တိုင်တိုင်နှိုးထခိုင်းသည်ကိုသတိပြုပါ။ ၅၁:၄-၆ အနှစ်တစ်ထောင်နိုင်ငံတော်ကာလတွင်မေရှိယသခင်သည် ဣသရေလများကဲ့သို့တပါးအမျိုးသားများကိုလည်းတန်းတူသဘောထားအုပ် စိုးတော်မူသည်။ နိုင်ငံတော်အဆုံးသတ်သောအခါကောင်းကင်နှင့်မြေကြီးသည် လည်းပျောက်ဆုံးသွားမည်။ မယုံကြည်သူအားလုံးပျောက်လွင့်ကုန်မည်။ ယုံ ကြည်သူဘုရားသခင်၏လူများသာလျှင်ထာဝရကာလပတ်လုံးလုံခြုံရာရသွား ကြမည်။ ၅၁:၇-၈ ဘေးဒဏ်ကြီးကာလလူသားများပေါ်သို့ဘုရားသခင်၏အမျက် ဒေါသကျရောက်သောအခါရွေးနှုတ်ထားသောလူနည်းစုသည်စိုးရိမ်ပူပန်ခြင်းမ ရှိရ။...

  • ဟေရှာယအနာဂတ္တိကျမ်း ၅၂

    ၅၂:၁-၂ ဇိအုန်တောင်ကိုနိုးလော့၊နိုးလော့ ဟုထပ်မံလှုပ်နိုးပြန်ပြီ။ ဖမ်းဆီးချုပ် နှောင်ခြင်းတွင်အိပ်ပျော်နေရာမှထလော့၊တင့်တယ်သောအဝတ်တန်ဆာကို ဝတ်ဆင်လော့။ နောက်တဖန်သူတပါးရက်စက်အနိုင်ကျင့်ခြင်းမခံရ။ ရှေ့ကိုသာ မျှော်ကြည့်လော့။ ဘုန်းတန်ခိုးဖြင့်ထွန်းတောက်လာမည့်နိုင်ငံတော်ကိုသာရည်စူးလော့။ ထိုနိုင်ငံတော်သာလျှင်သစ္စာတရားဖြစ်သည်။ ၅၂:၃-၆ ဣသရေလကိုကျွန်အဖြစ်နောက်တဖန်ရောင်းစားခြင်းမရှိရ။ အ ဖိုးစားနားမပါဘဲပြန်လည်ရွေးနှုတ်ခြင်းမကြုံရ။ ဣသရေလတို့သည်ပထမဦး စွာအဲဂုတ္တုပြည်သို့လူစိမ်းသူစိမ်းသဖွယ်ရောက်ခဲ့သည်။ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည်။ နောက်အာရှုရိတို့၏ဖိနှိပ်မှုအောက်ရောက်ရပြန်သည်။ သို့သော်ဘာ သာရေးကိစ္စကြောင့်မဟုတ်။ ယခုတဖန်အခကြေးငွေတစ်ပြားတစ်ချက်မှမရဘဲ  ဖိစီးနှိပ်စက်မှုခံနေကြရပြန်သည်။ ဘုရားသခင်၏နာမတော်ကိုလည်းကဲ့ရဲ့ကြ  သည်။ သို့သော်တွေးပူခြင်းမရှိရ။ ဘုရားသခင်သည်ခွန်အားကြီးသောသူဖြစ် ကြောင်းကိုယ်တော်တိုင်ထုတ်ဖော်ပြသမည်။ ထိုသို့ဖြင့်ဘုရားသခင်သည်ကတိ...