Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • အာမုတ်အနာဂတ္တိကျမ်း ၈

    (င) နွေအသီးများထည့်ထားသောခြင်းတောင်း (အခန်း၈) ၈:၁–၆ နွေသီးထည့်ထားသောခြင်းတောင်းဆိုသည်မှာ ဣသရေလများ တရားစီရင်ခြင်းခံရဖို့ အချိန်တန်ကြောင်း ရည်ညွှန်းသည်။ ဘုရားသခင်ကနည်းနည်းမှ သက်ညှာမည်မဟုတ်။ လူချမ်းသာများက ဆင်းရဲသားများအား ခေါင်းပုံဖြတ်ကြသည်။ ချမ်းသာကြွယ်ဝမှုကို မတင်းတိမ်နိုင်ကြ။ လိုချင်လောဘဇောတိုက်ကြသည်။ ရလေလိုအိုတစ္ဆောဖြစ်သည်။ အလေးတင်းတောင်းအခြင်အတွယ်မမှန်မကန် သုံးကြသဖြင့် သူတို့စီးပွားကို ဖျက်ဆီးပစ်မည်။           ၈:၇–၁၂ ဤကျမ်းပိုဒ်သည် အရေးယူအပြစ်ပေးသည့် အနေဖြင့် ထိုအရပ်ဒေသတွင် မြေငလျင်ကြီး လှုပ်မည်။...

  • အာမုတ်အနာဂတ္တိကျမ်း ၉

    (စ) တံခါးထုပ်များခိုင်ခံ့စေခိုင်ခြင်း (၉:၁–၁၀) ၉:၁–၄ ဘုရားသခင်၏ တရားစီရင်ခြင်းကို ယဇ်ပလ္လင်မှ မစပြုမည်။ ထိုယဇ်ပလ္လင်သည် ယဇ်ပလ္လင်အတု ဗေသေလယဇ်ပလ္လင် ဖြစ်ကောင်းဖြစ်နိုင်သည်။ လူအပေါင်းတို့သည် ပြေးစရာ၊ ပုန်းစရာနေရာမရှိ။ ဘေးဒုက္ခကြမ္မာငင်ကြမည်။ “ကရမေလတောင်ထိပ်၌ ပုန်းရှောင်သော်လည်း ထုတ်ဖော်မည်။ သမုဒ္ဒရာပင်လယ်အေက်ခြေ၌ ပုန်းသော်လည်း မလွတ်။ ရန်သူဓါးသွားများက ထပ်ချမကွာလိုက်ရှာမည်။” ထာဝရဘုရားသခင် အမျက်တော်ရှပုံကို “ငါသည်ကျေးဇူးမပြု၊ အပြစ်ပြုခြင်းငှါသာ ငါကြည့်ရှုမည်။” ဟု...

  • သြဗဒိအနာဂတ္တိကျမ်း နိဒါန်း

    “သြဗဒိအနာဂတ္တိကျမ်း၌ ပါရှိသောပရောဖက်စကားများကြောင့် အတုမဲ့ တမူထူးသော ကျမ်းတစ်စောင်ဖြစ်သည်။ ဗျာဒိတ်ရူပါရုံဖော်ပြချက်မှာ မညှာမတာအပြစစ်တင်ရှုတ်ချများဖြစ်၍ သက်သာရာအခွင့်ရစေမည့် မျှော်လင့်ချက်နှင့် သနားကဏာတို့ မပါရှိပေ။” ၁။ စံတော်မီဝိသေသလက္ခဏာ “သြဗဒိဗျာဒိတ်ရူပါရုံ” ကျမ်းသည် ဓမ္မဟောင်းကျမ်းတွင် အတိုဆုံးနှင့် ကျမ်းစာတအုပ်လုံးတွင် တတိယအတိုဆုံးဖြစ်သည်။ ဦးတည်ချက်မှာ ယာကုပ်၏ အမွှာအစ်ကို ဧသောအမျိုး ပျက်စီးမည့်အကြောင်းဖြစ်သည်။ သမိုင်းစဉ်ကာလတလျှောက်လုံး ဧဒုံလူမျိုးများသည် ဣသရေလလူမျိုးအားဆန့်ကျင် တိုက်ခိုက်ခဲ့သည်။ ရွေးကောက်တော်မူထားသော လူမျိုးတော်ကို...