Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
၁။ ဘုရားသခင်၏ ဂုဏ်အင်လက္ခဏာ–တရားသူကြီး (၁:၁–၈) ၁:၁–၅ ဘုရားသခင် ဂုဏ်အင်လက္ခဏာများမှာ သဝန်တိုခြင်း၊ ဒဏ်ပေးခြင်၊ အမျက်တော်ပြင်းခြင်းဖြစ်သကဲ့သို့ အခြားတစ်ဘက်တွင်လည်း စိတ်ရှည်ခြင်း၊။ တန်ခိုးကြီးခြင်းလည်း ဖြစ်၏။ စကြဝဠာနှင့် တကွမှီတင်းနေထိုင်ကြကုန်သော ခပ်သိမ်းသတ္တဝါ တို့ကိုလည်း ထိန်းချုပ်သည်။ သဝန်တိုခြင်းဆိုသည်မှာ ခင်ပွန်းသည်က ဇနီးအပေါ်ထားသော သဝန်တိုမှုမျိုးဖြစ်သည်။ သူများပျော်ရွှင်မှုကို မနာလိုခြင်းမဟုတ်။ ဣသရေလလူမျိုးကို ယေဟောဝါဘုရား၏ ဇနီးအဖြစ်ပုံနှိုင်းထားသည်။ (NKJV, ဟောရှေကျမ်းကိုကြည့်)။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
နာဟုံအနာဂတ္တိကျမ်း
-
၃။ နိနေဝေမြို့ဝိုင်းရံခံရခြင်း(၂:၁–၁၂) ၂:၁ အပိုဒ်ငယ်ပေါင်း (၁၀)ခုတွင် ဗာဗုလုန်က နိနေဝေမြို့ကို ဝိုင်းရံတိုက်ခိုက်မည့်် အကြောင်းရေးထားသည်။ ဖျက်ဆီးသောသူမှာ ဘုရားသခင်သိုမဟုတ် ဗာဗုလုန်သားများဟု ဖွင့်ဆိုနိုင်သည်။ မြို့တော်သူမြို့တော်သားများအား အမိန့်(၄)ဂရပ်ပေး၍ ပြင်ဆင်ခိုင်းထားသည်။ “သင်၏ ရဲတိုက်ကို သတိပြုလော့။ လမ်းကို စောင့်လော့။ ကိုယ်ခါးကို ခိုင်းစေလော။ ကျပ်ကျပ်အားယူလော့ဟုဆိုထားသည်။ ၂:၂ ဘုရားသခင်က သူ့လူများကို ပြန်လည်စုစည်းမည်။ ဣသရေလတို့ကို...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
နာဟုံအနာဂတ္တိကျမ်း
-
၃:၁–၃ နိနေဝေမြို့ကြီ: ပျက်သုဉ်းရခြင်း၏ အကြောင်းအရင်းများကို ဤအခန်းတွင်ရှင်းပြထားသည်။ လူ့အသက်သတ်ဖြတ်ခြင်း၊ လှည့်စားခြင်း၊ အနိုင်အထက်ပြုခြင်း၊ အိမ်နီးနားချင်းများကိုဖမ်းဆီး၍ ကျွန်ပြုခြင်း အစရှိသော အမင်္ဂလာအမှုများ ကျူးလွန်ကြသည်။ ယခုဗာဗုလုန်မြင်းစီးသူရဲကောင်းများသည် ဓါးလှံတလက်လက်ဝင့်ချီလျက် မြို့တော်လမ်းမအနှံ့ မြင်းခွာသံတဖြောင်းဖြောင်း ပြေးလွှားနေကြပြီ။ လမ်းဘေးလမ်းလယ်ခေါင် တလျှောက် အသေကောင်များပုံနေကြပြီ။ ၃:၄–၇ နိနေဝေမြို့သားများသည် ပြည့်တန်ဆာမအကျင့်ရှိလျက် စုန်းအတတ်ပညာဖြင့်လူများကိုပြုစား ဒုက္ခပေးကြသည်။ အချို့က ကုန်သွယ်နှင့်ငွေကြေးကို ဘုရားအဖြစ်ကိုးကွယ်ကြသည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
နာဟုံအနာဂတ္တိကျမ်း