Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • တမန်တော်ဝတ္ထု ၈

    ၂။ ယုဒပြည်နှင့် ရှမာရိပြည်မှ အသင်းတော် (၈:၁– ၉:၃၁) (က) ရှမာရိပြည်တွင် ဖိလိပ္ပု၏ သာသနာခရီး (၈:၁–၂၅) ၈:၁  တဖန်ရှောလု၏နာမည်ကို တွေ့ကြရပြန်ပြီ။ ဝိညာဉ်ဆိုးသည် ထိုလူရွယ်ရှောလုထဲတွင် မွေးကတည်းက ပါလာသည်။ သူ့လက်ထဲတွင် လုပ်ပိုင်ခွင့် အာဏာရှိသောအခါ ခရစ်ယာန်များကို ဒလစပ်ညှဉ်းပန်းနှိပ်စက်သည်။ သတေဖန်ကို သတ်ပစ်ကြရာတွင် ရှောလုသည် လည်း အလိုတူအလိုပါဖြစ်သည်။ ယခု ရာဇဝင်တွင်အောင်...

  • တမန်တော်ဝတ္ထု ၉

    (ဂ) တာရှုသားရှောလု အသက်တာ ပြောင်းလဲခြင်း(၉:၁–၃၁) ၉:၁-၂  ဤအခန်းသည် တမန်တော်ဝတ္ထု၏ တဆစ်ချိုးကွေ့ဖြစ်သည်။ ယခင်ကျမ်းပိုဒ်များတွင် ဣသရေလလူမျိုးအကြား ပေတရု၏ တရားဓမ္မသွန်သင်ချက်၊ သက်သေခံချက်များတွေ့ရသည်။ ဤအခန်းမှစ၍ ရှောလုမှ ပေါလုသို့ပြောင်းလဲသူ၏ အမှုတော်ဆောင်ခြင်းအကြောင်း တွေ့ရမည်။ ရှောလုသည် အသက်(၃၀) အရွယ်ခန့်သာရှိသည်။ ရဗ္ဗိဆရာများအကြားတွင် ထင်ရှားသူ လူငယ်လူရွယ်ဖြစ်သဖြင့် လူချစ်လူခင်ပေါများသည်။ နောက်လိုက်နောက်ပါ တပည့်တပန်းများသည်လည်း သူကဲ့သို့ပင် လက်ရဲဇက်ရဲသူများဖြစ်သည်။ ခရစ်ယာန်ယုံကြည်ခြင်းကြီးထွားထာသော...

  • တမန်တော်ဝတ္ထု ၁၀

    ၁၀:၁-၂  ကဲသရိမြို့သည် ယုပ္ပေမြို့၏ မြောက်ဘက် မိုင် (၃၀)ခန့် အကွာတွင် ရှိသည်။ ထိုမြို့တွင် ရောမစစ်သူကြီး ကော်နေလိ ဆိုသူရှိသည်။ သူ့တပ်ကို ဣတလိတပ် ဟု ခေါ်ကြသည်။ ထိုသူ၏ အိမ်ထောင်မိသားစုဝင်များသည် ဘုရားတရား ကိုင်းရှိုင်းသူများဖြစ်သည်။ ဆင်းရဲသားများကိုလည်း ပေးကမ်းစွန့်ကြဲတတ်သော စေတနာသဒ္ဓါပွားများသူဖြစ်သည်။ Ryrie က “ယုဒတို့၏ ဘုရားနှင့် ရောမအစိုးရအား သစွာရှိသူဖြစ်သောကြောင့် ဘုရားသခင်ကို...