Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
-
၂၀:၁ တမန်တော်ကြီးသည် ဧဖက်မှ မာကေဒေါနိပြည်သို့ တိုက်ရိုက်ခရီးထွက်ကြောင်း တွေ့ရသည်။ ကောရိန္သုသြဝါဒ ဒုတိယစာစောင်မှာမူ ပထမဦးစွာ တရောသို့ အရင်သွားကြောင်း ဆိုထားသည်။ ထိုနေရာတွင် ဧဝံဂေလိတရားဟောကြားခွင့် အခွင့်အရေးကောင်း ကြုံကြိုက်သဖြင့် တရားလိုက်ဟောသည်။ စိတ်ထဲမှာမူ ကောရိန္သုမှလာသော တိတုနှင့် တွေ့ဆိုဖို့ စိတ်ဝင်စားနေသည်။ သို့သော် တိတုနှင့်မဆုံသဖြင့် အရှေ့မြောက်ဒေသရှိ မာကေဒေါနိပြည်သို့ ခရီးဆက်နှင်သည်။ ခရီးဆက်သွားနေစဉ် မူလအစီအစဉ်တွင် မပါပဲလျက်...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
တမန်တော်ဝတ္ထု, ဓမ္မသစ်ကျမ်း
-
၂၁:၁–၄(က) ရှင်ပေါလုနှင့် အပေါင်းအဖေါ်များသည် မိလက်မြို့ကို နှုတ်ဆက်ခဲ့ကြပြီးနောက် ကောသကျွန်းသို့ ရွှက်လွှင့်ရောက်ရှိကြပြီ။ ညအိပ်ရန်နားကြသည်။ နောက်တနေ့တွင် ရောဒုကျွန်းသို့ ခရီးဆက်ကြသည်။ ထိုမှတဆင့် အရှေ့ဘက်သို့လားသော် အာရှမိုင်းနား၏ တောင်ဘက်သင်္ဘောဆိပ်မြို့ဖြစ်သော ပါတရသို့ ရောက်သွားကြသည်။ ပါတရသို့ရောက်သော်၊ ဖိနတ်ပြည်သို့သွားမည့် သင်္ဘောကြုံသဖြင့် လိုက်ပါသွားကြသည်။ ရှုရိပြည်သို့သယ်ဆောင်မည့်ကုန်ပစ္စည်းများ တင်ချပြီးသောအခါ မြေထဲပင်လယ်ကို ဖြတ်သန်းလျက်ကုပရုအနားဖြတ်ကာတုရုမြို့သို့ ရောက်ရှိကြသည်။ ထိုမြို့တွင် ကုန်ပစ္စည်းဝန်စည်စလယ်များ တင်ချနေသောကြောင့်...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
တမန်တော်ဝတ္ထု, ဓမ္မသစ်ကျမ်း
-
၂၂:၁–၂ မိန့်ခွန်းပြောကြားရာတွင် ရှင်ပေါလုသည် ဂရိဘာသာစကားထက် ဟေဗြဲဘာသာစကားကို ပါးနပ်ကျွမ်းကျင်စွာသုံး၍ ယုဒပရိသတ်ထဲသို့ ပစ်ထည့်သည်။ မိမိတို့ မိခင်ဘာသာစကားကို ကြားသိရသောအခါ ဝမ်းမြောက်ဝမ်းသာဖြစ်လျက် နားရွက်မလှုပ်ဘဲ ငြိမ်သက်ကြသည်။ တိတ်ဆိတ်ကြသည်။ ၂၂:၃–၅ ရှင်ပေါလုက သူ့ဇာတိဖြစ်စဉ်များကို ဦးစွာ ထုတ်ဖော်ရှင်းပြသည်။ ကိလိကိပြည် တာရှုအရပ်တွင် ယုဒမိဘမျိုးနွယ်မှ ပေါက်ဖွားသူဖြစ်ကြောင်း ယုဒထုံးတမ်းစဉ်များကိုလည်း ဂါမလျေလခြေတော်ရင်းမှာ တပည့်သားရင်း ခံလျက် ယေရုရှလင်မြို့၌ ကြီးပြင်းကြောင်းရှင်းပြခဲ့သည်။...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
တမန်တော်ဝတ္ထု, ဓမ္မသစ်ကျမ်း