Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • တိမောသေသြဝါဒစာပဌမစောင် ၆

    (ဃ) အစေခံကျွန်များနှင့် သခင်များ (၆:၁–၂) ၆:၁ အစေခံကျွန်အကြောင်း ပြောကြရမည်။ အစေခံကျွန်သည် ထမ်းပိုးထမ်းသူများဖြစ်သည်။ ထို ထမ်းပိုးမှာ ကျွန်ဟူသောထမ်းပိုး ဖြစ်သည်။ ပထမဦးစွာ ကယ်တင်ခြင်းမရသော သခင်များအောက်ရှိ ကျွန်များအကြောင်း ပြောပြပါသည်။ ကယ်တင်ခြင်းမရသောသခင်များ ဖြစ်သောကြောင့် မထီမဲ့မြင်ပြုရမည်လား။ ကလန်ကဆန်လုပ်ရမည်လား။ သို့မဟုတ် ထွက်ပြေးရမည်လား။ ဝတ်ကျေတန်းကျေသာ လုပ်ရမည်လား။ ထိုသို့မဟုတ်ရပါ။ မိမိသခင်ကို ရိုသေထိုက်သမျှ ရိုသေရမည်။...

  • တိမောသေဩဝါဒစာ ဒုတိယစောင် နိဒါန်း

    တိမောသေဩဝါဒ ဒုတိယစာစောင် ပါလက်စတိုင်းပြင်ပတွင် တည်ထောင်သော အသင်းတော်များ သမ္မာလမ်းမှ သွေဖီခြင်းအတွင် ဆုံးမဩဝါဒပေးသော ရှင်ပေါလု၏ ရင်တွင်းဖြစ်စကား ဖြစ်သည်။ N. Darby ၁။ စံတော်မီ ဝိသေသလက္ခဏာ လူတိုင်းချစ်ခင်သူ၏ နောက်ဆုံးပြောစကားကို ပညာရှိများက ချီးမွမ်းလေ့ရှိသည်။ တိမောသေ ဒုတိယစာစောင်သည် ပေါလု၏ နောက်ဆုံးစကားဖြစ်သည်ဟု တိကျစွာ မဆိုနိုင်သော်လည်း နောက်ဆုံးရေးသော စာစောင်ဖြစ်ကြောင်း နားလည်ကြသည်။ လက်ထောက်ဖြစ်သူ...

  • တိမောသေသြဝါဒဒုတိယစောင် ၁

    ၁။ တိမောသေသို့ နှုတ်ခွန်းဆက်ခြင်း (၁:၁–၅) ၁:၁ ရှင်ပေါလုက သူ့ကိုယ်သူ ယေရှုခရစ်တော်၏ တမန်တော်တပါးအဖြစ် မိတ်ဆက်ထားသည်။ သခင်ဘုရား အထူးတာဝန်ပေးသူ ဖြစ်သည်။ ဤရာထူးကို လူများကသော်၎င်း၊ လူများကို အသုံးပြုခြင်းဖြင့်၎င်း ချီးမြှင့်ခြင်းမဟုတ်။ အလိုတော်ရှိ၍ တိုက်ရိုက်စီမံခွဲခန့်ခြင်း ဖြစ်သည်။ ပေါလုကိုယ်တိုင်ကလည်း “ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်”ဟု ဝန်ခံထားသည်။ ယေရှုခရစ်တော်ကို ယုံကြည်သူတိုင်း ထာဝရအသက်ရ...