Category: ရောမသြဝါဒစာ

  • ရောမသြဝါဒစာ ၉

    ၂။ သတင်းကောင်းဖြန့်ဝေခြင်း–သတင်းကောင်းနှင့် ဣသရေလ (အခန်း ၉–၁ဝ) (က) ဣသရေလ၏ အတိတ်ကာလ (အခန်း၉) အခန်း ၉ မှ ၁၁ သည် ယုဒလူများ၏ အမေးစကား ဖြေကြားချက် ဖြစ်ပါသည်။ ”ယုဒလူမျိုးဖြစ်စေ တပါးအမျိုးသားဖြစ်စေ ကယ်တင်ခြင်း၌ အတူတူဖြစ်သည်”ဟူသော ဧဝံရဂေလိ တရားသွန်သင်ချက်သည် ရွေးကောက်တော်မူထားသော လောကလူမျိုးတော် အပေါ်ကတိတော်အား ဘုရားသခင်အား ချိုးဖောက်ခြင်းလားဟူသည့် မေးခွန်းဖြစ်သည်။...

  • ရောမသြဝါဒစာ ၁၀

    (ခ) ဣသရေလ၏ ပစ္စပ္ပုန်ကာလ (အခန်း ၁ဝ) ၁ဝ:၁ ပေါလု၏သွန်သင်ချက်သည်အသက်တာမပြောင်းလဲသေးသော ယုဒများအတွက် အရသာစူးရှသည်။ သို့ကြောင့်ဖောက်ပြန်ရေးသမား၊ ဣသရေလ တို့၏ပစ်မှတ်အဖြစ်သဘောထား သည်။ ဤကျမ်းပိုဒ်တွင်ထိုသို့အသက်တာမပြောင်းလဲ၊ စိတ်သဘောယိုင်နွမ်းသူများအား ကယ်တင် ခြင်းရရှိစေလိုသောစေတနာဖြင့် ပေါလုကမေတ္တာပို့သဆုတောင်းပေးပါသည်။ ၁ဝ:၂ ဣသရေလများသည်ဘုရားတရားကိုင်းရှိုင်းသူများဖြစ်သည်ဟု တမန်တော်ကြီးက အသိအမှတ်ပြုထားသည်။ ထိုစကားမှာယုဒဘာသာရေး ထုံးတန်းစဉ်လာ၌ ကြည်ညို ကိုင်းရှိုင်းခြင်းကို ဆိုလိုသည်။ သို့သော်လည်း ထိုကြည်ညိုကိုင်းရှိုင်းရုံမျှနှင့် မလုံလောက်။...

  • ရောမသြဝါဒစာ ၁၁

    (ဂ) ဣသရေလ၏ အနာဂတ် (အခန်း၁၁) ၁၁:၁ ဣသရေလတို့၏ အနာဂတ်ကံကြမ္မာသည်မည်သို့ရှိစ။ အချို့ကျမ်းပိုဒ်သွန်သင်ချက်များ တွင်ဣသရေလလူမျိုးသို့ပြုခဲ့သော ကတိတော်များကိုအသင်းတော်ဖြင့် အစားထိုးသည်ဟု ဆိုကြသည်။ မှန်ကန်ပါသလား။ အခန်းကြီး၁၁သည်ထိုသဘောထားအမြင် သက်ရောက်ပါသည်။ ရှင်းရှင်းပြောရလျှင် ရွေးကောက်တော်မူထားသော လူမျိုးတော်အားဘုရားသခင်က လုံးလုံးလျားလျားပစ်ပယ်လိုက်ပြီလား။ ဣသရေလအမျိုးသားတို့အား ပထုတ်လိုက်ပြီလား။ လုံးဝမဟုတ်ပါ။ ဣသရေ လလူမျိုးအားလူမျိုးတော်အဖြစ်မှ ဖယ်ရှားသော်လည်းလုံးဝပစ်ပယ် ခြင်းမဟုတ်ပါ။ ထိုသို လုံးဝပစ်ပယ်ခြင်းမဟုတ်ကြောင်းပေါလုအသက်တာကိုယ်တိုင်ဖြင့်သိရှိသည်။ အာဗြဟံ၏အနွယ်ဗင်္ယာမိန် မျိုုးနွယ်...