ရှင်ယုဒဩဝါဒစာ နိဒန်း
”စာနည်းပါးသော်လည်း ကောင်းကင်နိုင်ငံကျေးဇူးတော် အပြည့အလျှံဖြည့်သိပ်ထားသည်။ ” Origen ၁။ စံတော်မှီဝိသေသလက္ခဏာ ရှင်လုကာက ခရစ်တော်၏ တပည့်တော် တစ်ပါးသဖွယ် ခရစ်ယာန်သမိုင်းကြောင်းကို ရေးသားနိုင်သကဲ့သို့ တမန်တော်များ၏ လုပ်ဆောင်ချက်များဟု ခေါ်ဆိုအပ်သည့် ဓမ္မာသစ်ကျမ်း နောက်ဆုံးကျမ်းစာကို ရှင်ယုဒရေးသားခဲ့ ပါသည်။ ဤဩဝါဒစာသည် ခရစ်ယာန်ထု အပေါင်းအတွက် ရည်ရွယ်ရေးသားခြင်း ဖြစ်သည်။ လွဲမှားသောသွန်သင်ချက် များရောက်လာနိုင်သဖြင့် သန့်ရှင်းသူများ၏ ကယ်တင်ခြင်းအား မနစ်နာစေရန်...