ရှင်လုကာခရစ်ဝင် ၁၇
၉။ လူသားတော်က တပည့်တော်များသို့သွန်သင်ညွှန်ကြားချက် (၁၇:၁-၁၉:၂၇) (က) အပြစ်၏ ဘေးအန္တရာယ် (၁၇:၁-၂) ၁၇:၁-၂ ဤအခန်းသည် ဝိညာဉ်ရေးရာ မပီဝိုးတဝါး မထင်ရှားဟုဆိုနိုင်သည်။ ဘာသာ ရပ်ပေါင်းစုံအပိုင်းအစများ တင်ပြထားသည်။ သို့သော် အခန်း ၁၆တွင် ဖော်ပြသော သူဌေးကြီး၏ ပုံဥပမာ နှင့် အချိတ်အဆက်ရှိပါသည်။ စည်းစိမ်ဥစ္စာ ဇိမ်ခံခြင်းသည်ယုံကြည်ခြင်းနုနယ်သူများအား အဟန့်အတား အနှောင့်ယှက်ဖြစ်စေပါသည်။ လူချမ်းသာသည် ခရစ်ယာန်ဖြစ်လျှင်...