ရှင်လုကာခရစ်ဝင် ၂၀
(င) လူသားတော်၏ အခွင့်အာဏာကို စစ်ဆေးခြင်း (၂၀:၁-၈) ၂၀:၁-၂ သခင်ဘုရားက ဗိမာန်တော်တွင် လူထုပရိသတ်ကြီးအား မမောနိုင်မပန်းနိုင် သတင်းကောင်းဟောကြားနေပုံကို မျက်စိထဲတွင် မြင်ယောင်ကြည့်ပါ။ ထိုသို့ချွေးတလုံးလုံး၊ သံတလုံးလုံး ဖြင့် သွန်သင်သော အခါ ဣသရေလခေါင်းဆောင်များက ထိုတရားဒေသနာအားမည်သူ့အမိန့်အာဏာဖြင့် ဟောကြားသနည်းဟု စိန်ခေါ်ကြသည်။ ဣသရေလများက ယေရှုကို မထင်မရှားနာဇရက်လက်သမား၏ သား၊ ရေးတတ်ဖတ်တတ်အဆင့်ရှိသူ၊ ဘယ်ဓမ္မတက္ကသိုလ်ကမှ ဘွဲ့မရသူမည်သည့်ကျောင်းမှ ပညာတတ်...