ရောမသြဝါဒစာ ၁
၁။ ယုံကြည်ချက် ဘုရားသခင်၏သတင်းကောင်း (အခန်း၁–၈) (က) သတင်းကောင်းမိတ်ဆက် (၁:၁–၁၅) ၁:၁ ဒမာသက်လမ်းတွင် ဘုရားရှင်ကသီးသန့်ခေါ်ယူခြင်းကို အကြောင်းပြု၍ ပေါလုသည်သူ့ကိုယ်သူအား ဘုရားသခင်၏ငယ်ကျွန်အဖြစ်ခံယူသည်။ တပါးအမျိုးသားများထံသို့ ဧဝံဂေလိဟောပြောရန် (တ၉:၁၅၊၁၃:၁၂) သီးသန့်ခေါ်ယူခြင်းဖြစ်သည်ဟု ခံယူသည်။ ထိုကဲ့သို့ပင် ယနေ့ယုံကြည်သူများသည်လည်း ရောက်လေရာအရပ်မှာ ဧဝံဂေလိသတင်းဟောကြားရန် အသွေးတော်ဖြင့် သန့်သန့်လေးရွေးဝယ်သူများဖြစ်သည်။ ၁:၂ ဧဝံဂေလိသတင်းစကားသည် ယုဒပရိတ်သတ်များအတွက် အသစ်အဆန်းဖြစ်သည်။ ရှေးပရောဖတ်များ၏...