ရောမသြဝါဒစာ ၇
(စျ) ယုံကြည်သူအသက်တာနှင့်ပညတ်တရား (အခန်း၇) တမန်တော်ပေါလုက ယုံကြည်သူများနှင့် ပညတ်တရား မည်သို့ပက်သတ်သနည်းဟု မေးထားသည်။ အထူးသဖြင့် ယုံကြည်သူ ယုဒအမျိုးသားများအား သိရှိစေလိုသောကြောင့် အမေးအဖြေပုံစံဖြင့် ရှင်းပြခြင်းဖြစ်နိုင်သည်။ အဓိကအားဖြင့် ပညတ်တရားသည် ယုဒအမျိုးသားများ၏ လက်စွဲခံယူချက်ဖြစ်သည်။ သို့သော်လည်း ဘုမသိဘမသိ တပါးအမျိုးသားများက မိမိကိုယ်ကို ပညတ်တရားအောက်သို့ တွန်းပို့ကြသည်။ အခန်း၆တွင် အပြစ်၏အုပ်စိုမင်းမူမှုသည် ဘုရားသခင်၏ ကျေးဇူးတော်၌နိဂုံးချုပ် သွားပြီဟု...