ရောမသြဝါဒစာ ၁၀
(ခ) ဣသရေလ၏ ပစ္စပ္ပုန်ကာလ (အခန်း ၁ဝ) ၁ဝ:၁ ပေါလု၏သွန်သင်ချက်သည်အသက်တာမပြောင်းလဲသေးသော ယုဒများအတွက် အရသာစူးရှသည်။ သို့ကြောင့်ဖောက်ပြန်ရေးသမား၊ ဣသရေလ တို့၏ပစ်မှတ်အဖြစ်သဘောထား သည်။ ဤကျမ်းပိုဒ်တွင်ထိုသို့အသက်တာမပြောင်းလဲ၊ စိတ်သဘောယိုင်နွမ်းသူများအား ကယ်တင် ခြင်းရရှိစေလိုသောစေတနာဖြင့် ပေါလုကမေတ္တာပို့သဆုတောင်းပေးပါသည်။ ၁ဝ:၂ ဣသရေလများသည်ဘုရားတရားကိုင်းရှိုင်းသူများဖြစ်သည်ဟု တမန်တော်ကြီးက အသိအမှတ်ပြုထားသည်။ ထိုစကားမှာယုဒဘာသာရေး ထုံးတန်းစဉ်လာ၌ ကြည်ညို ကိုင်းရှိုင်းခြင်းကို ဆိုလိုသည်။ သို့သော်လည်း ထိုကြည်ညိုကိုင်းရှိုင်းရုံမျှနှင့် မလုံလောက်။...