တိမောသေသြဝါဒစာပဌမစောင် ၁
၁။ နှုတ်ခွန်းဆက်ခြင်း (၁:၁–၂) ၁:၁ ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရှင်ပေါလုက သူ့ကိုယ်သူမိတ်ဆက်ထားပါသည်။ တမန်တော်ဆိုသည်မှာ ဘုရားသခင်က စေလွှတ်သည့် အမှုတော်မြတ်၌ ဆက်ကပ်သူဖြစ်သည်။ ထို့ကြောင့် “ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်နှင့် ငါတို့မျှော်လင့်ခြင်းအကြောင်းဖြစ်သော ယေရှုသည် ခရစ်တော်၏ ပညတ်တော်အားဖြင့်”ဟု အစချီထားသည်။ ဆိုလိုသည်မှာ အမှုတော်မြတ်ထမ်းဆောင်ရန် ပေါလုကိုယ်တိုင်ရွေးချယ်ခြင်း အခြားလူများက ခန့်အပ်ခြင်းမဟုတ်ပါ။ ဘုရားသခင်က ဟောပြောရန်၊...